iMyanmarHouse.com - Best Property Website for Myanmar
×


ခႏၶာကိုယ္မသန္းမစြမ္းျဖစ္ေနတဲ့သူေတြကို ပုံစုံမ်ိဳးစုံနဲ႔ ေဖးမကူညီေနတဲ့ အဖြဲ႕ေတြ ကမၻာတစ္ဝွမ္းမွာ မေရမတြက္နိုင္ေအာင္ ရွိေနပါတယ္။ ဒါေပမယ့္ ထိုင္ဝမ္နိုင္ငံက အမ်ိဳးသမီးေလးမ်ားပါဝင္တဲ့ “နတ္သမီးလက္တစ္စုံ” အဖြဲ႕ကေတာ့ ဘယ္သူနဲ႔မွမတူညီတဲ့ ပုံစံနဲ႔ မသန္မစြမ္းျဖစ္ေနသူေတြကို ကူညီသြားမွာျဖစ္ပါတယ္။

“နတ္သမီးလက္တစ္စုံ” အဖြဲ႕ဟာ မသန္မစြမ္းျဖစ္ေနသူေတြရဲ့ ကာမဆႏၵေျဖေလၽွာ့မွုကို သူတို႔ရဲ့ လက္ေတြနဲ႔ ကူညီေျဖရွင္းေပးသြားမွာ ျဖစ္ၿပီး အဲဒီအတြက္ အခေၾကးေငြ တစ္ျပားတစ္ခ်ပ္မၽွမယူပဲ ပရဟိတသက္သက္ ေဆာင္ရြက္ေပးသြားမွာ ျဖစ္ေၾကာင္း အဖြဲ႕ကိုထူေထာင္သူ ဗင္းဆင့္ ဆိုသူအမ်ိဳးသားက ဘီဘီစီသတင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။


ဗင္းဆင့္ကိုယ္တိုင္ကလည္း ပိုလီရိုေရာဂါေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္း ေသခဲ့သူတစ္ဦးျဖစ္ခဲ့ၿပီး ဘီးတပ္ကုလားထိုင္ျဖင့္သာ ရွင္သန္ျဖတ္သန္းခဲ့ရသည္။ သူ႔ရဲ့ ကိုယ္ေတြ႕ အေတြ႕ၾကဳံခံစားမွုမ်ားအရ အျခားမသန္မစြမ္းမ်ားလည္း ဘယ္အရာေတြကို ကိုယ္တိုင္မစြမ္းေဆာင္နိုင္လဲဆိုတာ သိရွိၿပီး သူတို႔ကိုယ္တိုင္ ကာမဆႏၵျဖည့္ဆည္းဖို႔ မစြမ္းနိုင္တဲ့ မသန္မစြမ္းမ်ားကို “နတ္သမီးလက္တစ္စုံ” က ကူညီျဖည့္ဆည္းေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

သူရဲ့ ပရဟိတအသင္းမွာ ပါဝင္ကူညီၾကတဲ့ အမ်ိဳးသမီးမ်ားႏွင့္ ၆ လခန႔္ တိုင္ပင္ေဆြးေႏြးထားၿပီး အဆိုပါ မသန္စြမ္းသူမ်ား အကူညီရယူ လက္ခံလာေအာင္ ခ်ည္းကပ္နိုင္မယ့္နည္းလမ္းမ်ားကိုလည္း ေျပာျပထားၿပီးျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါလုပ္ရပ္ကို ေဝဖန္သူမ်ားက ျပည့္တန္ဆာလုပ္ငန္းနဲ႔ မျခားနားပါဘူးဟု ေျပာဆိုေနၾကၿပီး သူတို႔အဖြဲ႕ကေတာ့ သူတို႔လုပ္မယ့္အစီစဥ္ကို ထိုင္ဝမ္မွာ တရားဝင္ျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။

“နတ္သမီးလက္တစ္စုံ” အဖြဲ႕ဝင္အမ်ိဳးသမီးတစ္ဦးျဖစ္သူ ‘အနန္’ က ဘီဘီစီနဲ႔ေတြ႕ဆုံစဥ္ “သူတို႔က ကၽြန္မတို႔ကို ျပည့္တန္ဆာလို႔ ထင္မယ္ဆိုရင္လဲ ျပည့္တန္ဆာေပါ့ ဒါက ကၽြန္မအတြက္ ျပႆနာမရွိပါဘူး။ အျခားေဖာင္ေဒးရွင္းေတြ အမ်ားႀကီးရွိပါတယ္၊ ဘာသာေရးအဖြဲ႕တို႔ မိဘမ်ားအဖြဲ႕တို႔ စသည္ျဖင့္ေပါ့ေလ။ သူတို႔က လူေတြက္ အလုပ္ရေအာင္၊ ကိုယ့္ဟာကိုယ္ရပ္တည္နိုင္ေအာင္ ကူညီေပးေနၾကပါတယ္ ဒါေပမယ့္ အဲဒီလူေတြရဲ့ လိင္ပိုင္းဆိုင္ရာ အခြင့္အေရးနဲ႔ ပက္သက္တာကိုေတာ့ မစဥ္းစားေပးၾကဘူး၊ ကၽြန္မတို႔က အခု ဒါကိုလုပ္ေဆာင္ေနတာပါ” ဟု ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay.

# Unicode Version ျဖင့္ ဖတ္ပါ #
 ခန္ဓာကိုယ်မသန်းမစွမ်းဖြစ်နေတဲ့သူတွေကို ပုံစုံမျိုးစုံနဲ့ ဖေးမကူညီနေတဲ့ အဖွဲ့တွေ ကမ္ဘာတစ်ဝှမ်းမှာ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါပေမယ့် ထိုင်ဝမ်နိုင်ငံက အမျိုးသမီးလေးများပါဝင်တဲ့ “နတ်သမီးလက်တစ်စုံ” အဖွဲ့ကတော့ ဘယ်သူနဲ့မှမတူညီတဲ့ ပုံစံနဲ့ မသန်မစွမ်းဖြစ်နေသူတွေကို ကူညီသွားမှာဖြစ်ပါတယ်။

“နတ်သမီးလက်တစ်စုံ” အဖွဲ့ဟာ မသန်မစွမ်းဖြစ်နေသူတွေရဲ့ ကာမဆန္ဒဖြေလျှော့မှုကို သူတို့ရဲ့ လက်တွေနဲ့ ကူညီဖြေရှင်းပေးသွားမှာ ဖြစ်ပြီး အဲဒီအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှမယူပဲ ပရဟိတသက်သက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း အဖွဲ့ကိုထူထောင်သူ ဗင်းဆင့် ဆိုသူအမျိုးသားက ဘီဘီစီသတင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။


ဗင်းဆင့်ကိုယ်တိုင်ကလည်း ပိုလီရိုရောဂါကြောင့် ခန္ဓာကိုယ်အောက်ပိုင်း သေခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ဘီးတပ်ကုလားထိုင်ဖြင့်သာ ရှင်သန်ဖြတ်သန်းခဲ့ရသည်။ သူ့ရဲ့ ကိုယ်တွေ့ အတွေ့ကြုံခံစားမှုများအရ အခြားမသန်မစွမ်းများလည်း ဘယ်အရာတွေကို ကိုယ်တိုင်မစွမ်းဆောင်နိုင်လဲဆိုတာ သိရှိပြီး သူတို့ကိုယ်တိုင် ကာမဆန္ဒဖြည့်ဆည်းဖို့ မစွမ်းနိုင်တဲ့ မသန်မစွမ်းများကို “နတ်သမီးလက်တစ်စုံ” က ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူရဲ့ ပရဟိတအသင်းမှာ ပါဝင်ကူညီကြတဲ့ အမျိုးသမီးများနှင့် ၆ လခန့် တိုင်ပင်ဆွေးနွေးထားပြီး အဆိုပါ မသန်စွမ်းသူများ အကူညီရယူ လက်ခံလာအောင် ချည်းကပ်နိုင်မယ့်နည်းလမ်းများကိုလည်း ပြောပြထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ရပ်ကို ဝေဖန်သူများက ပြည့်တန်ဆာလုပ်ငန်းနဲ့ မခြားနားပါဘူးဟု ပြောဆိုနေကြပြီး သူတို့အဖွဲ့ကတော့ သူတို့လုပ်မယ့်အစီစဉ်ကို ထိုင်ဝမ်မှာ တရားဝင်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

“နတ်သမီးလက်တစ်စုံ” အဖွဲ့ဝင်အမျိုးသမီးတစ်ဦးဖြစ်သူ ‘အနန်’ က ဘီဘီစီနဲ့တွေ့ဆုံစဉ် “သူတို့က ကျွန်မတို့ကို ပြည့်တန်ဆာလို့ ထင်မယ်ဆိုရင်လဲ ပြည့်တန်ဆာပေါ့ ဒါက ကျွန်မအတွက် ပြဿနာမရှိပါဘူး။ အခြားဖောင်ဒေးရှင်းတွေ အများကြီးရှိပါတယ်၊ ဘာသာရေးအဖွဲ့တို့ မိဘများအဖွဲ့တို့ စသည်ဖြင့်ပေါ့လေ။ သူတို့က လူတွေက် အလုပ်ရအောင်၊ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်အောင် ကူညီပေးနေကြပါတယ် ဒါပေမယ့် အဲဒီလူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးနဲ့ ပက်သက်တာကိုတော့ မစဉ်းစားပေးကြဘူး၊ ကျွန်မတို့က အခု ဒါကိုလုပ်ဆောင်နေတာပါ” ဟု ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top