လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ထုိင္းႏုိင္ငံ ပတၱယားကမ္းေျခကုိ အေနာက္မီဒီယာေတြက အာရွတုိက္ရဲ႕ အႀကီးမားဆုံးနဲ႔ ေစ်းအခ်ိဳဆုံး လိင္ေစ်းကြက္ႀကီးလုိ႔ ေဖာ္ျပၾကပါတယ္။ Good guys go to heaven, bad guys go to Pattaya (လူေကာင္းေတြက နတ္ျပည္သြားမယ္ … လူဆုိေတြက ပတၱယားကို သြားမယ္) ဆုိတဲ့ စကားပုံေလးေတာင္ ခရီးသြားေတြအေပၚမွာ အလြန္႐ုိက္ခက္မႈ ရွိခဲ့တဲ့အထိ ပတၱယားက နာမည္ႀကီးပါတယ္။

Walking Street လုိ႔ အမည္ေပးထားတဲ့ ပတၱယားညေစ်းတန္း လမ္းမေလးဟာ ညေနေနဝင္ရီတေရာအခ်ိန္ေရာက္ရင္ အလုိလုိ ျမဴးၾကြတဲ့ဆုိင္းသံေလးေတြနဲ႔ လႈပ္ရွားသက္ဝင္လာၿပီး ပင္လယ္ျပင္ႀကီးရဲ႕ ေႏြးေထြးတဲ့ ေလေျပေလညႇင္းေတြနဲ႔အတူ ၾကမ္းရွရွ သဲေသာင္ျပင္ရဲ႕ အထိအေတြ႕၊ သမုဒၵရာတစ္ဖက္မွာ ငုပ္လွ်ိဳးဖုိ႔ျပင္ဆင္ေနတဲ့ ေနမင္းႀကီးရဲ႕ သဘာဝအလွတရားဟာ ကမာၻအလွဆုံးေတြထဲမွာ တစ္ခု ပါဝင္ပါလိမ့္မယ္။

ဆည္းဆာခ်ိန္ ေက်ာ္လြန္တဲ့အခါ ေစ်းအခ်ိဳဆုံး ယမကာေတြ၊ ပင္လယ္စာေရာင္းခ်တဲ့ဆုိင္ေတြ၊ ႐ုိးရာအစားအစာ ေရာင္းခ်တဲ့ဆုိင္ေတြ၊ ကလပ္ေတြရဲ႕ စြဲေဆာင္မႈေတြဟာ ရီေဝေဝ တရိပ္ရိပ္ တက္ေနတဲ့သူတစ္ေယာက္ရဲ႕ စိတ္ႏွလုံးကို တစ္စုံတစ္ခုေသာ ဆာေလာင္မႈေတြ ေပးစြမ္းမွာပါ။ ဒါဟာ ပတၱယားရဲ႕ သဘာဝပါဘဲ။

လမ္းေဘးဝဲယာမွာ ညဥ့္ငွက္မေလးေတြ ေဒါင့္ျမင့္ဖိနပ္ေတြနဲ႔ လမ္းေဘးတစ္ေနရာမွာ စုၿပဳံေနရာယူေနၾကၿပီး၊ ဆာေလာင္ငတ္မြတ္ေနတဲ့ အမ်ိဳးသားဧည့္သည္ေတြကို ပူေလာင္တဲ့အေတြ႕အထိအရသာနဲ႔ ေျဖသိမ့္ေပးဖုိ႔ ေစ်းေခၚေနၾကပါၿပီ။ ေစ်းက အမ်ားႀကီး မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ ညႇိႏုိင္းလုိ႔အဆင္ေျပရင္ ေပါင္ အနည္းငယ္နဲ႔ ေတာင့္တမႈေတြရဲ႕ ရမၼက္မီးကို ၿငိႇမ္းသက္ေပးခြင့္ ရမွာပါ။

” ရွင္ ၾကြရြလွပေနတဲ့ ေကာင္မေလးတစ္ေယာက္ကို သေဘာမက်ဘူးလား “ဆုိတဲ့ ပုံမွန္အားျဖင့္ ညဳတုတု ခၽြဲျပစ္ျပစ္ႏုိင္တဲ့ စကားသံေလးေတြဟာ လမ္းေဘးတစ္ဘက္တစ္ခ်က္ဆီက လက္တုိ႔ေခါင္းေလာင္းသံေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးငယ္ငယ္ေလးေတြဟာ သူတုိ႔အလွကို ေဖာ္ႏုိင္သမွ် ေဖာ္ျပၾကၿပီး၊ ရမၼက္တုိ႔ကုိ ႏႈိးဆြေနပါတယ္။

ႏုိက္ကလပ္ေတြဆီက ျမဴးၾကြေနတဲ့ ေတးသံေတြဟာ သင့္ရဲ႕ အကဝါသနာကို ႏိႈးဆြေပးမွာျဖစ္ၿပီး၊ အဲဒီမွာ ဝတ္လွစ္စလွစ္နီးပါးျဖစ္ေနတဲ့ တုိင္ပတ္အကမယ္ေတြ၊ မာဆက္ဝန္ေဆာင္မႈေပးမယ့္ အမ်ိဳးသမီးငယ္ငယ္ေတြ၊ တစ္ညတာ အေပ်ာ္ရွာလုိ႔ရတဲ့ ေစ်းႏႈန္းသင့္တင့္တဲ့ အေပ်ာ္ေလးေတြက သင့္စိတ္ကုိ ခ်ီတုံခ်တုံ ျဖစ္ေစမွာ အမွန္ပါဘဲ။

မၾကာေသးခင္ကမွ ၿဗိတိန္ မူးယစ္တရားခံေျပး  Reece Vella ဟာ ပတၱယားကို ေရာက္ရွိပုန္းခုိေနခဲ့ၿပီး၊ ေနာက္ဆက္တြဲ ျပစ္မႈတစ္ခုကုိ က်ဴးလြန္လုိ႔ ရဲက ဖမ္းဆီးထားပါၿပီ။ သူဟာ ထုိင္းအေပ်ာ္မယ္ေလးတစ္ဦးကို ေခၚယူေပ်ာ္ပါးရာက လူသတ္မႈကိုပါ ဆက္လက္က်ဴးလြန္ခဲ့ၿပီးရဲက စစ္ေဆးခဲ့ပါတယ္။ အခုေတာ့ သူ႕ကုိ ျပစ္မႈမ်ားစြာနဲ႔ ၿဗိတိန္ဆီကို လႊဲေျပာင္းေပးခဲ့လုိ႔ ေထာင္နန္းစံေနရပါၿပီ။ ဒါဟာ ရာဇဝင္လူဆုိေတြ ပတၱယားမွာ ေျခရာလာေဖ်ာက္ေလ့ရွိတဲ့ သေဘာသဘာဝကုိ ျမင္သာေစပါတယ္။

ထုိင္းႏုိင္ငံမွာ ျပည့္တန္ဆာ စာရင္းေကာက္ယူမႈကုိ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက ျပဳလုပ္ခဲ့ေပမယ့္ စာရင္းအတိအက် မသိရေသးပါဘူး။ အေၾကာင္းကေတာ့ ကၽြန္မက ျပည့္တန္ဆာပါလုိ႔ ဘယ္သူကမွ အေၾကာင္းအရင္း တစ္စုံတရာမရွိဘဲ လာေရာက္ထြက္ဆုိမွာ မဟုတ္လုိ႔ပါ။ ဒါေပမယ့္ တြက္ခ်က္မႈေတြအရေတာ့ ျပည့္တန္ဆာ (၂.၈)သန္းအထိ ရွိႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဒီအထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးျပည့္တန္ဆာ (၄)ေသာင္းေက်ာ္ ပါဝင္ေနၿပီး၊ တစ္နည္းနည္းနဲ႔ လိင္လုပ္ငန္းလုပ္ေဆာင္ဖုိ႔ အတင္းအၾကပ္ေစခုိင္းခံထားရသူေတြ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံဟာ လိင္လုပ္ငန္းေတြကတစ္ဆင့္ သြယ္ဝုိက္ရရွိတဲ့ ဝင္ေငြဟာ ေပါင္ (၄.၅)ဘီလီယံအထိ ရွိေနၿပီး၊ GDP ရဲ႕ (၁၀)%ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပတၱယားနဲ႔ ဖူးခတ္ကမ္းေျခကဲ့သုိ႔ေသာ ေနရာေတြမွာ လိင္လုပ္ငန္းေတြဟာ တရားဝင္လုပ္ငန္းေတြလုိ႔ေတာင္ ေျပာလုိ႔ရေနပါတယ္။

ပတၱယားကမ္းေျခတစ္ခုတည္းမွာပင္ ဘားနဲ႔ မာဆက္လုပ္ငန္းလုပ္ကုိင္တဲ့ေနရာ (၁၀၀၀)ေက်ာ္ ရွိၿပီး၊ ျပည့္တန္ဆာေပါင္း (၂၇၀၀၀)အထိ ရွိေနတယ္လုိ႔ ထုိင္းရဲက ဆုိေပမယ့္ အစုိးရကုိယ္တုိင္က အတင္းအၾကပ္ တားဆီးပိတ္ပင္ဖုိ႔ မႀကိဳးစားေတာ့ပါဘူး။ ဒါေၾကာင့္ အခြန္ေဆာင္တဲ့သူေတြဟာ တရားဝင္လုိင္စင္ရထားတဲ့သူေတြလုိ႔ Human Help Network Foundation Thailand တာဝန္ရွိသူက ဆုိပါတယ္။

(၂၀၁၆)ခုႏွစ္မွာ အမ်ိဳးသမီး ဟုိတယ္ခရီးဝန္ႀကီးအသစ္က ဒီလိင္ပိုင္းဆုိင္ရာလုပ္ငန္းေတြကို တုိက္ဖ်က္သြားမယ္လုိ႔ လက္သီးလက္ေမာင္းတန္းၿပီး ေၾကျငာခဲ့ဖူးေပမယ့္ ထိေရာက္တဲ့ေျဖရွင္းမႈေတြ တစ္ခုမွ မလုပ္ႏုိင္ေသးျခင္းက ပ်က္ရယ္ျပဳစရာ ျဖစ္ေနပါတယ္။ ဒါေပမယ့္ တစ္ဖက္ကေန ၾကည့္ရင္ ဒီေလာက္ခုိင္မာတဲ့ ေငြအုိးႀကီးကို ဘယ္သူက ႐ုိက္ခြဲခ်င္မွာလဲေလ။

အခုေတာ့ ပတၱယားနဲ႔ ဖူးခတ္ကမ္းေျခတစ္ဝုိက္မွာ ခရီးသြားေတြ သန္းနဲ႔ခ်ီ ႏွစ္စဥ္ဝင္ေရာက္ေနသလုိ၊ တုိင္းျပည္ဝင္ေငြ ဘီလီယံနဲ႔ခ်ီ ရရွိေနတယ္ဆုိတာ အစုိးရဘက္က ျငင္းလုိ႔မရတဲ့ သာဓကေတြပါ။ ခရီးသြားေတြဟာ ပင္လယ္ျပာျပာ ေရျပင္မွာ ကူးခတ္၊ အုန္းရည္နဲ႔ သေဘၤာသီးေထာင္းကုိစား၊ ညအခါ ေပ်ာ္ပါးၿပီး ျပန္သြားၾကေပမယ့္၊ လိင္အလုပ္သမေလးေတြရဲ႕ ဘဝအေျခအေနကေတာ့ ဒုံရင္းက ဒုံရင္းပါဘဲ။ သူတုိ႔တစ္ေတြဟာ အခုအခ်ိန္ထိ ေဖာက္သည္ရွာေနၾကဆဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mirror.co.uk

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေကို အနောက်မီဒီယာတွေက အာရှတိုက်ရဲ့ အကြီးမားဆုံးနဲ့ ဈေးအချိုဆုံး လိင်ဈေးကွက်ကြီးလို့ ဖော်ပြကြပါတယ်။ Good guys go to heaven, bad guys go to Pattaya (လူကောင်းတွေက နတ်ပြည်သွားမယ် … လူဆိုတွေက ပတ္တယားကို သွားမယ်) ဆိုတဲ့ စကားပုံလေးတောင် ခရီးသွားတွေအပေါ်မှာ အလွန်ရိုက်ခက်မှု ရှိခဲ့တဲ့အထိ ပတ္တယားက နာမည်ကြီးပါတယ်။

Walking Street လို့ အမည်ပေးထားတဲ့ ပတ္တယားညဈေးတန်း လမ်းမလေးဟာ ညနေနေဝင်ရီတရောအချိန်ရောက်ရင် အလိုလို မြူးကြွတဲ့ဆိုင်းသံလေးတွေနဲ့ လှုပ်ရှားသက်ဝင်လာပြီး ပင်လယ်ပြင်ကြီးရဲ့ နွေးထွေးတဲ့ လေပြေလေညှင်းတွေနဲ့အတူ ကြမ်းရှရှ သဲသောင်ပြင်ရဲ့ အထိအတွေ့၊ သမုဒ္ဒရာတစ်ဖက်မှာ ငုပ်လျှိုးဖို့ပြင်ဆင်နေတဲ့ နေမင်းကြီးရဲ့ သဘာဝအလှတရားဟာ ကမ္ဘာအလှဆုံးတွေထဲမှာ တစ်ခု ပါဝင်ပါလိမ့်မယ်။

ဆည်းဆာချိန် ကျော်လွန်တဲ့အခါ ဈေးအချိုဆုံး ယမကာတွေ၊ ပင်လယ်စာရောင်းချတဲ့ဆိုင်တွေ၊ ရိုးရာအစားအစာ ရောင်းချတဲ့ဆိုင်တွေ၊ ကလပ်တွေရဲ့ စွဲဆောင်မှုတွေဟာ ရီဝေဝေ တရိပ်ရိပ် တက်နေတဲ့သူတစ်ယောက်ရဲ့ စိတ်နှလုံးကို တစ်စုံတစ်ခုသော ဆာလောင်မှုတွေ ပေးစွမ်းမှာပါ။ ဒါဟာ ပတ္တယားရဲ့ သဘာဝပါဘဲ။

လမ်းဘေးဝဲယာမှာ ညဉ့်ငှက်မလေးတွေ ဒေါင့်မြင့်ဖိနပ်တွေနဲ့ လမ်းဘေးတစ်နေရာမှာ စုပြုံနေရာယူနေကြပြီး၊ ဆာလောင်ငတ်မွတ်နေတဲ့ အမျိုးသားဧည့်သည်တွေကို ပူလောင်တဲ့အတွေ့အထိအရသာနဲ့ ဖြေသိမ့်ပေးဖို့ ဈေးခေါ်နေကြပါပြီ။ ဈေးက အများကြီး မဟုတ်ပါဘူး။ တစ်ချို့ ညှိနိုင်းလို့အဆင်ပြေရင် ပေါင် အနည်းငယ်နဲ့ တောင့်တမှုတွေရဲ့ ရမ္မက်မီးကို ငြှိမ်းသက်ပေးခွင့် ရမှာပါ။

” ရှင် ကြွရွလှပနေတဲ့ ကောင်မလေးတစ်ယောက်ကို သဘောမကျဘူးလား “ဆိုတဲ့ ပုံမှန်အားဖြင့် ညုတုတု ချွဲပြစ်ပြစ်နိုင်တဲ့ စကားသံလေးတွေဟာ လမ်းဘေးတစ်ဘက်တစ်ချက်ဆီက လက်တို့ခေါင်းလောင်းသံတွေ ဖြစ်ပါတယ်။ အမျိုးသမီးငယ်ငယ်လေးတွေဟာ သူတို့အလှကို ဖော်နိုင်သမျှ ဖော်ပြကြပြီး၊ ရမ္မက်တို့ကို နှိုးဆွနေပါတယ်။

နိုက်ကလပ်တွေဆီက မြူးကြွနေတဲ့ တေးသံတွေဟာ သင့်ရဲ့ အကဝါသနာကို နှိုးဆွပေးမှာဖြစ်ပြီး၊ အဲဒီမှာ ဝတ်လှစ်စလှစ်နီးပါးဖြစ်နေတဲ့ တိုင်ပတ်အကမယ်တွေ၊ မာဆက်ဝန်ဆောင်မှုပေးမယ့် အမျိုးသမီးငယ်ငယ်တွေ၊ တစ်ညတာ အပျော်ရှာလို့ရတဲ့ ဈေးနှုန်းသင့်တင့်တဲ့ အပျော်လေးတွေက သင့်စိတ်ကို ချီတုံချတုံ ဖြစ်စေမှာ အမှန်ပါဘဲ။

မကြာသေးခင်ကမှ ဗြိတိန် မူးယစ်တရားခံပြေး  Reece Vella ဟာ ပတ္တယားကို ရောက်ရှိပုန်းခိုနေခဲ့ပြီး၊ နောက်ဆက်တွဲ ပြစ်မှုတစ်ခုကို ကျူးလွန်လို့ ရဲက ဖမ်းဆီးထားပါပြီ။ သူဟာ ထိုင်းအပျော်မယ်လေးတစ်ဦးကို ခေါ်ယူပျော်ပါးရာက လူသတ်မှုကိုပါ ဆက်လက်ကျူးလွန်ခဲ့ပြီးရဲက စစ်ဆေးခဲ့ပါတယ်။ အခုတော့ သူ့ကို ပြစ်မှုများစွာနဲ့ ဗြိတိန်ဆီကို လွှဲပြောင်းပေးခဲ့လို့ ထောင်နန်းစံနေရပါပြီ။ ဒါဟာ ရာဇဝင်လူဆိုတွေ ပတ္တယားမှာ ခြေရာလာဖျောက်လေ့ရှိတဲ့ သဘောသဘာဝကို မြင်သာစေပါတယ်။

ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ စာရင်းကောက်ယူမှုကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပြုလုပ်ခဲ့ပေမယ့် စာရင်းအတိအကျ မသိရသေးပါဘူး။ အကြောင်းကတော့ ကျွန်မက ပြည့်တန်ဆာပါလို့ ဘယ်သူကမှ အကြောင်းအရင်း တစ်စုံတရာမရှိဘဲ လာရောက်ထွက်ဆိုမှာ မဟုတ်လို့ပါ။ ဒါပေမယ့် တွက်ချက်မှုတွေအရတော့ ပြည့်တန်ဆာ (၂.၈)သန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးပြည့်တန်ဆာ (၄)သောင်းကျော် ပါဝင်နေပြီး၊ တစ်နည်းနည်းနဲ့ လိင်လုပ်ငန်းလုပ်ဆောင်ဖို့ အတင်းအကြပ်စေခိုင်းခံထားရသူတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ လိင်လုပ်ငန်းတွေကတစ်ဆင့် သွယ်ဝိုက်ရရှိတဲ့ ဝင်ငွေဟာ ပေါင် (၄.၅)ဘီလီယံအထိ ရှိနေပြီး၊ GDP ရဲ့ (၁၀)%ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပတ္တယားနဲ့ ဖူးခတ်ကမ်းခြေကဲ့သို့သော နေရာတွေမှာ လိင်လုပ်ငန်းတွေဟာ တရားဝင်လုပ်ငန်းတွေလို့တောင် ပြောလို့ရနေပါတယ်။

ပတ္တယားကမ်းခြေတစ်ခုတည်းမှာပင် ဘားနဲ့ မာဆက်လုပ်ငန်းလုပ်ကိုင်တဲ့နေရာ (၁၀၀၀)ကျော် ရှိပြီး၊ ပြည့်တန်ဆာပေါင်း (၂၇၀၀၀)အထိ ရှိနေတယ်လို့ ထိုင်းရဲက ဆိုပေမယ့် အစိုးရကိုယ်တိုင်က အတင်းအကြပ် တားဆီးပိတ်ပင်ဖို့ မကြိုးစားတော့ပါဘူး။ ဒါကြောင့် အခွန်ဆောင်တဲ့သူတွေဟာ တရားဝင်လိုင်စင်ရထားတဲ့သူတွေလို့ Human Help Network Foundation Thailand တာဝန်ရှိသူက ဆိုပါတယ်။

(၂၀၁၆)ခုနှစ်မှာ အမျိုးသမီး ဟိုတယ်ခရီးဝန်ကြီးအသစ်က ဒီလိင်ပိုင်းဆိုင်ရာလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ လက်သီးလက်မောင်းတန်းပြီး ကြေငြာခဲ့ဖူးပေမယ့် ထိရောက်တဲ့ဖြေရှင်းမှုတွေ တစ်ခုမှ မလုပ်နိုင်သေးခြင်းက ပျက်ရယ်ပြုစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ဖက်ကနေ ကြည့်ရင် ဒီလောက်ခိုင်မာတဲ့ ငွေအိုးကြီးကို ဘယ်သူက ရိုက်ခွဲချင်မှာလဲလေ။

အခုတော့ ပတ္တယားနဲ့ ဖူးခတ်ကမ်းခြေတစ်ဝိုက်မှာ ခရီးသွားတွေ သန်းနဲ့ချီ နှစ်စဉ်ဝင်ရောက်နေသလို၊ တိုင်းပြည်ဝင်ငွေ ဘီလီယံနဲ့ချီ ရရှိနေတယ်ဆိုတာ အစိုးရဘက်က ငြင်းလို့မရတဲ့ သာဓကတွေပါ။ ခရီးသွားတွေဟာ ပင်လယ်ပြာပြာ ရေပြင်မှာ ကူးခတ်၊ အုန်းရည်နဲ့ သင်္ဘောသီးထောင်းကိုစား၊ ညအခါ ပျော်ပါးပြီး ပြန်သွားကြပေမယ့်၊ လိင်အလုပ်သမလေးတွေရဲ့ ဘဝအခြေအနေကတော့ ဒုံရင်းက ဒုံရင်းပါဘဲ။ သူတို့တစ်တွေဟာ အခုအချိန်ထိ ဖောက်သည်ရှာနေကြဆဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: mirror.co.uk
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top