AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အသက္(၃၂)ႏွစ္အရြယ္ Amanda Nasser အမည္ရ လက္သေကၤတနည္းျပဆရာမ တစ္ေယာက္ဟာ အသက္(၁၅)ႏွစ္အရြယ္ ေက်ာင္းသားေလးတစ္ဦးနဲ႔ ခ်စ္တင္းေႏွာခဲ့တဲ့အတြက္ ေထာင္(၇)ႏွစ္ ခ်မွတ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။ သူမဟာ အဆုိပါ ေက်ာင္းသားကုိ ျပင္ပမွ ခင္မင္ၿပီးေနာက္ လူမႈကြန္ယက္ခ်င္း အဆက္အသြယ္ျပဳခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ Nasser ဟာ ေက်ာင္းသားဆီကုိ အဝတ္မဲ့ဓာတ္ပုံေတြမ်ားစြာ ေပးပို႔ခဲ့ၿပီး၊ ေကာင္ေလးနဲ႔ ခင္မင္မႈ ခုိင္မာေစဖုိ႔ အဆုိပါေကာင္းေလးရဲ႕ မိခင္နဲ႔ သူငယ္ခ်င္းျဖစ္ေအာင္ မိတ္ေဆြဖြဲ႕ခဲ့ပါေသးတယ္။ ယင္းေနာက္မွာေတာ့ ခင္မင္မႈ ဒီဂရီေတြ ျမင့္တက္လာၿပီး၊ ေနာက္ဆုံး ခ်စ္တင္းေႏွာတဲ့အထိ ျပစ္မႈက်ဴးလြန္ခဲ့ပါတယ္။

Nasser ဟာ ေကာင္ေလးကုိ သူမရဲ႕ ေနအိမ္ကို လာေရာက္ဖုိ႔အထိ ခ်ိန္းဆုိခဲ့ၿပီး၊ အဖုိးျဖစ္သူရဲ႕ ဗင္ကားထဲမွာ ခ်စ္တင္းေႏွာခဲ့ၾကပါတယ္။ Nasser ဟာ  Louisa County High School ေက်ာင္းမွာ နားမၾကားေကာင္ေလးတစ္ဦးကုိ စာသင္ေပးေနခ်ိန္မွာ စတင္ရင္းနီးခဲ့တာ ျဖစ္ၿပီး ေနာက္ဆုံး ဥပေဒအရ လက္ခံႏုိင္ဖြယ္ရာမရွိတဲ့ ျပစ္မႈကုိ က်ဴးလြန္ခဲ့တာပါ။

တရားလုိမိခင္ရဲ႕ ေရွ႕ေန Joshua Loren က အေမရိကန္ ဗားဂ်ီးနီးယားမွာရွိတဲ့ Louisa Circuit Court တရား႐ုံးမွာ ” ျပစ္မႈက်ဴးလြန္ခံရတဲ့ ကေလးကေတာ့ အတိတ္က ေၾကာက္စရာအျဖစ္အပ်က္ႀကီးကုိ ေမ့ေပ်ာက္ႏုိင္မွာ မဟုတ္ပါဘူး … တရားခံရဲ႕ ကေလး(၃)ေယာက္လည္း မိခင္မရွိဘဲ (၇)ႏွစ္ကို ခက္ခဲစြာျဖတ္သန္းရေတာ့မွာပါ “လုိ႔ ေျပာခဲ့ပါတယ္။

Loren က ” ဒါေပမယ့္ အခုဟာ သူတုိ႔ကုိ ဒုကၡေရာက္ေစခ်င္လုိ႔ ရည္ရြယ္တာမဟုတ္ပါဘူး … မိခင္က်ဴးလြန္ခဲ့တဲ့ အျပစ္ကိုသာ ထိေရာက္မႈရွိေစဖုိ႔ ရည္ရြယ္ပါတယ္ … “လုိ႔ ေျပာခဲ့ပါတယ္။ Nasser ဟာ ျပစ္ဒဏ္စီရင္တဲ့ေန႔မွာ ကာယကံရွင္ေကာင္ေလးနဲ႔ သူ႕ရဲ႕မိခင္ကို ေတာင္းပန္ခဲ့ၿပီး၊ မိသားစုဝင္ေတြကုိလည္း ေတာင္းပန္ခဲ့ပါတယ္။

Nasser ဟာ  Louisa County High School ေက်ာင္းမွာ (၂)ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ၿပီး၊ တစ္ျခားေက်ာင္းသားေတြရဲ႕ တုိင္ၾကားမႈေတြေၾကာင့္ ေက်ာင္းသားနဲ႔သူမရဲ႕ ဇာတ္လမ္း ေပၚထြက္လာတာျဖစ္ပါတယ္။ သူမကို တရား႐ုံးက ေထာင္ဒဏ္(၇)ႏွစ္ စီရင္ခဲ့ၿပီး၊ အခုဆုိ လူမမယ္ကေလး(၃)ေယာက္ကုိ မေစာင့္ေရွာက္ႏုိင္ေတာ့တဲ့ အေျခအေန ျဖစ္ပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၃၂)နှစ်အရွယ် Amanda Nasser အမည်ရ လက်သင်္ကေတနည်းပြဆရာမ တစ်ယောက်ဟာ အသက်(၁၅)နှစ်အရွယ် ကျောင်းသားလေးတစ်ဦးနဲ့ ချစ်တင်းနှောခဲ့တဲ့အတွက် ထောင်(၇)နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ အဆိုပါ ကျောင်းသားကို ပြင်ပမှ ခင်မင်ပြီးနောက် လူမှုကွန်ယက်ချင်း အဆက်အသွယ်ပြုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Nasser ဟာ ကျောင်းသားဆီကို အဝတ်မဲ့ဓာတ်ပုံတွေများစွာ ပေးပို့ခဲ့ပြီး၊ ကောင်လေးနဲ့ ခင်မင်မှု ခိုင်မာစေဖို့ အဆိုပါကောင်းလေးရဲ့ မိခင်နဲ့ သူငယ်ချင်းဖြစ်အောင် မိတ်ဆွေဖွဲ့ခဲ့ပါသေးတယ်။ ယင်းနောက်မှာတော့ ခင်မင်မှု ဒီဂရီတွေ မြင့်တက်လာပြီး၊ နောက်ဆုံး ချစ်တင်းနှောတဲ့အထိ ပြစ်မှုကျူးလွန်ခဲ့ပါတယ်။

Nasser ဟာ ကောင်လေးကို သူမရဲ့ နေအိမ်ကို လာရောက်ဖို့အထိ ချိန်းဆိုခဲ့ပြီး၊ အဖိုးဖြစ်သူရဲ့ ဗင်ကားထဲမှာ ချစ်တင်းနှောခဲ့ကြပါတယ်။ Nasser ဟာ  Louisa County High School ကျောင်းမှာ နားမကြားကောင်လေးတစ်ဦးကို စာသင်ပေးနေချိန်မှာ စတင်ရင်းနီးခဲ့တာ ဖြစ်ပြီး နောက်ဆုံး ဥပဒေအရ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပါ။

တရားလိုမိခင်ရဲ့ ရှေ့နေ Joshua Loren က အမေရိကန် ဗားဂျီးနီးယားမှာရှိတဲ့ Louisa Circuit Court တရားရုံးမှာ ” ပြစ်မှုကျူးလွန်ခံရတဲ့ ကလေးကတော့ အတိတ်က ကြောက်စရာအဖြစ်အပျက်ကြီးကို မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး … တရားခံရဲ့ ကလေး(၃)ယောက်လည်း မိခင်မရှိဘဲ (၇)နှစ်ကို ခက်ခဲစွာဖြတ်သန်းရတော့မှာပါ “လို့ ပြောခဲ့ပါတယ်။

Loren က ” ဒါပေမယ့် အခုဟာ သူတို့ကို ဒုက္ခရောက်စေချင်လို့ ရည်ရွယ်တာမဟုတ်ပါဘူး … မိခင်ကျူးလွန်ခဲ့တဲ့ အပြစ်ကိုသာ ထိရောက်မှုရှိစေဖို့ ရည်ရွယ်ပါတယ် … “လို့ ပြောခဲ့ပါတယ်။ Nasser ဟာ ပြစ်ဒဏ်စီရင်တဲ့နေ့မှာ ကာယကံရှင်ကောင်လေးနဲ့ သူ့ရဲ့မိခင်ကို တောင်းပန်ခဲ့ပြီး၊ မိသားစုဝင်တွေကိုလည်း တောင်းပန်ခဲ့ပါတယ်။

Nasser ဟာ  Louisa County High School ကျောင်းမှာ (၂)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ တစ်ခြားကျောင်းသားတွေရဲ့ တိုင်ကြားမှုတွေကြောင့် ကျောင်းသားနဲ့သူမရဲ့ ဇာတ်လမ်း ပေါ်ထွက်လာတာဖြစ်ပါတယ်။ သူမကို တရားရုံးက ထောင်ဒဏ်(၇)နှစ် စီရင်ခဲ့ပြီး၊ အခုဆို လူမမယ်ကလေး(၃)ယောက်ကို မစောင့်ရှောက်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top