iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၃၇ ႏွစ္အရြယ္ ဆြံအနားမၾကားသူကို အဓမၼျပဳက်င့္မႈ ဘုိကေလးၿမိဳ႕တြင္ ျဖစ္ပြား

ဘုိကေလး၊ ဇန္နဝါရီ ၄

ဆြံအနားမၾကားသူအမ်ဳိးသမီးကုိ အဓမၼျပဳက်င့္သည့္ ျဖစ္စဥ္တစ္ခု ဇန္န၀ါရီ ၂ ရက္ည ပုိင္းက ဘုိကေလးၿမိဳ႕နယ္တြင္

ျဖစ္ပြားခဲ့တယ္လုိ႔ ရဲဇာနည္ေဖာ္ျပခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၂ရက္ေန႔ ည ၇ နာရီအခ်ိန္ ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္ေန မ×××(၄၁)ႏွစ္ သည္

ေစ်းဝယ္သြားၿပီးျပန္လာစဥ္ ညီမျဖစ္သူ မ××××(၃၇)ႏွစ္(ဆြံ့အနားမၾကား)အား ေနအိမ္တြင္ မေတြ႕ရွိသျဖင့္

သားသမီးမ်ားႏွင့္အတူ လိုက္လံရွာေဖြရာ ေနအိမ္အေနာက္ဘက္ ကိုက္(၃၀၀)ခန႔္ရွိ ေရကန္ေဘာင္ေဘးတြင္

ေဒါင့္ႀကီးေက်းရြာအုပ္စုေန ေဌးဝင္း(၃၅)ႏွစ္မွ မ××××(ဆြံ့အနားမၾကား) အား သားမယားအျဖစ္ အဓမၼျပဳက်င့္ေနသည္

ကို မ×××(၄၁)ႏွစ္၏ သားျဖစ္သူမွေတြ႕ရွိသျဖင့္ သြားေရာက္စဥ္ ေဌးဝင္းမွာ ထြက္ေျပးသြားခဲ့ပါတယ္။

ထုိသုိ႔ အဓမၼျပဳက်င္ခဲ့သျဖင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ ေဌးဝင္းအား စက္ဆန္းနယ္ေျမရဲစခန္း

(ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpyay

#Unicode Version#
အသက် ၃၇ နှစ်အရွယ် ဆွံအနားမကြားသူကို အဓမ္မပြုကျင့်မှု ဘိုကလေးမြို့တွင် ဖြစ်ပွား

ဘိုကလေး၊ ဇန်နဝါရီ ၄

ဆွံအနားမကြားသူအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂ ရက်ည ပိုင်းက ဘိုကလေးမြို့နယ်တွင်

ဖြစ်ပွားခဲ့တယ်လို့ ရဲဇာနည်ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ရက်နေ့ ည ၇ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ မ×××(၄၁)နှစ် သည်

ဈေးဝယ်သွားပြီးပြန်လာစဉ် ညီမဖြစ်သူ မ××××(၃၇)နှစ်(ဆွံ့အနားမကြား)အား နေအိမ်တွင် မတွေ့ရှိသဖြင့်

သားသမီးများနှင့်အတူ လိုက်လံရှာဖွေရာ နေအိမ်အနောက်ဘက် ကိုက်(၃၀၀)ခန့်ရှိ ရေကန်ဘောင်ဘေးတွင်

ဒေါင့်ကြီးကျေးရွာအုပ်စုနေ ဌေးဝင်း(၃၅)နှစ်မှ မ××××(ဆွံ့အနားမကြား) အား သားမယားအဖြစ် အဓမ္မပြုကျင့်နေသည်

ကို မ×××(၄၁)နှစ်၏ သားဖြစ်သူမှတွေ့ရှိသဖြင့် သွားရောက်စဉ် ဌေးဝင်းမှာ ထွက်ပြေးသွားခဲ့ပါတယ်။

ထိုသို့ အဓမ္မပြုကျင်ခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဌေးဝင်းအား စက်ဆန်းနယ်မြေရဲစခန်း

(ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top