လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းရွိ အခ်ဳပ္ေထာင္အတြင္းမွ အခ်ဳပ္က တရားခံ(၅)ဦး သည္ ဇန္နဝါရီ ၆ ရက္၊ နံနက္ ၃နာရီ ၄၀မိနစ္ခန္႔ က အခ်ဳပ္ခန္းအိမ္သာေပၚရွိ မ်က္ႏွာက်က္အေပၚ သံတန္းအား ျဖတ္၍ သံဇကာဆဲြခြာတက္ေရာက္ၿပီး အမုိးေဖာက္ကာ ထြက္ေျပးလြတ္ေျမာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 အဆုိပါ ထြက္ေျပးလြတ္ေျမာက္သူ(၅)ဦးအနက္မွ စိုင္းမင္းသူ၊ေစာမ်ိဳးေအာင္၊ ေနလင္း(ခ)ေနမင္း တို႔ကို နာရီပိုင္းအတြင္း ျပန္လည္ဖမ္းဆီးရမိခဲ့ၿပီး၊ ဉာဏ္လင္း(ခ)ဉာဏ္ဝင္းအား ဇန္နဝါရီလ ၇ ရက္ေန႔၊ ေန႔လယ္ ၁၁နာရီ မိနစ္၂၀ အခ်ိန္မွာ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

 ယင္း ထြက္ေျပးတရားခံမ်ားမွ က်န္ရွိသည့္ ကိုသက္(ခ)ျမဝင္း အား သတင္းအရ ယေန႔ ဇန္န၀ါရီလ ၈ ရက္ေန႔ ၊ ညေန ၅နာရီ ခြဲခန္႔တြင္ ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္း ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက လုိက္လံရွာေဖြဖမ္းဆီးရာ လြယ္စတုံ ေက်းရြာ၊ တာေဝမီးစက္အေနာက္ဘက္ရွိ လယ္ကြင္းအတြင္းမွ ဖမ္းဆီး ရမိျခင္း ျဖစ္ေၾကာင္းသိရသည္။

 တာခ်ီလိတ္ၿမိဳ႕မရဲစခန္း အခ်ဳပ္ေထာင္တြင္ အခ်ဳပ္သားက်ား(၁၀၁)ဦး၊ မ(၁၂)ဦးရွိၿပီး၊ အခ်ဳပ္ေထာင္ ေဖာက္ထြက္ေျပးသည့္ ေစာမ်ဳိးေအာင္(တရားရံုးစစ္ေဆးဆဲ)၊ ေနလင္း(ခ)ေနမင္း (ေထာင္ဒဏ္ ၂၂ႏွစ္) (အျပစ္က်)၊ စိုင္းမင္းသူ(တရားရံုးစစ္ေဆးဆဲ)၊ဉာဏ္လင္း(ခ)ဉာဏ္ဝင္း(တရားရံုးစစ္ေဆးဆဲ)၊ ကိုသက္(ခ) ျမဝင္း (ေထာင္ဒဏ္ ၁၆ ႏွစ္) (အျပစ္က်)တို႔ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ထောင်အတွင်းမှ အချုပ်က တရားခံ(၅)ဦး သည် ဇန်နဝါရီ ၆ ရက်၊ နံနက် ၃နာရီ ၄၀မိနစ်ခန့် က အချုပ်ခန်းအိမ်သာပေါ်ရှိ မျက်နှာကျက်အပေါ် သံတန်းအား ဖြတ်၍ သံဇကာဆွဲခွာတက်ရောက်ပြီး အမိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ ထွက်ပြေးလွတ်မြောက်သူ(၅)ဦးအနက်မှ စိုင်းမင်းသူ၊စောမျိုးအောင်၊ နေလင်း(ခ)နေမင်း တို့ကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး၊ ဉာဏ်လင်း(ခ)ဉာဏ်ဝင်းအား ဇန်နဝါရီလ ၇ ရက်နေ့၊ နေ့လယ် ၁၁နာရီ မိနစ်၂၀ အချိန်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 ယင်း ထွက်ပြေးတရားခံများမှ ကျန်ရှိသည့် ကိုသက်(ခ)မြဝင်း အား သတင်းအရ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ၊ ညနေ ၅နာရီ ခွဲခန့်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ လွယ်စတုံ ကျေးရွာ၊ တာဝေမီးစက်အနောက်ဘက်ရှိ လယ်ကွင်းအတွင်းမှ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်းသိရသည်။

 တာချီလိတ်မြို့မရဲစခန်း အချုပ်ထောင်တွင် အချုပ်သားကျား(၁၀၁)ဦး၊ မ(၁၂)ဦးရှိပြီး၊ အချုပ်ထောင် ဖောက်ထွက်ပြေးသည့် စောမျိုးအောင်(တရားရုံးစစ်ဆေးဆဲ)၊ နေလင်း(ခ)နေမင်း (ထောင်ဒဏ် ၂၂နှစ်) (အပြစ်ကျ)၊ စိုင်းမင်းသူ(တရားရုံးစစ်ဆေးဆဲ)၊ဉာဏ်လင်း(ခ)ဉာဏ်ဝင်း(တရားရုံးစစ်ဆေးဆဲ)၊ ကိုသက်(ခ) မြဝင်း (ထောင်ဒဏ် ၁၆ နှစ်) (အပြစ်ကျ)တို့ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top