လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေဝဖန္မႈေတြအတြက္ ေက်းဇူးတင္ပါတယ္တဲ့။

ငယ္ငယ္ရြယ္ရြယ္ေလးနဲ႕ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္ ဟန္သီကေတာ့ ေမာင္ႏွမသားခ်င္းစာနာၿပီး ကိုယ္ခ်င္းစာစိတ္ေလးနဲ႕ပဲ ေတြးေပးဖို႕အတြက္ ေျပာလိုက္ပါတယ္။

သူမရဲ႕ အႏုပညာလႈပ္ရွားမႈမ်ားနဲ႕ ပတ္သက္ၿပီး ေဝဖန္မႈေတြ ရွိသလို အားေပးတဲ့ပရိသတ္မ်ားလည္း ရွိလို႕ေနပါတယ္။ ဇန္နဝါရီ (၁၂) ရက္ေန႕ ညပိုင္းကေတာ့သူမရဲ႕ ေဖ့စ္ဘြတ္မွာေတာ့ လူလူခ်င္း ေကာင္းတာေလးေတြ ေျပာလိုက္ေတာ့ ဘာျဖစ္သြားမလဲ မသိဘူးေနာ္ဆိုၿပီး ေျပာထားတာေလးေတြ႕ရပါတယ္။

"လူလူခ်င္းကြယ္ ေကာင္းတာေလးေျပာလိုက္ေတာ့ဘာျဖစ္သြားမွာလဲမသိဘူးေနာ္.... ကိုယ့္ကိုသာလာေျပာရင္ ဘယ္လိုေနမလဲမသိဘူး.... ဘယ္သူကဆိုးတာေတြၾကားခ်င္မွာလဲေလေနာ္.. မၾကည့္ခ်င္ရင္ အားမေပးခ်င္ရင္လည္း ရပါတယ္ ေက်ာ္သြားလိုက္ပါေနာ္... ေမာင္ႏွမသားခ်င္းစာနာၿပီး ကိုယ္ခ်င္းစာစိတ္ေလးနဲ႔ဘဲ ေတြးလိုက္ပါ... ေအာင္ျမင္တဲ့ ေပ်ာ္ရႊင္တဲ့ဘဝေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစရွင့္." ဆိုၿပီးလည္း ေရးထားပါတယ္။

သူမရဲ႕ ပရိသတ္ေတြကေတာ့ ေဝဖန္မႈေတြကို စိတ္ထဲမထားဖို႕ အႏုပညာရွင္တိုင္း ေဝဖန္ခံေနရတာေၾကာင့္ သူမကို ဆက္လက္ႀကိဳးစားဖို႕ စိတ္ဓာတ္မက်ဖို႕ အားေပးထားတဲ့ ေကာမန္႕ေတြအမ်ားႀကီး ေတြ႕ရပါတယ္။

ဟန္သီကေတာ့ အားေပးမႈေတြ ေဝဖန္မႈေတြအတြက္ ေက်းဇူးအမ်ားႀကီး တင္တယ္ဆိုၿပီး ေျပာထားတာ ဆက္လက္လည္း ႀကိဳးစားသြားပ့ါမယ္ ဆိုၿပီး ေျပာထားပါတယ္။

ဟန္သီကေတာ့ အသက္ ၁၄ ႏွစ္ကတည္းကအႏုပညာအလုပ္ေတြလုပ္ေဆာင္လာတဲ့သူျဖစ္ၿပီး အလွမယ္ဆုေတြ လည္း အမ်ားႀကီးရရွိ လာတဲ့သူတစ္ ေယာက္ျဖစ္ပါတယ္။

တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္သိလာတဲ့ ဟန္သီက ေၾကာ္ျငာေတြလည္း ဆက္လက္ ရိုက္ကူးဖုိ႔ရွိသလုိ သူပါဝင္သရုပ္ ေဆာင္ထားတဲ့ အလြမ္းဒဏၰာရီဆုိတဲ့ ရုပ္ရွင္ဇာတ္ ကားႀကီးကို မင္းသား အားသစ္၊ အိေခ်ာပုိတုိ႔နဲ႔ အတူ ရုိက္ကူးထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဝေဖန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်တဲ့။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်နေတဲ့ အနုပညာရှင် ဟန်သီကတော့ မောင်နှမသားချင်းစာနာပြီး ကိုယ်ချင်းစာစိတ်လေးနဲ့ပဲ တွေးပေးဖို့အတွက် ပြောလိုက်ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိသလို အားပေးတဲ့ပရိသတ်များလည်း ရှိလို့နေပါတယ်။ ဇန်နဝါရီ (၁၂) ရက်နေ့ ညပိုင်းကတော့သူမရဲ့ ဖေ့စ်ဘွတ်မှာတော့ လူလူချင်း ကောင်းတာလေးတွေ ပြောလိုက်တော့ ဘာဖြစ်သွားမလဲ မသိဘူးနော်ဆိုပြီး ပြောထားတာလေးတွေ့ရပါတယ်။

"လူလူချင်းကွယ် ကောင်းတာလေးပြောလိုက်တော့ဘာဖြစ်သွားမှာလဲမသိဘူးနော်.... ကိုယ့်ကိုသာလာပြောရင် ဘယ်လိုနေမလဲမသိဘူး.... ဘယ်သူကဆိုးတာတွေကြားချင်မှာလဲလေနော်.. မကြည့်ချင်ရင် အားမပေးချင်ရင်လည်း ရပါတယ် ကျော်သွားလိုက်ပါနော်... မောင်နှမသားချင်းစာနာပြီး ကိုယ်ချင်းစာစိတ်လေးနဲ့ဘဲ တွေးလိုက်ပါ... အောင်မြင်တဲ့ ပျော်ရွှင်တဲ့ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်." ဆိုပြီးလည်း ရေးထားပါတယ်။

သူမရဲ့ ပရိသတ်တွေကတော့ ဝေဖန်မှုတွေကို စိတ်ထဲမထားဖို့ အနုပညာရှင်တိုင်း ဝေဖန်ခံနေရတာကြောင့် သူမကို ဆက်လက်ကြိုးစားဖို့ စိတ်ဓာတ်မကျဖို့ အားပေးထားတဲ့ ကောမန့်တွေအများကြီး တွေ့ရပါတယ်။

ဟန်သီကတော့ အားပေးမှုတွေ ဝေဖန်မှုတွေအတွက် ကျေးဇူးအများကြီး တင်တယ်ဆိုပြီး ပြောထားတာ ဆက်လက်လည်း ကြိုးစားသွားပ့ါမယ် ဆိုပြီး ပြောထားပါတယ်။

ဟန်သီကတော့ အသက် ၁၄ နှစ်ကတည်းကအနုပညာအလုပ်တွေလုပ်ဆောင်လာတဲ့သူဖြစ်ပြီး အလှမယ်ဆုတွေ လည်း အများကြီးရရှိ လာတဲ့သူတစ် ယောက်ဖြစ်ပါတယ်။

တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်သိလာတဲ့ ဟန်သီက ကြော်ငြာတွေလည်း ဆက်လက် ရိုက်ကူးဖို့ရှိသလို သူပါဝင်သရုပ် ဆောင်ထားတဲ့ အလွမ်းဒဏ္ဏာရီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို မင်းသား အားသစ်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top