×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဆိုးဝါးလွတဲ့ ရာသီဥတုနဲ႔ ၄ ဒသမ ၅ ကီလိုမီတာ အကြာအေဝး ႏွင္းထုခရီးၾကမ္းကို ျဖတ္ကာ ေက်ာင္းကို အေရာက္သြားႏိုင္ခဲ့တဲ့ တ႐ုတ္ကေလးငယ္တဦးဟာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ နာမည္ႀကီးေနပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဇန္နဝါရီ ၈ ရက္ မနက္ပိုင္းက ယူနန္ခ႐ုိင္တြင္းမွာ ျဖစ္ခဲ့ၿပီး ၃ တန္း ေက်ာင္းသားကေလးဟာ ေက်ာင္းကိုေရာက္လာခ်ိန္မွာ နီရဲတဲ့မ်က္ႏွာနဲ႔အတူ မ်က္ခံုး၊ မ်က္လံုးနဲ႔ ဦးေခါင္းတခုလံုးမွာ ေဖြးေဖြးျဖဴတဲ့ ႏွင္းခဲေတြ ကပ္လ်က္သား အေျခအေနနဲ႔ ေရာက္ရွိလာခဲ့တာပါ။

ဒီခရီးကို ခက္ခက္ခဲခဲ ျဖတ္သန္းလာခဲ့တဲ့ ၈ ႏွစ္သား ကေလးငယ္ရဲ႕ ပံုေတြကို ဆရာမတဦးက ဓာတ္ပံုမွတ္တမ္းယူကာ ႐ုိက္ကူးၿပီး တ႐ုတ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာ ေဝဘုိမွတဆင့္ ေက်ာင္းအုပ္ႀကီးက မွ်ေဝခဲ့ခ်ိန္မွာေတာ့ အင္တာနက္အသံုးျပဳသူေတြၾကား က႐ုဏာသက္ဖြယ္ ေရပန္းစား လူေျပာမ်ားေနခဲ့တာပါ။

တ႐ုတ္ျပည္သူ႔ေန႔စဥ္သတင္းမွာေတာ့ ဝမ္ဖူမန္လို႔ အမည္ရတဲ့ အဲဒီကေလးငယ္ဟာ ဒီအကြာအေဝးကို အခ်ိန္ ၁ နာရီခြဲေလာက္ လမ္းေလွ်ာက္လာခဲ့ရတယ္လို႔ ေက်ာင္းအုပ္ႀကီးရဲ႕ အဆိုကို ကိုးကား ေဖာ္ျပပါတယ္။

ေက်ာင္းအုပ္ႀကီး ဖူဟမ္းက “မနက္က ရာသီဥတုက -၉ ဒီဂရီ စင္တီဂရိတ္ေလာက္ ရွိေနတာ။ ဒီေန႔က ေက်ာင္းစာေမးပြဲ ပထမေန႔ေလ။ နာရီဝက္ေလာက္အၾကာမွာေတာ့ အပူခ်ိန္က ႐ုတ္တရက္ က်သြားခဲ့တယ္။ ဒီကေလးရဲ႕အိမ္က ေဝးေတာ့ လမ္းမွာ ခုလိုႀကံဳၿပီး တေခါင္းလံုး ႏွင္းေတြကပ္ၿပီး အတန္းထဲ ေရာက္လာခဲ့တယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ သူ႔ကို ေရခဲေကာင္ေလးလို႔ နာမည္ေျပာင္နဲ႔ ခ်စ္စႏိုး ေခၚေနၾကၿပီး နာမည္ႀကီးေနခဲ့တာပါ။

ဝမ္ဟာ ေက်ာင္းနဲ႔ အေတာ္လွမ္းၿပီး ရႊ႕ံႏြံထူထပ္တဲ့ အိမ္တလံုးမွာ ဖခင္၊ အစ္မျဖစ္သူေတြနဲ႔ ေနထိုင္ေနတာ ျဖစ္ပါတယ္။

ဖခင္ကေတာ့ ေရႊ႕ေျပာင္း က်ပမ္းအလုပ္သမားတဦးျဖစ္ကာ မိခင္ကေတာ့ သူငယ္ငယ္ကတည္းက အိမ္က ထြက္သြားခဲ့တာပါ။

သူဟာ ေက်ာင္းခ်ိန္ျပင္ပမွာလည္း အဖြားျဖစ္သူရဲ႕ စိုက္ခင္းမွာ ကူညီရေသးၿပီး ေက်ာင္းတက္ရတာ သူ႔အတြက္ေတာ့ ခက္ခဲတယ္လို႔ အင္တာဗ်ဴးမွာ ေျဖခဲ့ပါတယ္။

အြန္လိုင္းေပၚမွာေတာ့ ကေလးငယ္ကို အားေပးခ်ီးက်ဴးမႈေတြ မ်ားစြာ ရရွိေနတာ ျဖစ္ပါတယ္။

“ကေလးရယ္၊ ခုျဖတ္သန္းေနရတဲ့ နာက်င္မႈဟာ အနာဂတ္ေျပးလမ္းမွာေတာ့ အလင္းေရာင္ထြန္းညႇိႏိုင္ဖို႔ပါပဲ” လို႔ တေယာက္က အားေပး မွတ္ခ်က္ေရးခဲ့ပါတယ္။

ဝမ္ဟာ ၿဂိဳဟ္သားေတြပါဝင္တဲ့ သိပၸံဆန္းၾကယ္ဝတၳဳေတြ ဖတ္ရတာ ႏွစ္သက္ၿပီး ဘတ္စ္ကက္ေဘာ ကစားရတာကိုလည္း ႏွစ္သက္ကာ လူဆိုးေတြကိုဖမ္းတဲ့ ရဲအရာရွိတဦး ျဖစ္ခ်င္တယ္လို႔ ေျပာပါတယ္။

အခုႏွစ္သစ္မွာေတာ့ ေက်ာင္းစာေတြလည္း ႀကိဳးစားၿပီး နာမက်န္းတဲ့ အဖြားျဖစ္သူကိုလည္း ကူညီကာ ပိုက္ဆံကူညီရွာေဖြေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb.

# Unicode Version ျဖင့္ ဖတ္ပါ #
ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ ၄ ဒသမ ၅ ကီလိုမီတာ အကွာအဝေး နှင်းထုခရီးကြမ်းကို ဖြတ်ကာ ကျောင်းကို အရောက်သွားနိုင်ခဲ့တဲ့ တရုတ်ကလေးငယ်တဦးဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ယူနန်ခရိုင်တွင်းမှာ ဖြစ်ခဲ့ပြီး ၃ တန်း ကျောင်းသားကလေးဟာ ကျောင်းကိုရောက်လာချိန်မှာ နီရဲတဲ့မျက်နှာနဲ့အတူ မျက်ခုံး၊ မျက်လုံးနဲ့ ဦးခေါင်းတခုလုံးမှာ ဖွေးဖွေးဖြူတဲ့ နှင်းခဲတွေ ကပ်လျက်သား အခြေအနေနဲ့ ရောက်ရှိလာခဲ့တာပါ။

ဒီခရီးကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့တဲ့ ၈ နှစ်သား ကလေးငယ်ရဲ့ ပုံတွေကို ဆရာမတဦးက ဓာတ်ပုံမှတ်တမ်းယူကာ ရိုက်ကူးပြီး တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝေဘိုမှတဆင့် ကျောင်းအုပ်ကြီးက မျှဝေခဲ့ချိန်မှာတော့ အင်တာနက်အသုံးပြုသူတွေကြား ကရုဏာသက်ဖွယ် ရေပန်းစား လူပြောများနေခဲ့တာပါ။

တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာတော့ ဝမ်ဖူမန်လို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ ဒီအကွာအဝေးကို အချိန် ၁ နာရီခွဲလောက် လမ်းလျှောက်လာခဲ့ရတယ်လို့ ကျောင်းအုပ်ကြီးရဲ့ အဆိုကို ကိုးကား ဖော်ပြပါတယ်။

ကျောင်းအုပ်ကြီး ဖူဟမ်းက “မနက်က ရာသီဥတုက -၉ ဒီဂရီ စင်တီဂရိတ်လောက် ရှိနေတာ။ ဒီနေ့က ကျောင်းစာမေးပွဲ ပထမနေ့လေ။ နာရီဝက်လောက်အကြာမှာတော့ အပူချိန်က ရုတ်တရက် ကျသွားခဲ့တယ်။ ဒီကလေးရဲ့အိမ်က ဝေးတော့ လမ်းမှာ ခုလိုကြုံပြီး တခေါင်းလုံး နှင်းတွေကပ်ပြီး အတန်းထဲ ရောက်လာခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူ့ကို ရေခဲကောင်လေးလို့ နာမည်ပြောင်နဲ့ ချစ်စနိုး ခေါ်နေကြပြီး နာမည်ကြီးနေခဲ့တာပါ။

ဝမ်ဟာ ကျောင်းနဲ့ အတော်လှမ်းပြီး ရွှံ့နွံထူထပ်တဲ့ အိမ်တလုံးမှာ ဖခင်၊ အစ်မဖြစ်သူတွေနဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။

ဖခင်ကတော့ ရွှေ့ပြောင်း ကျပမ်းအလုပ်သမားတဦးဖြစ်ကာ မိခင်ကတော့ သူငယ်ငယ်ကတည်းက အိမ်က ထွက်သွားခဲ့တာပါ။

သူဟာ ကျောင်းချိန်ပြင်ပမှာလည်း အဖွားဖြစ်သူရဲ့ စိုက်ခင်းမှာ ကူညီရသေးပြီး ကျောင်းတက်ရတာ သူ့အတွက်တော့ ခက်ခဲတယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာတော့ ကလေးငယ်ကို အားပေးချီးကျူးမှုတွေ များစွာ ရရှိနေတာ ဖြစ်ပါတယ်။

“ကလေးရယ်၊ ခုဖြတ်သန်းနေရတဲ့ နာကျင်မှုဟာ အနာဂတ်ပြေးလမ်းမှာတော့ အလင်းရောင်ထွန်းညှိနိုင်ဖို့ပါပဲ” လို့ တယောက်က အားပေး မှတ်ချက်ရေးခဲ့ပါတယ်။

ဝမ်ဟာ ဂြိုဟ်သားတွေပါဝင်တဲ့ သိပ္ပံဆန်းကြယ်ဝတ္ထုတွေ ဖတ်ရတာ နှစ်သက်ပြီး ဘတ်စ်ကက်ဘော ကစားရတာကိုလည်း နှစ်သက်ကာ လူဆိုးတွေကိုဖမ်းတဲ့ ရဲအရာရှိတဦး ဖြစ်ချင်တယ်လို့ ပြောပါတယ်။

အခုနှစ်သစ်မှာတော့ ကျောင်းစာတွေလည်း ကြိုးစားပြီး နာမကျန်းတဲ့ အဖွားဖြစ်သူကိုလည်း ကူညီကာ ပိုက်ဆံကူညီရှာဖွေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top