iMyanmarHouse.com - Best Property Website for Myanmar
×

" ထမင္းအသက္(၇)ရက္၊ ေရအသက္တမနက္" ဟု
ဆို႐ိုးစကားပုံ ၾကားဖူးၾကသည္။
ေရႊမရွိ၊ စိန္မရွိ၍ရသည္၊ ေရမရွိ၍မရ၊
ေရက ေရႊထက္ စိန္ထက္ပိုအေရးႀကီးသည္။
ေရသည္အသက္ရွိ အသက္မဲ့တေလာကလုံးအတြက္
မရွိမျဖစ္၊ ေရေၾကာင့္ အားလံုး ရွင္သန္ေနၾကရသည္မဟုတ္ပါေလာ။

         ေရ၏အက်ိဳးကား ေျပာျပ၍မကုန္ႏိုင္ေအာင္
ေက်းဇူးႀကီးမားလွေပ၏။

        ျမတ္ဗုဒၶလက္ထက္တုန္းက အျဖစ္ပ်က္တခုကို
    (ဝိမာနဝတၳဳ၊ ပီဌဝဂ္မွာ တတိယနာဝါ ဝတၳဳျဖင့္)
မွတ္တမ္းတင္ထားသည္ကို ဖတ္ရႈရသည္။
အသက္စြန္႔ကာေရလႉခဲ့ေသာ အ့ံၾသဖြယ္
အမ်ိဳးသမီးေလး တစ္ဦးအေၾကာင္း
ျဖစ္သည္။

          ျမတ္ဗုဒၶသည္ တပည့္ရဟန္း(၅၀၀)ျဖင့္
ေကာသလတိုင္းကို ေဒသစာရီခရီးႂကြခဲ့ရာ
(ထူဏ) ပုဏၰားရြာသို႔  ဦးတည္ခဲ့သည္။

        ထိုအေၾကာင္း ထိုရြာမွ ရြာလူႀကီးမ်ား၊
ဘာသာေရးေခါင္းေဆာင္မ်ား ၾကားသိရသျဖင့္
ဘုရားရွင္ႏွင့္တပည့္သံဃာမ်ား
မလာေရာက္ႏိုင္ေအာင္ ေလွမ်ား၊ တံတားမ်ား၊
ေရတြင္းမ်ားကို ဖ်က္ဆီးၾကသည့္အျပင္
အကယ္၍ႂကြလာခဲ့ပါက ဆြမ္းမေလာင္းရ၊
ေရမလႉရ၊ ဧည့္ခံစကားမေျပာရ စသည္
တင္းတင္းၾကပ္ၾကပ္ စည္းကမ္းသတ္မွတ္ထားၾကပါသတဲ့။
ထိုရြာသို႔ ဘုရားရွင္သည္ သံဃာမ်ားျဖင့္
ႂကြေရာက္ကာ ရြာႏွင့္မေဝးေသာ
သစ္ပင္ရိပ္ေအာက္တြင္ နားေနသီတင္းသုံးေတာ္မူသည္။

         ထိုအခ်ိန္ ထိုရြာမွ အိမ္ေဖၚအမ်ိဳးသမီးတစ္စု၊
ေရးအိုးကိုယ္စီျဖင့္ ျမစ္ဆိပ္တြင္ ေရခပ္ရာမွ
အျပန္ ဘုရားရွင္ႏွင့္သံဃာေတာ္မ်ားကို
ဖူးေမွ်ာ္ရသည့္အခါ ထိုအထဲမွ အမ်ိဳးသမီးငယ္တဦးသည္
  ေရမလႉရလွ်င္ မေနႏိုင္သည့္အထိ သဒၶါၾကည္ညဳိ
ေရလႉလိုစိတ္ျဖစ္ လာခဲ့သည္။

ထိုအေၾကာင္းကို အေဖၚမ်ားအားေျပာျပရာ
ဝိုင္းဝန္း၍ တားျမစ္ေနသည့္ၾကားမွပင္
အသက္ကိုမငဲ့ဘဲ ဘုရားရွင္၏ ေရွ႕ေတာ္သို႔
တိုးဝင္ကာ ေရကပ္လႉခဲ့သည္။

      ဘုရားရွင္ေတာ္သည္ သူမေရွ႕တြင္
ေရစစ္ျဖင့္ ေရကိုစစ္ခိုင္းကာ ကိုယ္ေတာ္တိုင္သုံးေဆာင္ေတာ္မူသည္။
ၿပီးေနာက္ သူမသည္သံဃာေတာ္မ်ားအားလုံးကိုလည္း
ေရအိုးျဖင့္ ဆက္ကပ္ၿပန္သည္။ သံဃာအားလံုး
သံုးေဆာင္ေတာ္မူ ၿပီးသည့္တိုင္
ေရမေလွ်ာ့ဘဲ ေရအိုးထဲရွိေရ ျပည့္ၿမဲျပည့္ေနသည္ကို
ေတြ႕ျမင္ရ၍ ဝမ္းသာပီတိဖုံးကာ
ၾကည္ႏူးမဆုံးရွိခဲ့သည္။

        သူမသည္ မေလ်ာ့ေသာေရအိုးျဖင့္
အိမ္ျပန္ေရာက္သည့္အခါ
အိမ္ရွင္မွ ဆူပူႀကိမ္းေမာင္းလ်က္ ရင္ဝကို
ဖေနာင့္ျဖင့္အႀကိမ္ႀကိမ္ေဆာင့္ကန္ႏွိပ္စက္
မႈဒဏ္ေၾကာင့္ ပုံလွ်က္လဲက်ေသဆုံးခဲ့ရသည္။
   
      ေရကုသိုလ္ေၾကာင့္ သူမသည္ အိပ္ေပ်ာ္ရာမွ
ႏိုးလာသကဲ့သို႔ တာဝတိႎသာ နတ္ျပည္တြင္
နတ္သမီး(၁၀၀၀) ျခံရံ၍ တန္ခိုးႀကီးမားေသာ
(နတ္သမီးအႀကီးအကဲ )ျဖစ္ခဲ့ရသည္။
 
         ဘုရားရွင္သည္ ညီေတာ္အာနႏၵာအား
ေရခပ္ခ္ိုင္းရာ   ေရတြင္းအားလုံးကို ရြာသားမ်ားက
အမုွိက္သ႐ိုက္မ်ား ဆို႔ပိတ္ဖ်က္ဆီးထားသျဖင့္
ေရမရႏိုင္ေၾကာင္းေလ်ာက္ထားေလသည္။

         ဘုရားရွင္သည္(၃) ႀကိမ္တိုင္
ခြန္းဆင့္ခိုင္းေစသျဖင့္ အရွင္ အာနႏၵာ
သပိတ္ဆြဲကာ ေရခပ္ထြက္ႂကြေလရာ
ေရတြင္းနားေရာက္ေသာအခါ ေရတြင္းမွ
ေရမ်ားပန္းထြက္လာၾကသျဖင့္
ေရအလိုရွိသေလာက္ခပ္ယူ ႏိုင္ခဲ့သည္။

        ထိုရြာႏွင့္ ထိုရြာ၏ ပတ္ဝန္းက်င္ရွိ
ေရတြင္းအားလုံးမွလည္း ေရမ်ား ဒလေဟာ
ပန္းထြက္လာၾကေသာ ေရလုံးႀကီးမ်ားေၾကာင့္
တရြာလုံးသို႔ေရလႊမ္းလာသည္ကို မၾကံဳစဖူးထူးကဲစြာ
ေတြ႕ၾကရေသာအခါ ရြာလူႀကီးမ်ားႏွင့္
တရြာလုံးလူမ်ား ထိန္႔လန္႔ တုန္လႈပ္ ေၾကာက္ရြ႕ံ ၾကကာ
ျမတ္စြာဘုရားရွင္ထံသို႔ အလ်င္အျမန္ အေျပးေရာက္လာၾကသည္။
ဝန္ခ်ေတာင္းပန္ကန္ေတာ့ၿပီးေနာက္
တရြာသားလုံးေဘးကင္းခ်မ္းသာခဲ့ၾကသည္။
  
       တစ္ရြာသားလုံးသည္ ဘုရားရွင္ႏွင့္
သံဃာေတာ္မ်ားအား ၾကည္ညဳိၾကသျဖင့္
ေနာက္တေန႔ ဆြမ္းကပ္ၾကရာ ထိုပြဲသို႔
ေရအလႉရွင္ နတ္သမီးသည္ ဗိမာန္၊ ဥယ်ာဥ္၊
ေရတံခြန္၊ စိမ့္စမ္း နတ္ဘုံ ဗိမာန္တို႔ကိုပါ
ယူေဆာင္လွ်က္ နတ္သမီးအျခံရံမ်ားျဖင့္
ဘုရားရွင္ထံသို႔ လာေရာက္ဖူူးေမွ်ာ္ခဲ့ၾကသည္။

       တရားနာအၿပီး ထိုေရအလႉရွင္
နတ္သမီးသည္ အပါယ္ေလးပါးတံခါး
လုံးဝပိတ္သိမ္းေပးေသာ ေသာတာပတၱိမဂ္ဉာဏ္၊
ဖိုလ္ဉာဏ္မ်ားကို ရင္ဝယ္ပိုက္လွ်က္
နတ္ျပည္သို႔ုျပန္ခဲ့ေလသည္။

ဤမွတ္တမ္းအျပင္ သံယုတၱနိကာယ္တြင္
ေရအလွဴသည္ အပါယ္တံခါး ပိတ္ေၾကာင္း
ေကာင္းမႈ အလွဴဟု ဘုရားရွင္ ခ်ီးမႊမ္း
ေဟာၾကားထားသည္။

ကုသိုလ္အလွဴရွင္ အိပ္ေပ်ာ္ေနေသာ္လည္း ေရအလွဴ
ကုသိုလ္သည္ကား အိပ္ေပ်ာ္ သကဲ့သို႔ မရွိပါဘဲ
အၿမဲပြားတိုး ကုသိုလ္အက်ိဳး ဆထက္တိုး
ေနေသာ အလွဴေတာ္မ်ိဳး ျဖစ္ေၾကာင္း
ေဟာၾကားထားသည္။

အဝီစိတြင္းေရမ်ားသည္ ေျမေအာက္မွ
ေျမျပင္၏  အထက္သို႔ ဆန္တက္
ေနေသာ ေရပန္းမ်ား ျဖစ္သကဲ့သို႔
ကုသိုလ္ရွင္တို႔သည္လည္း ဤကုသိုလ္ေၾကာင့္
နိဗၺာန္တိုင္ ဆန္တက္ႏိုင္မည့္ ကုသိုလ္မ်ိဳး
ျဖစ္၍ မြန္ျမတ္ေသာ ေကာင္းမႈ အစစ္ဟူ၍
တင္ျပအပ္ပါသည္။

(ရန္ကုန္၊ သာေကတ၊ သစၥာပါရမီေလးထပ္ခြဲ
ေက်ာင္းေတာ္တြင္ လိုအပ္ေနေသာ
ေလးလကၡမခြဲပိုက္ အဝီစိေရတြင္းကို
(၁၈,၀၅,၂၀၁၇)ေန႔ စတင္ တူးေနၿပီ။
၄၅ သိန္းခန္႔ ကုန္က်ပါမည္။
သီးသန္႔ လွဴဒါန္းလိုသူမ်ားရွိပါက ဆက္သြယ္
ကမၺည္းထိုးကာ လွဴဒါန္းႏိႈင္ပါသည္။)

အားလံုး က်န္းမာ ခ်မ္းသာၾကပါေစ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစၥာပါရမီ

# Unicode Version ျဖင့္ ဖတ္ပါ #
" ထမင်းအသက်(၇)ရက်၊ ရေအသက်တမနက်" ဟု
ဆိုရိုးစကားပုံ ကြားဖူးကြသည်။
ရွှေမရှိ၊ စိန်မရှိ၍ရသည်၊ ရေမရှိ၍မရ၊
ရေက ရွှေထက် စိန်ထက်ပိုအရေးကြီးသည်။
ရေသည်အသက်ရှိ အသက်မဲ့တလောကလုံးအတွက်
မရှိမဖြစ်၊ ရေကြောင့် အားလုံး ရှင်သန်နေကြရသည်မဟုတ်ပါလော။

         ရေ၏အကျိုးကား ပြောပြ၍မကုန်နိုင်အောင်
ကျေးဇူးကြီးမားလှပေ၏။

        မြတ်ဗုဒ္ဓလက်ထက်တုန်းက အဖြစ်ပျက်တခုကို
    (ဝိမာနဝတ္ထု၊ ပီဌဝဂ်မှာ တတိယနာဝါ ဝတ္ထုဖြင့်)
မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုရသည်။
အသက်စွန့်ကာရေလှူခဲ့သော အံ့သြဖွယ်
အမျိုးသမီးလေး တစ်ဦးအကြောင်း
ဖြစ်သည်။

          မြတ်ဗုဒ္ဓသည် တပည့်ရဟန်း(၅၀၀)ဖြင့်
ကောသလတိုင်းကို ဒေသစာရီခရီးကြွခဲ့ရာ
(ထူဏ) ပုဏ္ဏားရွာသို့  ဦးတည်ခဲ့သည်။

        ထိုအကြောင်း ထိုရွာမှ ရွာလူကြီးများ၊
ဘာသာရေးခေါင်းဆောင်များ ကြားသိရသဖြင့်
ဘုရားရှင်နှင့်တပည့်သံဃာများ
မလာရောက်နိုင်အောင် လှေများ၊ တံတားများ၊
ရေတွင်းများကို ဖျက်ဆီးကြသည့်အပြင်
အကယ်၍ကြွလာခဲ့ပါက ဆွမ်းမလောင်းရ၊
ရေမလှူရ၊ ဧည့်ခံစကားမပြောရ စသည်
တင်းတင်းကြပ်ကြပ် စည်းကမ်းသတ်မှတ်ထားကြပါသတဲ့။
ထိုရွာသို့ ဘုရားရှင်သည် သံဃာများဖြင့်
ကြွရောက်ကာ ရွာနှင့်မဝေးသော
သစ်ပင်ရိပ်အောက်တွင် နားနေသီတင်းသုံးတော်မူသည်။

         ထိုအချိန် ထိုရွာမှ အိမ်ဖေါ်အမျိုးသမီးတစ်စု၊
ရေးအိုးကိုယ်စီဖြင့် မြစ်ဆိပ်တွင် ရေခပ်ရာမှ
အပြန် ဘုရားရှင်နှင့်သံဃာတော်များကို
ဖူးမျှော်ရသည့်အခါ ထိုအထဲမှ အမျိုးသမီးငယ်တဦးသည်
  ရေမလှူရလျှင် မနေနိုင်သည့်အထိ သဒ္ဓါကြည်ညို
ရေလှူလိုစိတ်ဖြစ် လာခဲ့သည်။

ထိုအကြောင်းကို အဖေါ်များအားပြောပြရာ
ဝိုင်းဝန်း၍ တားမြစ်နေသည့်ကြားမှပင်
အသက်ကိုမငဲ့ဘဲ ဘုရားရှင်၏ ရှေ့တော်သို့
တိုးဝင်ကာ ရေကပ်လှူခဲ့သည်။

      ဘုရားရှင်တော်သည် သူမရှေ့တွင်
ရေစစ်ဖြင့် ရေကိုစစ်ခိုင်းကာ ကိုယ်တော်တိုင်သုံးဆောင်တော်မူသည်။
ပြီးနောက် သူမသည်သံဃာတော်များအားလုံးကိုလည်း
ရေအိုးဖြင့် ဆက်ကပ်ပြန်သည်။ သံဃာအားလုံး
သုံးဆောင်တော်မူ ပြီးသည့်တိုင်
ရေမလျှော့ဘဲ ရေအိုးထဲရှိရေ ပြည့်မြဲပြည့်နေသည်ကို
တွေ့မြင်ရ၍ ဝမ်းသာပီတိဖုံးကာ
ကြည်နူးမဆုံးရှိခဲ့သည်။

        သူမသည် မလျော့သောရေအိုးဖြင့်
အိမ်ပြန်ရောက်သည့်အခါ
အိမ်ရှင်မှ ဆူပူကြိမ်းမောင်းလျက် ရင်ဝကို
ဖနောင့်ဖြင့်အကြိမ်ကြိမ်ဆောင့်ကန်နှိပ်စက်
မှုဒဏ်ကြောင့် ပုံလျှက်လဲကျသေဆုံးခဲ့ရသည်။
   
      ရေကုသိုလ်ကြောင့် သူမသည် အိပ်ပျော်ရာမှ
နိုးလာသကဲ့သို့ တာဝတိံသာ နတ်ပြည်တွင်
နတ်သမီး(၁၀၀၀) ခြံရံ၍ တန်ခိုးကြီးမားသော
(နတ်သမီးအကြီးအကဲ )ဖြစ်ခဲ့ရသည်။
 
         ဘုရားရှင်သည် ညီတော်အာနန္ဒာအား
ရေခပ်ခိုင်းရာ   ရေတွင်းအားလုံးကို ရွာသားများက
အမုှိက်သရိုက်များ ဆို့ပိတ်ဖျက်ဆီးထားသဖြင့်
ရေမရနိုင်ကြောင်းလျောက်ထားလေသည်။

         ဘုရားရှင်သည်(၃) ကြိမ်တိုင်
ခွန်းဆင့်ခိုင်းစေသဖြင့် အရှင် အာနန္ဒာ
သပိတ်ဆွဲကာ ရေခပ်ထွက်ကြွလေရာ
ရေတွင်းနားရောက်သောအခါ ရေတွင်းမှ
ရေများပန်းထွက်လာကြသဖြင့်
ရေအလိုရှိသလောက်ခပ်ယူ နိုင်ခဲ့သည်။

        ထိုရွာနှင့် ထိုရွာ၏ ပတ်ဝန်းကျင်ရှိ
ရေတွင်းအားလုံးမှလည်း ရေများ ဒလဟော
ပန်းထွက်လာကြသော ရေလုံးကြီးများကြောင့်
တရွာလုံးသို့ရေလွှမ်းလာသည်ကို မကြုံစဖူးထူးကဲစွာ
တွေ့ကြရသောအခါ ရွာလူကြီးများနှင့်
တရွာလုံးလူများ ထိန့်လန့် တုန်လှုပ် ကြောက်ရွံ့ ကြကာ
မြတ်စွာဘုရားရှင်ထံသို့ အလျင်အမြန် အပြေးရောက်လာကြသည်။
ဝန်ချတောင်းပန်ကန်တော့ပြီးနောက်
တရွာသားလုံးဘေးကင်းချမ်းသာခဲ့ကြသည်။
  
       တစ်ရွာသားလုံးသည် ဘုရားရှင်နှင့်
သံဃာတော်များအား ကြည်ညိုကြသဖြင့်
နောက်တနေ့ ဆွမ်းကပ်ကြရာ ထိုပွဲသို့
ရေအလှူရှင် နတ်သမီးသည် ဗိမာန်၊ ဥယျာဉ်၊
ရေတံခွန်၊ စိမ့်စမ်း နတ်ဘုံ ဗိမာန်တို့ကိုပါ
ယူဆောင်လျှက် နတ်သမီးအခြံရံများဖြင့်
ဘုရားရှင်ထံသို့ လာရောက်ဖူူးမျှော်ခဲ့ကြသည်။

       တရားနာအပြီး ထိုရေအလှူရှင်
နတ်သမီးသည် အပါယ်လေးပါးတံခါး
လုံးဝပိတ်သိမ်းပေးသော သောတာပတ္တိမဂ်ဉာဏ်၊
ဖိုလ်ဉာဏ်များကို ရင်ဝယ်ပိုက်လျှက်
နတ်ပြည်သို့ပြန်ခဲ့လေသည်။

ဤမှတ်တမ်းအပြင် သံယုတ္တနိကာယ်တွင်
ရေအလှူသည် အပါယ်တံခါး ပိတ်ကြောင်း
ကောင်းမှု အလှူဟု ဘုရားရှင် ချီးမွှမ်း
ဟောကြားထားသည်။

ကုသိုလ်အလှူရှင် အိပ်ပျော်နေသော်လည်း ရေအလှူ
ကုသိုလ်သည်ကား အိပ်ပျော် သကဲ့သို့ မရှိပါဘဲ
အမြဲပွားတိုး ကုသိုလ်အကျိုး ဆထက်တိုး
နေသော အလှူတော်မျိုး ဖြစ်ကြောင်း
ဟောကြားထားသည်။

အဝီစိတွင်းရေများသည် မြေအောက်မှ
မြေပြင်၏  အထက်သို့ ဆန်တက်
နေသော ရေပန်းများ ဖြစ်သကဲ့သို့
ကုသိုလ်ရှင်တို့သည်လည်း ဤကုသိုလ်ကြောင့်
နိဗ္ဗာန်တိုင် ဆန်တက်နိုင်မည့် ကုသိုလ်မျိုး
ဖြစ်၍ မွန်မြတ်သော ကောင်းမှု အစစ်ဟူ၍
တင်ပြအပ်ပါသည်။

(ရန်ကုန်၊ သာကေတ၊ သစ္စာပါရမီလေးထပ်ခွဲ
ကျောင်းတော်တွင် လိုအပ်နေသော
လေးလက္ခမခွဲပိုက် အဝီစိရေတွင်းကို
(၁၈,၀၅,၂၀၁၇)နေ့ စတင် တူးနေပြီ။
၄၅ သိန်းခန့် ကုန်ကျပါမည်။
သီးသန့် လှူဒါန်းလိုသူများရှိပါက ဆက်သွယ်
ကမ္ဗည်းထိုးကာ လှူဒါန်းနှိုင်ပါသည်။)

အားလုံး ကျန်းမာ ချမ်းသာကြပါစေ..

ဖိုးသူတော် (www.phothutaw.com)
Credit: သစ္စာပါရမီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top