မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားပြီး အမှန်တကယ်ချစ်တဲ့ ကောင်လေးတွေဆီမှာ ဒီအပြုအမူ (၇) ချက် ရှိပါတယ်တဲ့။

၁။ သူ့ရဲ့ဘဝမှာ မင်းကို ဦးစားပေးတယ်။

သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းကတော့ သူ့နှလုံးသားထဲမှာ အထူးနေရာယူထားတဲ့လူတွေပါ။ ဒါပေမယ့် ဒီထက်နက် ရှိုင်းတဲ့နေရာမှာ ပြီးတော့ သူ့ဘဝရဲ့အရေးအပါဆုံး လူစာရင်းရဲ့ ထိပ်ဆုံးမှာ မင်းပဲရှိနေတယ်လို့ မင်းကိုခံစားရအောင် လုပ်ပေးနိုင်ပါတယ်။

၂။ နွေးထွေးတဲ့အကြည့်တွေနဲ့ မင်းကိုကြည့်တတ်တယ်။

မျက်ဝန်းဆိုတာ နှလုံးသားရဲ့ တံခါးပေါက်ပါ။ မင်းချစ်သူက မင်းအပေါ် ဘယ်လိုခံစားလဲဆိုတာသိချင်ရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ အဖြေရှာပါ။ သူရဲ့အကြည့်တွေကနေ မင်းကိုနွေးထွေးကြင်နာမှုတွေပါတဲ့ ခံစားချက်ကို ပေးနိုင်တယ်ဆိုရင် သူကမင်းကို တကယ်ချစ်သူပါ။

၃။ သူ့အကြောင်း မင်းကို အားလုံးပြောပြထားတယ်။

သူ့ဘဝထဲကို မင်းကို ဝင်ခွင့်ပြုထားတဲ့သူပါ။ သူက ဘယ်သူဆိုတာနဲ့ ပတ်သတ်ပြီး မင်းကိုအသေအချာပေးသိထားမယ်။ သူ့ရဲ့အစွဲလမ်းဆုံးနဲ့ စိတ်ဝင်စားမှုအရှိဆုံးနေရာမှာ မင်းပဲရှိနေမယ်။သူကြိုက်တဲ့ဂီတပုံစံ၊ စာအုပ်၊ ရုပ်ရှင်တွေကိုလည်း မင်းကိုပြောပြလိမ့်မယ်။ သူ့အကြိုက်ဆုံးဝါသနာ တွေကိုလည်း မင်းကိုလုပ်ကြည့်စေလိမ့်မယ်။ ဒီလိုနည်းအားဖြင့် သူ့အကြောင်းအားလုံးကို မင်းကိုဖွင့်ဟတတ်တဲ့ လူပါ။

၎။ မင်းရဲ့စိတ်ကို ဖတ်နိုင်တယ်။

မင်းရဲ့စိတ်ကိုသိဖို့ မင်းနဲ့စကားပြောဖို့မလိုအပ်ပါဘူး။ သူကမင်းရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ မင်းရဲ့လတ်တလော စိတ်ခံစားချက်ကို ချက်ချင်းသိတဲ့သူပါ။ ပြီးတော့ ဘယ်လိုလုပ်ရင် မင်းပျော်ရွင်မယ်ဆိုတာကိုလည်း သိနေမယ်။ ပြောရမယ်ဆိုရင် မင်းထက်တောင် မင်းအကြောင်းကို သိနေသူပါ။

၅။ မင်းကို သူ့ချစ်သူဆိုတာ ချပြဖို့ ဝန်မလေးဘူး။

လမ်းလျှောက်သွားတိုင်း မင်းရဲ့လက်ကိုတွဲထားတယ်။ မင်းကို သူတစ်ယောက်တည်း သိရုံမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ သိစေမယ်။ မင်းနဲ့ပတ်သတ်ပြီး လောကကြီးနဲ့ ခွဲခြားထားတာမျိုးလည်းမရှိဘူး။ မင်းကိုပိုင်ဆိုင်ရတာကို အမြဲဂုဏ်ယူနေတဲ့ ယောက်ျားလေးပါ။

၆။ သူချစ်တာကို အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြတတ်တယ်။

သူကစကားတွေ အများကြီးပြောတတ်သူမဟုတ်ဘူး။ သူ့ရဲ့ ခံစားချက်တွေ စိတ်အခြေအနေတွေကို မင်းကိုဖွင့်ပြောတာမျိုး နည်းလိမ့်မယ်။ ဒါပေမယ့် သူက မင်းနေမကောင်းရင် ဂရုစိုက်တတ်တယ်။ မင်းပင်ပန်းလာတိုင်း ညစာပို့ပေးတယ်။ မင်းချစ်တဲ့အရာတိုင်းကိုလည်း လိုက်ချစ်ပေးနေတတ်တယ်။

၇။ မင်းနဲ့ပတ်သက်ပြီး အမှန်တကယ် စိတ်ဝင်စားမှုရှိတယ်။

သူ့ဘဝကို မင်းဆီမှာ ပုံအပ်ထားတယ်။ မင်းနဲ့ပတ်သတ်ပြီး အရာရာတိုင်းကို သိချင်တယ်။ မင်းရဲ့အားနည်းတဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ကူညီပြုပြင်ပေးတယ်။ မင်းနဲ့ပတ်သတ်ပြီး အရာအားလုံးကို ချစ်မြတ်နိုးပေးနေတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eitz Aung ( Love Shop )

#Unicode Version#
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top