ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

မန္ခ်က္စတာႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က သူမႏွစ္ေပါင္းမ်ားစြာသိုဝွက္လာခဲ့တဲ့ လူသတ္မႈ ကို ရဲစခန္းသို႔လာေရာက္ခံဝန္ခ်က္ေပးခဲ့တဲ့အတြက္ ရဲေတြဟာ သူမရဲ႕အိမ္ကို အပူတျပင္း သြားေရာက္ ရွာေဖြခဲ့ၾကၿပီး တနလၤာေန႔ညမွာေတာ့ ေနာက္ၿခံမွာ ျမဳပ္ထားတဲ့ အမ်ိဳးအစားခြဲျခားမရတဲ့ခႏၶာကိုယ္ကို ေတြ႕ရွိခဲ့ၾကပါတယ္။

အသက္ ၆၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီအမ်ိဳးသမီးဟာ တစ္ေယာက္တည္းေနထိုင္သူျဖစ္ၿပီး ရဲေတြကေတာ့ ရွာေဖြေတြ႕ရွိခဲ့တဲ့ အေလာင္းဟာ ေယာက်ာ္းတစ္ေယာက္ျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။ သူမရဲ႕အိမ္နီးခ်င္းက သူမရဲ႕ မိဘေတြဟာ ဆုံးသြားတာၾကာၿပီျဖစ္ၿပီး သူမရဲ႕သမီးကိုမူ မေတြ႕တာၾကာၿပီျဖစ္ေၾကာင္း၊ သူမရဲ႕ ေခြးနဲ႔ လမ္းေလွ်ာက္ထြက္ေနတာကို ေန႔တိုင္းေတြ႕ရေၾကာင္း၊ သူမဟာ တစ္ေယာက္တည္းေနတတ္သူျဖစ္ေၾကာင္း ရဲေတြ ကို ေျပာျပခဲ့ပါတယ္။

ရဲေတြက စစ္ေဆးမႈမ်ားဟာ အခုမွ အစသာရွိေသးၿပီး ေမးခြန္းအမ်ားႀကီးေမးဖို႔ က်န္ေသးတယ္လို႔ ေျပာခဲ့ၿပီး ထို အမ်ိဳးသမီးကို လူသတ္တရားခံအျဖစ္သံသယရွိမႈျဖင့္ ထိန္းသိမ္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY

# Unicodeဖွင့ျဖတျရနျ #

မန်ချက်စတာနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူမနှစ်ပေါင်းများစွာသိုဝှက်လာခဲ့တဲ့ လူသတ်မှု ကို ရဲစခန်းသို့လာရောက်ခံဝန်ချက်ပေးခဲ့တဲ့အတွက် ရဲတွေဟာ သူမရဲ့အိမ်ကို အပူတပြင်း သွားရောက် ရှာဖွေခဲ့ကြပြီး တနင်္လာနေ့ညမှာတော့ နောက်ခြံမှာ မြုပ်ထားတဲ့ အမျိုးအစားခွဲခြားမရတဲ့ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြပါတယ်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးဟာ တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီး ရဲတွေကတော့ ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းဟာ ယောကျာ်းတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူမရဲ့အိမ်နီးချင်းက သူမရဲ့ မိဘတွေဟာ ဆုံးသွားတာကြာပြီဖြစ်ပြီး သူမရဲ့သမီးကိုမူ မတွေ့တာကြာပြီဖြစ်ကြောင်း၊ သူမရဲ့ ခွေးနဲ့ လမ်းလျှောက်ထွက်နေတာကို နေ့တိုင်းတွေ့ရကြောင်း၊ သူမဟာ တစ်ယောက်တည်းနေတတ်သူဖြစ်ကြောင်း ရဲတွေ ကို ပြောပြခဲ့ပါတယ်။

ရဲတွေက စစ်ဆေးမှုများဟာ အခုမှ အစသာရှိသေးပြီး မေးခွန်းအများကြီးမေးဖို့ ကျန်သေးတယ်လို့ ပြောခဲ့ပြီး ထို အမျိုးသမီးကို လူသတ်တရားခံအဖြစ်သံသယရှိမှုဖြင့် ထိန်းသိမ်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top