စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×










မိန်းမယူစ ကြောင်သေမှတဲ့ ယောက်ျားတို့ ပါဝါ အကျမခံပဲ ထိုနည်းဖြင့် ပြတ်ပြတ်သားသား မိန်းမကို အနိုင်ယူနိုင်ကြပါစေ ... ။

Credit: Ko Lynn

#Unicode Version#
၁ - ဘယ်တော့မှ ဦးစားမပေးပါနဲ့... မနက်စာ ပြင်ဆင်တဲ့အခါမျိုး ကိုယ်တိုင်ထ' လုပ်ပစ်လိုက်ပါ

၂ - စကားကို တစ်ခွန်းထက် ပိုမပြောပါစေနဲ့ " မောင် ... ဒါလေးဝယ်ပေးနော် " လို့ပြောရင် ထပ်အပြောမခံပါနဲ့

၃ - အစစ အရာရာ ကိုယ့်လက် ကိုယ်ခြေပဲ ဖြစ်နေပါစေ " အဝတ်လျှော် ၊ မီးပူတိုက် ၊ အိမ်သန့်ရှင်းရေးက အစ ကိုကို တာဝန်ယူမယ် "

 ၄ - ကိုယ့် စကားတစ်ခွန်းပဲ ဖြစ်နေပါစေ " ချစ် ... သွားနားနေလိုက်နော် "

၅ - ဘယ်တော့မှ အကောင်းမပြောပါနဲ့ " ချစ်လက်ရာ မကြိုက်ဘူး ကိုကိုပဲချက်မယ် "

၆ - အရာရာ အလိုမလိုက်ပါနဲ့ " သွား ... လာမနှိပ်ပေးနဲ့ "

၇ - အမြဲတမ်း ရှေ့က ဦးဆောင်ပါ " အိမ်ပြင် ဈေးဝယ် မီတာခ ဆောင်တာမျိုးတွေ ကိုကိုပဲ ဦးဆောင်မယ် "

 ၈ - အိမ်ပြင် သိပ်မထွက်ပါစေနဲ့ " နေကြာစေ့စားချင် ကိုကိုပဲ သွားဝယ်ပေးမယ် "

၉ - ကိစ္စတိုင်း ကြိုအသိပေးစရာ မလိုပါဘူး " ချစ်ရဲ့ မွေးနေ့အတွက် လွန်ခဲ့တဲ့ လကတည်းက ဆွဲကြိုးလေးဝယ်ထားတာ "

မိန်းမယူစ ကြောင်သေမှတဲ့ ယောကျ်ားတို့ ပါဝါ အကျမခံပဲ ထိုနည်းဖြင့် ပြတ်ပြတ်သားသား မိန်းမကို အနိုင်ယူနိုင်ကြပါစေ ... ။


ဖိုးသူတော် (www.phothutaw.com)
Credit: Ko Lynn


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top