×
Credit: Nang Cherry
# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံရှိ တရုတ်အမျိုးသားတစ်ယောက် အိမ်သာတက်နေရင်း ကလေးငယ် အော်ငိုသံကို အိမ်သာပိုက်လိုင်းထဲကနေကြားနေရပါတယ်။ ကလေးငိုသံက ဆက်တိုက် အော်ငိုကာ တိတ်မသွားပဲ ပိုက်လိုင်းကနေ လာတဲ့ ကလေးအသံကို သေချာစွာကြားရပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့ရောက်မလာမှှီ ပိုက်လိုင်းကို ဖြတ်တောက်လိုက်တော့ မွေးကင်းစ ကလေးငယ်လေး ပိုက်လိုင်းမှာ ကြပ်နေတာကို တွေ့ရပါတယ်။ ကလေးကို ဆေးရုံ အမြန်ပို့ဆောင်ပြီး ကလေးငယ်ကို အတတ်နိုင်ဆုံး ကယ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ကလေးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ကလေးကို အိမ်သာထဲ မျှောချခဲ့တယ်လို့ သိရပါတယ်။ ကလေးစွန့်ပစ်သူ မိန်းကလေးကို တာဝန်ရှိ ရဲတွေက စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Nang Cherry
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top