ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေဟာင္ေကာင္မွာ ႏွစ္(၂​ဝ)ၾကာ သန္႔႐ွင္းေရးအျဖစ္အလုပ္လုပ္ခဲ့တဲ့ ဖိလစ္ပိုင္အေမကို မၾကာေသးမီကပဲ ပိတ္ရက္မွာသားျဖစ္သူက အာ႐ွတစ္ခြင္ကိုလိုက္ပို႔ေပးခဲ့ပါတယ္။

Hans Alcanzare က သူ႔ရဲ႕ (၆၁)ႏွစ္မိခင္ Teresita Alcanzare ကိုမိသားစုနဲ႔ခဲြခြာျပီး နယ္ေဝးရပ္ေဝးမွာ ခက္ခဲစြာလုပ္ကိုင္ခဲ့တဲ့အတြက္ ေက်းဇူးဆပ္တဲ့အေနနဲ႔ ႏိုင္ငံ(၇)ႏိုင္ငံကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ သူတို႔တင္ခဲ့တဲ့ ေဖ့စ္ဘုတ္ပို႔စ္အရ သန္႔႐ွင္းအလုပ္ကေန အနားယူလိုက္တဲ့အေမကို ေက်းဇူးတင္ေၾကာင္း သားျဖစ္သူက ေရးထားခဲ့ပါတယ္။

”အေမ..အခု အိမ္ကိုျပန္ဖို႔အခ်ိန္က်ျပီ။ ကၽြန္ေတာ္၆ႏွစ္သားေလးတည္းက ကၽြန္ေတာ္တို႔ကိုေကာင္းေကာင္းမြန္မြန္ထားႏုိင္ဖို႔ အေမထြက္သြားတာကို ကၽြန္ေတာ္ခုထိျမင္ေယာင္ေနေသးတယ္။ ႏွစ္( ၂၀)ၾကာတဲ့အထိ အလုပ္လုပ္ျပီးဆိုေတာ့ ကၽြန္ေတာ္တို႔အိပ္မက္ေတြကို အေကာင္ထည္ေဖာ္ဖို႔ပဲလိုေတာ့တယ္။ အေမ ကၽြန္ေတာ္တုိ႔ကိုမစြန္႔ပစ္သြားတာ ကၽြန္ေတာ္တုိ႔အရမ္းကံေကာင္းတယ္ ။ အိမ္ကိုမျပန္ေသးခင္ ကၽြန္ေတာ္တို႔ ခရီးစဥ္ေတြကို ေပ်ာ္ေပ်ာ္ၾကီးသြားရေအာင္”လို႔ Hans Alcanzare ကေရးထားပါတယ္။

သူနဲ႔ အေမျဖစ္သူ ေဟာင္ေကာင္ေလဆိပ္မွာရပ္ျပီး႐ိုက္ထားတဲ့့ပံုက မထင္မွတ္ဘဲ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔သြားကာ ဖိလစ္ပိုင္အင္တာနက္သံုးစဲြသူေတြအၾကား နာမည္ၾကီးသြားခဲ့ရတယ္။ Alcanzareနဲ႔ သူ႔အေမဟာ စင္ကာပူအျပင္ ထိုင္း၊အင္ဒိုနီး႐ွား၊ ဗီယမ္နမ္၊ ထိုင္ဝမ္ ၊မေလး႐ွားနဲ႔ Macau တို႔ကိုအလည္ပတ္သြားခဲ့ပါတယ္။

”အေမ့အျပံဳးကိုျမင္ရတာ အေပ်ာ္ဆံုးပါပဲ။ ဒီလိုခရီးသြားဖို႔ အိပ္မက္ထားခဲ့တာ ႏွစ္၂၀႐ွိသြားပါျပီ။ ေနာက္ဆံုးေတာ့ သြားႏုိင္ခဲ့ျပီ ”

သားသမီးေတြအားလံုး ေကာလိပ္အသီးသီးတက္..ဘဲြ႔ရျပီးလို႔ အလုပ္ကိုင္ေတြနဲ႔အဆင္ေျပတဲ့အထိ ခက္ခက္ခဲခဲလုပ္ကုိင္ျပီး ေထာက္ပံ့ေပးခဲ့တဲ့အတြက္ အေမျဖစ္သူကို ေျပာမျပႏိုင္ေလာက္ေအာင္ေက်းဇူးတင္ေၾကာင္း Alcanzareက ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Buzzy

# Unicode Version ျဖင့္ ဖတ္ပါ #
ဟောင်ကောင်မှာ နှစ်(၂ဝ)ကြာ သန့်ရှင်းရေးအဖြစ်အလုပ်လုပ်ခဲ့တဲ့ ဖိလစ်ပိုင်အမေကို မကြာသေးမီကပဲ ပိတ်ရက်မှာသားဖြစ်သူက အာရှတစ်ခွင်ကိုလိုက်ပို့ပေးခဲ့ပါတယ်။

Hans Alcanzare က သူ့ရဲ့ (၆၁)နှစ်မိခင် Teresita Alcanzare ကိုမိသားစုနဲ့ခွဲခွာပြီး နယ်ဝေးရပ်ဝေးမှာ ခက်ခဲစွာလုပ်ကိုင်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ နိုင်ငံ(၇)နိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့တင်ခဲ့တဲ့ ဖေ့စ်ဘုတ်ပို့စ်အရ သန့်ရှင်းအလုပ်ကနေ အနားယူလိုက်တဲ့အမေကို ကျေးဇူးတင်ကြောင်း သားဖြစ်သူက ရေးထားခဲ့ပါတယ်။

”အမေ..အခု အိမ်ကိုပြန်ဖို့အချိန်ကျပြီ။ ကျွန်တော်၆နှစ်သားလေးတည်းက ကျွန်တော်တို့ကိုကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ အမေထွက်သွားတာကို ကျွန်တော်ခုထိမြင်ယောင်နေသေးတယ်။ နှစ်( ၂၀)ကြာတဲ့အထိ အလုပ်လုပ်ပြီးဆိုတော့ ကျွန်တော်တို့အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ပဲလိုတော့တယ်။ အမေ ကျွန်တော်တို့ကိုမစွန့်ပစ်သွားတာ ကျွန်တော်တို့အရမ်းကံကောင်းတယ် ။ အိမ်ကိုမပြန်သေးခင် ကျွန်တော်တို့ ခရီးစဉ်တွေကို ပျော်ပျော်ကြီးသွားရအောင်”လို့ Hans Alcanzare ကရေးထားပါတယ်။

သူနဲ့ အမေဖြစ်သူ ဟောင်ကောင်လေဆိပ်မှာရပ်ပြီးရိုက်ထားတဲ့ပုံက မထင်မှတ်ဘဲ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားကာ ဖိလစ်ပိုင်အင်တာနက်သုံးစွဲသူတွေအကြား နာမည်ကြီးသွားခဲ့ရတယ်။ Alcanzareနဲ့ သူ့အမေဟာ စင်ကာပူအပြင် ထိုင်း၊အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်ဝမ် ၊မလေးရှားနဲ့ Macau တို့ကိုအလည်ပတ်သွားခဲ့ပါတယ်။

”အမေ့အပြုံးကိုမြင်ရတာ အပျော်ဆုံးပါပဲ။ ဒီလိုခရီးသွားဖို့ အိပ်မက်ထားခဲ့တာ နှစ်၂၀ရှိသွားပါပြီ။ နောက်ဆုံးတော့ သွားနိုင်ခဲ့ပြီ ”

သားသမီးတွေအားလုံး ကောလိပ်အသီးသီးတက်..ဘွဲ့ရပြီးလို့ အလုပ်ကိုင်တွေနဲ့အဆင်ပြေတဲ့အထိ ခက်ခက်ခဲခဲလုပ်ကိုင်ပြီး ထောက်ပံ့ပေးခဲ့တဲ့အတွက် အမေဖြစ်သူကို ပြောမပြနိုင်လောက်အောင်ကျေးဇူးတင်ကြောင်း Alcanzareက ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top