iMyanmarHouse.com - Best Property Website for Myanmar
×





Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #
သန္တာလှိုင်ရဲ့ အမျိုးသားက သူမရဲ့ ခြေထောက်ကို နမ်းရင်း “မာမီ ခြေသလုံးမွှေးတွေနဲ့” လို့ ပြောလိုက်ပါသတဲ့။ တကယ်က သူမခြေသလုံးက အမွှေးအမျှင်တွေက အနီးကပ်ကြည့်ရင်တောင်မမြင်ရလောက်အောင် သေးမျှင်နေပြီး မမြင်ရပါဘူးလို့ သူမက ပြန်လည်ပြောဆိုထားတာပါ။

ဒါပေမယ့် သူမရဲ့ စတေ့တပ်ကတော့ ခြေသလုံးမွှေးမရိတ်ထားတဲ့ ကောင်မလေးတွေကို ကောင်လေးတွေက ဟာားတတ်ကြတဲ့အကြောင်း ပြောပြရင်း သူမက waxing လုပ်တာက ရိတ်တာတွေထက် ပိုပြီး အဆင်ပြေကာ အမွှေးအမျှင်တွေ ကြမ်းတမ်းလာတာကို ကာကွယ်စေတယ်ဆိုပြီး ရှင်းပြထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူမရဲ့ စတေ့တပ်ကို ဝေဖန်ပြောဆိုသူတွေရော၊ လှောင်ပြောင်သူတွေပါ အများကြီး ရှိနေခဲ့ပြီး သူမရဲ့ စတေ့တပ်ကို ပြန်လည်မျှဝေသူပေါင်း ၅၀၀ ကျော် ရှိနေပြီပဲဖြစ်ပါတယ်။ သန္တာလှိုင်က အရင်တစ်ခါတုန်းကလည်း မီးဖိုထဲမှာတောင် ယောကျာ်း ကိုင်ချင်အောင်နေပါဆိုတဲ့ ပုံစံမျိုးပြောဆိုခဲ့မှုအပေါ် အခုလိုပဲ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ဖူးပါသေးတယ်။ စေတနာနဲ့ အသိပညာလေးတွေ မျှဝေတတ်တဲ့ သူမရဲ့ အလွဲလေးတွေကို အားလုံးက ချစ်စနိုး စနောက်နေကြတာပဲ ဖြစ်ပါတယ်။

သူမက သူမရဲ့ မိသားစုနေ့စဉ်ဘဝတွေကို ပွင့်ပွင့်လင်းလင်း လူမှုကွန်ယက်မှာ ရေးသားတတ်သူ တစ်ယောက်ဖြစ်ပြီး အခု တစ်ခေါက်မှာလည်း ခြေသလုံးမွှေးကိစ္စနဲ့ တော်တော်ကို ဂယက်ရိုက်နေကြတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top