န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အိုမင္းရင့္ေရာ္ေစတယ္ဆိုတာမ်ိဳးဟာ အလွပ်က္မယ္ဆုိတာေလးနဲ႔တင္ ရပ္တန္႔သြားတဲ့အရာ မဟုတ္ပါဘူး။ သင့္ရဲ႕က်န္းမာေရးနဲ႔ပါ ဆက္စပ္ေနတာမုိ႔  သင္ဟာ ခုေဖာ္ျပေပးမယ့္ အခ်က္ေတြကို အၿမဲလုပ္ျဖစ္ေနတယ္ဆုိရင္ ပထမဆံုးအေနနဲ႔ ေလွ်ာ့ခ်ပစ္ႏိုင္ဖုိ႔ ႀကိဳးစားပါ။ ဒီအက်င့္ဆိုးေတြကို စြန္႔လႊတ္ႏိုင္မယ္ဆုိရင္ အေကာင္းဆံုးျဖစ္ေပမယ့္ ပထမဆံုးအေနနဲ႔ကေတာ့ ဒီအက်င့္ေတြ တစ္ျဖည္းျဖည္း ေပ်ာက္ကြယ္သြားေအာင္ သင့္ဘက္က အခ်ိန္ယူႀကိဳးစားရမွာပါ။

၁။ တစ္ခုခုဆို စိတ္ပူတတ္တဲ့ အက်င့္ကို ျပင္ပါ။

သင္ဟာ ကိစၥရပ္တုိင္းကို လုိက္ၿပီး စိတ္ပူတတ္တဲ့သူမ်ိဳးလား။ ဘာမဟုတ္တဲ့ အေသးအဖြဲေလးေတြကိုေတာင္ စိတ္ပူတတ္တဲ့သူဆုိရင္ ဘ၀လမ္းခရီးတစ္ေလွ်ာက္ ေတြ႕ၾကံဳလာရမယ့္ အခက္အခဲေတြကို သင္ကိုင္တြယ္ေျဖရွင္းဖုိ႔ ေတာ္ေတာ္ ေလးခက္ခဲပါလိမ့္မယ္။ ဒီေတာ့ စိတ္ပိုင္းဆုိင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာမွာပါ ထိခိုက္မႈေတြ ရွိလာတတ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ပူပန္တတ္တဲ့အက်င့္ကို ျပင္ပါ။ ေယာဂေဆာ့တာမ်ိဳး၊ တရားထိုင္တာမ်ိဳးေတြနဲ႔ သင့္စိတ္ပိုမုိတည္ၿငိမ္ေအာင္ ႀကိဳးစားၾကည့္ပါ။

၂။ေန႔စဥ္သံုးေပးရမယ့္ skin care ေတြကို မသံုးေပးတဲ့အက်င့္ကလည္း ျပင္ရမွာပါပဲ။

ကိုယ့္အသက္အရြယ္ေပၚ မူတည္ၿပီး သံုးသင့္တဲ့ skin care ေတြရွိပါတယ္။ eye-cream ဆုိလည္း eye-cream အသက္ရလာတာနဲ႔အမွ် ေသေသခ်ာခ်ာကို ဂရုစိုက္ေပးရမွာပါ။ ဒါကို အသားအေရအတြက္ ျဖစ္သလို ထားလိုက္မယ္ဆုိရင္ေတာ့ သင့္မ်က္ႏွာဟာ လိုတာထက္ပိုၿပီး လြယ္ကူစြာ ရင့္ေရာ္လာပါလိမ့္မယ္။

၃။အစားအေသာက္ကို ျဖစ္သလိုစားတဲ့ အက်င့္ကိုျပင္ပါ။

အသီးအႏွံ မစားပဲ အသားေတြခ်ည္း စားေနတဲ့သူတစ္ေယာက္ဟာ အသားအေရပိုင္းဆုိင္ရာမွာ ျပႆ      နာျဖစ္ပါလိမ့္မယ္။ ပါးေရတြန္႔တာမ်ိဳးေတြက ဒီလို အစားအေသာက္နဲ႔လည္း သက္ဆုိင္ေနၿပီး ေန႔စဥ္ အသီးအႏွံေတြ၊ အရြက္ေတြစားေပး တဲ့လူဟာ တစ္ျခားလူေတြထက္ ပိုႏုတယ္လို႔ ဆိုပါတယ္။

၄။ကိုယ္လက္ေလ့က်င့္ခန္း လုပ္ျဖစ္ေအာင္လုပ္ပါ။

GYM ေဆာ့တာ၊ အိမ္မွာ ပံုမွန္ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာမ်ိဳးေတြဟာ သင့္အတြက္ ေသြးလည္ပတ္မႈေကာင္းမြန္ေစတဲ့အျပင္၊ ပံုမွန္ ေခၽြးထြက္ေနတဲ့အတြက္လည္း အသားအေရကို ၾကည္လင္ေစပါတယ္။ အထူးသျဖင့္ က်န္းမာေရးအရေရာ၊ ရုပ္ပိုင္းဆုိင္ရာအတြက္ပါ လုပ္ကိုလုပ္သင့္ပါတယ္။

၅။အိပ္ခ်ိန္ နည္းပါးတာကလည္း အိုမင္းရင့္ေရာ္ေစတာပါပဲ။

ငယ္ငယ္တုန္းကလည္းေတာ့ မိဘေတြက အိပ္ခ်ိန္ဆုိရင္ အိပ္ဖုိ႔ အတင္းတိုက္တြန္းေျပာဆုိတာေၾကာင့္ အိပ္လုိက္ရတယ္။ အိပ္စက္ျခင္းမွာ အက်ိဳးေက်းဇူး ဘယ္ေလာက္ရွိတယ္ဆိုတာ ကိုယ္ေတြ သတိမထားမိခဲ့ဘူး။ တစ္ေန႔မွာ အိပ္ခ်ိန္ ၈နာရီမရွိဘူးဆုိရင္ သင္ဟာ ခံႏိုင္ရည္အား ထင္သေလာက္မရွိေတာ့ပါဘူး။ အသားအေရေျခာက္တာမ်ိဳးေတြ ျဖစ္လာမယ္။ က်န္းမာေရးအရလည္း ထိခုိက္မႈေတြရွိလာမယ္။ အထူးသျဖင့္ အိုမင္းရင့္ေရာ္ျခင္းကို လြယ္ကူစြာ ခံစားလာရမွာပါ။

၆။Sunscreen ကလည္း သံုးသင့္သေလာက္ သံုးေပးရပါလိမ့္မယ္။

ကိုယ္က ေန႔တုိင္း ေနပူထဲ သြားလာေနရတယ္ဆုိရင္ Sunscreen လိမ္းကိုလိမ္းေပးသင့္ပါတယ္။ ကမ္းေျခသြားေတာ့မွ Sunscreen ထည့္သြားတာမ်ိဳးဟာ အဓိပၸါယ္မရွိလွပါဘူး။ ပံုမွန္လိမ္းေပးဖုိ႔ လိုပါတယ္။ ေနပူဒဏ္ကို အကာအကြယ္မရွိ ေန႔တုိင္းနီးပါး ထိေတြ႕ေနတဲ့သူေတြဟာ ကာကြယ္ထားတဲ့သူေတြထက္ေတာ့ အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစႏိုင္တာ အေသအခ်ာပါပဲ။

၇။ေဆးလိပ္ကို ေလွ်ာ့ေသာက္ဖုိ႔လိုပါတယ္။

ေဆးလိပ္ေသာက္ရင္ ႏႈတ္ခမ္းေတြ မည္းလာတတ္တယ္ဆုိတာ အားလံုးသိၿပီးသားပါ။ အသားအေရပ်က္စီးလာမယ္။ ၾကာရွည္စြဲေသာက္တဲ့သူဆုိရင္ သြားေတြ၀ါလာမယ္။ ပါးေရလည္တြန္႔လာမယ္။ ကဲ ဒီေလာက္ျဖစ္ေနမွေတာ့ အလြယ္တကူ အိုမင္းရင့္ေရာ္ေစတယ္ဆိုတာ ထပ္ေျပာဖုိ႔ေတာင္ မလိုေတာ့ပါဘူး။

၈။ပံုမွန္လိင္ဆက္ဆံေပးတာမ်ိဳးကလည္း သင့္ကိုႏုပ်ိဳေစပါတယ္။

ရုပ္ပိုင္းဆုိင္ရာ ႏုပ်ိဳဖုိ႔ဆိုတာ စိတ္ပုိင္းဆုိင္ရာမွာလည္း ေက်နပ္မႈ၊ သာယာမႈရွိမွ ျဖစ္တာပါ။ ကိုယ့္ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ပံုမွန္လိင္ဆက္ဆံေပးမယ္ဆိုရင္ သင့္စိတ္ထဲမွာရွိေနတဲ့ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ သင့္ကိုလည္း ပိုမုိႏုပ်ိဳေစပါလိမ့္မယ္။

Ref:lifespan.com
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lyhealthy
#Unicode Version#
အိုမင်းရင့်ရော်စေတယ်ဆိုတာမျိုးဟာ အလှပျက်မယ်ဆိုတာလေးနဲ့တင် ရပ်တန့်သွားတဲ့အရာ မဟုတ်ပါဘူး။ သင့်ရဲ့ကျန်းမာရေးနဲ့ပါ ဆက်စပ်နေတာမို့  သင်ဟာ ခုဖော်ပြပေးမယ့် အချက်တွေကို အမြဲလုပ်ဖြစ်နေတယ်ဆိုရင် ပထမဆုံးအနေနဲ့ လျှော့ချပစ်နိုင်ဖို့ ကြိုးစားပါ။ ဒီအကျင့်ဆိုးတွေကို စွန့်လွှတ်နိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပေမယ့် ပထမဆုံးအနေနဲ့ကတော့ ဒီအကျင့်တွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားအောင် သင့်ဘက်က အချိန်ယူကြိုးစားရမှာပါ။

၁။ တစ်ခုခုဆို စိတ်ပူတတ်တဲ့ အကျင့်ကို ပြင်ပါ။

သင်ဟာ ကိစ္စရပ်တိုင်းကို လိုက်ပြီး စိတ်ပူတတ်တဲ့သူမျိုးလား။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကိုတောင် စိတ်ပူတတ်တဲ့သူဆိုရင် ဘဝလမ်းခရီးတစ်လျှောက် တွေ့ကြုံလာရမယ့် အခက်အခဲတွေကို သင်ကိုင်တွယ်ဖြေရှင်းဖို့ တော်တော် လေးခက်ခဲပါလိမ့်မယ်။ ဒီတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ပူပန်တတ်တဲ့အကျင့်ကို ပြင်ပါ။ ယောဂဆော့တာမျိုး၊ တရားထိုင်တာမျိုးတွေနဲ့ သင့်စိတ်ပိုမိုတည်ငြိမ်အောင် ကြိုးစားကြည့်ပါ။

၂။နေ့စဉ်သုံးပေးရမယ့် skin care တွေကို မသုံးပေးတဲ့အကျင့်ကလည်း ပြင်ရမှာပါပဲ။

ကိုယ့်အသက်အရွယ်ပေါ် မူတည်ပြီး သုံးသင့်တဲ့ skin care တွေရှိပါတယ်။ eye-cream ဆိုလည်း eye-cream အသက်ရလာတာနဲ့အမျှ သေသေချာချာကို ဂရုစိုက်ပေးရမှာပါ။ ဒါကို အသားအရေအတွက် ဖြစ်သလို ထားလိုက်မယ်ဆိုရင်တော့ သင့်မျက်နှာဟာ လိုတာထက်ပိုပြီး လွယ်ကူစွာ ရင့်ရော်လာပါလိမ့်မယ်။

၃။အစားအသောက်ကို ဖြစ်သလိုစားတဲ့ အကျင့်ကိုပြင်ပါ။

အသီးအနှံ မစားပဲ အသားတွေချည်း စားနေတဲ့သူတစ်ယောက်ဟာ အသားအရေပိုင်းဆိုင်ရာမှာ ပြဿ      နာဖြစ်ပါလိမ့်မယ်။ ပါးရေတွန့်တာမျိုးတွေက ဒီလို အစားအသောက်နဲ့လည်း သက်ဆိုင်နေပြီး နေ့စဉ် အသီးအနှံတွေ၊ အရွက်တွေစားပေး တဲ့လူဟာ တစ်ခြားလူတွေထက် ပိုနုတယ်လို့ ဆိုပါတယ်။

၄။ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖြစ်အောင်လုပ်ပါ။

GYM ဆော့တာ၊ အိမ်မှာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ သင့်အတွက် သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အပြင်၊ ပုံမှန် ချွေးထွက်နေတဲ့အတွက်လည်း အသားအရေကို ကြည်လင်စေပါတယ်။ အထူးသဖြင့် ကျန်းမာရေးအရရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ လုပ်ကိုလုပ်သင့်ပါတယ်။

၅။အိပ်ချိန် နည်းပါးတာကလည်း အိုမင်းရင့်ရော်စေတာပါပဲ။

ငယ်ငယ်တုန်းကလည်းတော့ မိဘတွေက အိပ်ချိန်ဆိုရင် အိပ်ဖို့ အတင်းတိုက်တွန်းပြောဆိုတာကြောင့် အိပ်လိုက်ရတယ်။ အိပ်စက်ခြင်းမှာ အကျိုးကျေးဇူး ဘယ်လောက်ရှိတယ်ဆိုတာ ကိုယ်တွေ သတိမထားမိခဲ့ဘူး။ တစ်နေ့မှာ အိပ်ချိန် ၈နာရီမရှိဘူးဆိုရင် သင်ဟာ ခံနိုင်ရည်အား ထင်သလောက်မရှိတော့ပါဘူး။ အသားအရေခြောက်တာမျိုးတွေ ဖြစ်လာမယ်။ ကျန်းမာရေးအရလည်း ထိခိုက်မှုတွေရှိလာမယ်။ အထူးသဖြင့် အိုမင်းရင့်ရော်ခြင်းကို လွယ်ကူစွာ ခံစားလာရမှာပါ။

၆။Sunscreen ကလည်း သုံးသင့်သလောက် သုံးပေးရပါလိမ့်မယ်။

ကိုယ်က နေ့တိုင်း နေပူထဲ သွားလာနေရတယ်ဆိုရင် Sunscreen လိမ်းကိုလိမ်းပေးသင့်ပါတယ်။ ကမ်းခြေသွားတော့မှ Sunscreen ထည့်သွားတာမျိုးဟာ အဓိပ္ပါယ်မရှိလှပါဘူး။ ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ နေပူဒဏ်ကို အကာအကွယ်မရှိ နေ့တိုင်းနီးပါး ထိတွေ့နေတဲ့သူတွေဟာ ကာကွယ်ထားတဲ့သူတွေထက်တော့ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တာ အသေအချာပါပဲ။

၇။ဆေးလိပ်ကို လျှော့သောက်ဖို့လိုပါတယ်။

ဆေးလိပ်သောက်ရင် နှုတ်ခမ်းတွေ မည်းလာတတ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ အသားအရေပျက်စီးလာမယ်။ ကြာရှည်စွဲသောက်တဲ့သူဆိုရင် သွားတွေဝါလာမယ်။ ပါးရေလည်တွန့်လာမယ်။ ကဲ ဒီလောက်ဖြစ်နေမှတော့ အလွယ်တကူ အိုမင်းရင့်ရော်စေတယ်ဆိုတာ ထပ်ပြောဖို့တောင် မလိုတော့ပါဘူး။

၈။ပုံမှန်လိင်ဆက်ဆံပေးတာမျိုးကလည်း သင့်ကိုနုပျိုစေပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နုပျိုဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျေနပ်မှု၊ သာယာမှုရှိမှ ဖြစ်တာပါ။ ကိုယ့် အမျိုးသား၊ အမျိုးသမီးနဲ့ ပုံမှန်လိင်ဆက်ဆံပေးမယ်ဆိုရင် သင့်စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် သင့်ကိုလည်း ပိုမိုနုပျိုစေပါလိမ့်မယ်။

Ref:lifespan.com
ဖိုးသူတော် (www.phothutaw.com)
Credit: lyhealthy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top