AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

႐ိုက္တာသတင္းေထာက္ ႏွစ္ဦးျဖစ္ေသာ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတို႔ကို ယမန္ေန႔က အင္းစိန္ၿမိဳ႕နယ္ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးတြင္ ႐ံုးထုတ္ခဲ့ၿပီး ႏိုင္ငံ ေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ ဥပေဒျဖင့္ တရားစြဲဆိုျခင္းျဖစ္ သည္။

၎တုိ႔ႏွစ္ဦး ဖမ္းဆီးခံရၿပီး တစ္လခန္႔တြင္ ယခုကဲ့သို႔ တရား ခြင္၌ တရားစြဲဆိုခဲ့သည္။

ဇန္နဝါရီ ၁၀ ရက္ ႐ံုးခ်ိန္းသို႔ သတင္းေထာက္ႏွစ္ဦး၏ မိသားစု ဝင္မ်ား၊ ႐ိုက္တာသတင္းဌာန တာဝန္ရွိသူမ်ားႏွင့္ ႏုိင္ငံတကာ သံတမန္အခ်ိဳ႕ လာေရာက္ၿပီး တရားခြင္သို႔ သတင္းေထာက္ ေလးဦးအပါအဝင္ လူ ၄၀ ခန္႔ တက္ေရာက္နားေထာင္ခြင့္ရခဲ့ သည္။

ပထမဆံုး႐ံုးထုတ္ကို ဒီဇင္ဘာလကုန္က မဂၤလာဒံုၿမိဳ႕နယ္ တရား ႐ံုး၌ ႐ံုးထုတ္ခဲ့ၿပီး ယမန္ေန႔ က ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုး သို႔ ေျပာင္းလဲ႐ံုးထုတ္ခဲ့ျခင္းျဖစ္သည္။

နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ ရဲအုပ္အရာရွိအဆင့္တစ္ဦးအပါ အဝင္ စုစုေပါင္းရဲရွစ္ဦးက ဖမ္းဆီး ခံ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး လက္ထိတ္ခတ္လ်က္ျဖင့္ တရား ခြင္အတြင္းသို႔ ေခၚေဆာင္လာ သည္။

တရားခြင္အတြင္း ကိုဝလံုး က ၎အား လက္ထိတ္ခတ္ထား မႈ က်ပ္ေန၍ ေျဖေလွ်ာ့ေပးရန္ တာဝန္က်ရဲတပ္ဖြဲ႕ဝင္တစ္ဦးကို ေတာင္းဆုိရာ အဆုိပါရဲက ကိုဝလံုး သက္ေသာင့္သက္သာ ျဖစ္ေစရန္ ကူညီေပးခဲ့သည္။

တရားခြင္အတြင္း ဝင္ေရာက္ ခြင့္ရေသာ 7Day Daily သတင္း ေထာက္က ကိုဝလံုးကို အဆင္ေျပလားဟု ေမးျမန္းရာ ကိုဝလံုး က လက္မေထာင္၍ ျပန္ၿပံဳးျပ သည္။

တရားခြင္အတြင္း ဒုခ႐ိုင္ တရားသူႀကီးက ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတို႔ ကိုယ္ေရးအ က်ဥ္းကို ေမးျမန္းၿပီးေနာက္ ၎ တုိ႔ႏွစ္ဦးအား ျမန္မာႏုိင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ ပုဒ္မ ၃ အပိုဒ္ ၁(ဂ)ျဖင့္ တရားစြဲ တင္ပုိ႔လိုက္ၿပီျဖစ္ေၾကာင္း ေျပာ ၾကားသည္။ အမႈကို ဒုရဲမွဴးႀကီး ယုႏိုင္က တရားလိုျပဳလုပ္၍ စြဲဆို ျခင္းျဖစ္ေၾကာင္း တရားသူႀကီး၏ ဖတ္ၾကားမႈတြင္ ပါရွိသည္။

တရားလို ဒုရဲမွဴးႀကီး ယုႏိုင္ သည္ ယမန္ေန႔႐ံုးခ်ိန္းသို႔ လာေရာက္ျခင္းမရွိေပ။ ထို႔ေၾကာင့္ တရားသူႀကီးက လာမည့္အပတ္တြင္ တရားလိုလာေရာက္မည္ျဖစ္ ၍ ယင္း႐ံုးခ်ိန္း၌ အမႈကို စတင္စစ္ေဆးမည္ျဖစ္ေၾကာင္း ထပ္မံ ေျပာၾကားသည္။

႐ိုက္တာ သတင္းေထာက္ႏွစ္ဦးႏွင့္အတူ အေရးယူထားေၾကာင္း ထုတ္ျပန္ထားေသာ ဒုရဲမွဴးမိုးရန္ႏုိင္ႏွင့္ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္းတုိ႔ကို ယခုတရားစြဲ ဆိုတင္ပို႔မႈ၌ ပါမလာျခင္းႏွင့္ပတ္ သက္ၿပီး ခ႐ိုင္တရားသူႀကီးအား စြပ္စြဲခံရသူမ်ားဘက္မွ လိုက္ပါ ေဆာင္ရြက္သည့္ တရားလႊတ္ ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္ က ေမးျမန္းခဲ့သည္။

ခ႐ိုင္တရားသူႀကီးက တရား လိုျဖစ္သူ၏ တရားစြဲတင္ပို႔မႈတြင္ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး သာ ပါရွိ၍ ထိုႏွစ္ဦးကိုသာ ေရွ႕ ဆက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္းေျဖဆုိသည္။

ထို႔ေနာက္ သတင္းေထာက္ ႏွစ္ဦး၏ အာမခံေလွ်ာက္ထားမႈကို လာမည့္႐ံုးခ်ိန္းတြင္ ဆံုးျဖတ္မည္ ျဖစ္ေၾကာင္း တရားသူႀကီးက ေျပာသည္။ေနာက္တစ္ႀကိမ္႐ံုးခ်ိန္းကို ဇန္နဝါရီ ၂၃ ရက္သို႔ ထပ္မံခ်ိန္း ဆိုၿပီး တရားခြင္ကို ၁၅ မိနစ္ခန္႔ အၾကာတြင္ ႐ုပ္သိမ္းခဲ့သည္။

႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးႏွင့္ ပုဒ္မတူ အေရးယူထား သည္ဆိုေသာ ဒုရဲမွဴးမိုးရန္ႏိုင္ႏွင့္ ရဲတပ္ၾကပ္ႀကီး ခင္ေမာင္လင္းတို႔ သည္ ယမန္ေန႔က တရားစြဲတင္ပို႔ မႈတြင္ ပါဝင္ျခင္းမရွိေသာ္လည္း အစိုးရဘက္က တင္သြင္းထား သည့္ တရားလိုျပသက္ေသ၌ထည့္သြင္းထားေၾကာင္း ေရွ႕ေန ဦးသန္းေဇာ္ေအာင္ကေျပာၾကားသည္။

အစိုးရဘက္က ၎တုိ႔ႏွစ္ဦး အပါအဝင္ တရားလိုျပသက္ေသ အျဖစ္ ၂၅ ဦး တင္သြင္းထား ေၾကာင္း ၎စာရြက္စာတမ္းမ်ားကို လက္ဝယ္ေတြ႕ရွိမႈႏွင့္ စြဲသည္ဟု အၾကမ္းဖ်င္း သိရေၾကာင္း ၎က ဆက္လက္ေျပာသည္။

၎တို႔ကို ႐ံုးထုတ္အၿပီးတြင္ ရဲအရာရွိတစ္ဦးက လာလမ္းအ တိုင္း ျပန္လည္ေခၚေဆာင္လာ မည္ျဖစ္ေၾကာင္း  သတင္းေထာက္မ်ားအား ေျပာၾကားေသာေၾကာင့္ သတင္းေထာက္မ်ားက အသင့္ေစာင့္ဆိုင္းေနရာယူခဲ့သည္။ သို႔ေသာ္ ေျပာၾကားထားသည့္ လမ္းအတုိင္းမေခၚေဆာင္ဘဲ ေနာက္ေဖးလမ္းမွ ေခၚေဆာင္သြားေသာေၾကာင့္ သတင္းေထာက္မ်ား ေျပးလႊားၿပီး သတင္းမွတ္တမ္းလိုက္လံယူခဲ့ရသလို မိသားစုဝင္မ်ားကလည္း ႐ိုက္တာသတင္းေထာက္ႏွစ္ဦးရွိရာသို႔ အေျပးသြားခဲ့ရသည္။

တရားခြင္အၿပီးတြင္ သတင္းေထာက္ႏွစ္ဦးႏွင့္ ၎တုိ႔မိသားစု ဝင္မ်ားသည္ ၁၀ မိနစ္ခန္႔ၾကာ ေတြ႕ဆံုစကားေျပာခြင့္ရရွိခဲ့သည္။

ခ်က္ခ်င္းပင္ ႐ံုးထုတ္လာ ေသာ သတင္းေထာက္ ကိုဝလံုးက ၎တုိ႔သည္ မတရားဖမ္းဆီးခံရ ျခင္းသာျဖစ္ေၾကာင္း တရား႐ံုးအ ျပင္ဘက္တြင္ ေအာ္ေျပာသည္။

‘‘သူတုိ႔က ျဖစ္ရပ္မွန္ေတြကို ေရးသားေဖာ္ထုတ္မွာကို စိုးရိမ္တဲ့ အတြက္ တရားစြဲတာလို႔ပဲ ကြၽန္ ေတာ္ေျပာခ်င္ပါတယ္။ ကြၽန္ ေတာ္တုိ႔ မီဒီယာသမားမ်ားကို လည္း ကြၽန္ေတာ္ေျပာခ်င္ပါ တယ္။ ေရးသားေဖာ္ထုတ္ေပးၾက ပါ။ အခုလို ေရးသားေဖာ္ထုတ္ရင္း နဲ႔ပဲ ကိုယ့္ရဲ႕လံုၿခံဳေရးကို ဂ႐ုစိုက္ ၾကပါလို႔ ေျပာခ်င္ပါတယ္’’ဟု ကိုဝလံုးက ေအာ္၍ေျပာသြားသည္။

သတင္းေထာက္ ကိုေက်ာ္ စိုးဦးကလည္း ‘‘က်င့္ဝတ္ခ်ိဳး ေဖာက္ခဲ့တာ မရွိဘူး။ သတင္းမီဒီ ယာသမားအတုိင္း လုပ္ခဲ့တာ’’ဟု သတင္းေထာက္မ်ားအား ေျပာ ၾကားသည္။

ကိုေက်ာ္စိုးဦး မိသားစုဝင္ မ်ားက အခ်ဳပ္ကားေနာက္သို႔ လိုက္ၿပီး ေအာ္ဟစ္ငိုေႂကြးေန သည္ကို ေတြ႕ရသည္။

ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုး  အျပင္ဘက္တြင္လည္း သတင္း ေထာက္အခ်ိဳ႕က ဖမ္းဆီးခံ႐ိုက္ တာသတင္းေထာက္ႏွစ္ဦး၏ ႐ုပ္ ပံုပါေသာ ဗီႏိုင္းမ်ားခ်ိတ္ဆြဲ၍ ဆႏၵျပကန္႔ကြက္ခဲ့သည္။

သတင္းေထာက္ႏွစ္ဦး၏ ႐ံုး ထုတ္စစ္ေဆးမႈကို လာေရာက္ သတင္းယူေသာ မီဒီယာသမား မ်ားက ‘မတရားဖမ္းဆီးထား ေသာ သတင္းေထာက္မ်ား ခ်က္ ခ်င္းလႊတ္’ စာတန္းပါ အက်ႌအနက္မ်ား ဝတ္ဆင္၍ သတင္းယူခဲ့ သည္။

ယင္းသတင္းေထာက္ႏွစ္ဦး ကို ဆက္လက္ထိန္းသိမ္းထားျခင္း ႏွင့္ပတ္သက္၍ တတိယအႀကိမ္ေျမာက္ေၾကညာခ်က္ကို ျမန္မာႏိုင္ငံဆိုင္ ရာ အေမရိကန္သံ႐ံုးက ယမန္ေန႔ တြင္ ေၾကညာခ်က္ထုတ္ျပန္သည္။

‘‘႐ိုက္တာ သတင္းေထာက္ မ်ားျဖစ္ၾကေသာ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတုိ႔ကို ႏုိင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒျဖင့္ ဆက္လက္တရားစြဲဆုိရန္ ယေန႔ ဆံုးျဖတ္ခ်က္ ခ်မွတ္လိုက္သည့္ အေပၚ မိမိတုိ႔စိတ္ပ်က္မိပါသည္။ ဒီမိုကေရစီစနစ္ ေအာင္ျမင္ထြန္း ကားေစရန္ သတင္းေထာက္ မ်ားသည္ သူတုိ႔အလုပ္သူတုိ႔လုပ္ ႏိုင္စြမ္းရွိရမည္ျဖစ္ပါသည္။ အ ဆုိပါ သတင္းေထာက္ႏွစ္ဦးကို အျမန္ဆံုးလႊတ္ေပးပါရန္ မိမိတုိ႔ ေတာင္းဆုိအပ္ပါသည္’’ဟု ထုတ္ ျပန္သည္။

ဖမ္းဆီးခံရေသာ သတင္း ေထာက္ႏွစ္ဦးသည္ သတင္းေပး မည္ဟုေခၚ၍ ရဲႏွစ္ဦးကေပးေသာ စကၠဴလိပ္မ်ားတြင္ မည္သည့္အ ရာမ်ားပါသည္ကို မသိရေသးမီ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ႐ိုက္ တာသတင္းေထာက္ႏွစ္ဦး၏ မိ သားစုဝင္မ်ားက ဒီဇင္ဘာ ၂၈ ရက္ ၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
.ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယမန်နေ့က အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နိုင်ငံ တော်လျှို့ဝှက်ချက်များ အက် ဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ် သည်။

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရပြီး တစ်လခန့်တွင် ယခုကဲ့သို့ တရား ခွင်၌ တရားစွဲဆိုခဲ့သည်။

ဇန်နဝါရီ ၁၀ ရက် ရုံးချိန်းသို့ သတင်းထောက်နှစ်ဦး၏ မိသားစု ဝင်များ၊ ရိုက်တာသတင်းဌာန တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်အချို့ လာရောက်ပြီး တရားခွင်သို့ သတင်းထောက် လေးဦးအပါအဝင် လူ ၄၀ ခန့် တက်ရောက်နားထောင်ခွင့်ရခဲ့ သည်။

ပထမဆုံးရုံးထုတ်ကို ဒီဇင်ဘာလကုန်က မင်္ဂလာဒုံမြို့နယ် တရား ရုံး၌ ရုံးထုတ်ခဲ့ပြီး ယမန်နေ့ က မြောက်ပိုင်းခရိုင် တရားရုံး သို့ ပြောင်းလဲရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရဲအုပ်အရာရှိအဆင့်တစ်ဦးအပါ အဝင် စုစုပေါင်းရဲရှစ်ဦးက ဖမ်းဆီး ခံ ရိုက်တာသတင်းထောက်နှစ်ဦး လက်ထိတ်ခတ်လျက်ဖြင့် တရား ခွင်အတွင်းသို့ ခေါ်ဆောင်လာ သည်။

တရားခွင်အတွင်း ကိုဝလုံး က ၎င်းအား လက်ထိတ်ခတ်ထား မှု ကျပ်နေ၍ ဖြေလျှော့ပေးရန် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကို တောင်းဆိုရာ အဆိုပါရဲက ကိုဝလုံး သက်သောင့်သက်သာ ဖြစ်စေရန် ကူညီပေးခဲ့သည်။

တရားခွင်အတွင်း ဝင်ရောက် ခွင့်ရသော 7Day Daily သတင်း ထောက်က ကိုဝလုံးကို အဆင်ပြေလားဟု မေးမြန်းရာ ကိုဝလုံး က လက်မထောင်၍ ပြန်ပြုံးပြ သည်။

တရားခွင်အတွင်း ဒုခရိုင် တရားသူကြီးက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ကိုယ်ရေးအ ကျဉ်းကို မေးမြန်းပြီးနောက် ၎င်း တို့နှစ်ဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ အပိုဒ် ၁(ဂ)ဖြင့် တရားစွဲ တင်ပို့လိုက်ပြီဖြစ်ကြောင်း ပြော ကြားသည်။ အမှုကို ဒုရဲမှူးကြီး ယုနိုင်က တရားလိုပြုလုပ်၍ စွဲဆို ခြင်းဖြစ်ကြောင်း တရားသူကြီး၏ ဖတ်ကြားမှုတွင် ပါရှိသည်။

တရားလို ဒုရဲမှူးကြီး ယုနိုင် သည် ယမန်နေ့ရုံးချိန်းသို့ လာရောက်ခြင်းမရှိပေ။ ထို့ကြောင့် တရားသူကြီးက လာမည့်အပတ်တွင် တရားလိုလာရောက်မည်ဖြစ် ၍ ယင်းရုံးချိန်း၌ အမှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။

ရိုက်တာ သတင်းထောက်နှစ်ဦးနှင့်အတူ အရေးယူထားကြောင်း ထုတ်ပြန်ထားသော ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို ယခုတရားစွဲ ဆိုတင်ပို့မှု၌ ပါမလာခြင်းနှင့်ပတ် သက်ပြီး ခရိုင်တရားသူကြီးအား စွပ်စွဲခံရသူများဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ် တော်ရှေ့နေ ဦးသန်းဇော်အောင် က မေးမြန်းခဲ့သည်။

ခရိုင်တရားသူကြီးက တရား လိုဖြစ်သူ၏ တရားစွဲတင်ပို့မှုတွင် ရိုက်တာသတင်းထောက်နှစ်ဦး သာ ပါရှိ၍ ထိုနှစ်ဦးကိုသာ ရှေ့ ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်းဖြေဆိုသည်။

ထို့နောက် သတင်းထောက် နှစ်ဦး၏ အာမခံလျှောက်ထားမှုကို လာမည့်ရုံးချိန်းတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း တရားသူကြီးက ပြောသည်။နောက်တစ်ကြိမ်ရုံးချိန်းကို ဇန်နဝါရီ ၂၃ ရက်သို့ ထပ်မံချိန်း ဆိုပြီး တရားခွင်ကို ၁၅ မိနစ်ခန့် အကြာတွင် ရုပ်သိမ်းခဲ့သည်။

ရိုက်တာ သတင်းထောက် နှစ်ဦးနှင့် ပုဒ်မတူ အရေးယူထား သည်ဆိုသော ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ သည် ယမန်နေ့က တရားစွဲတင်ပို့ မှုတွင် ပါဝင်ခြင်းမရှိသော်လည်း အစိုးရဘက်က တင်သွင်းထား သည့် တရားလိုပြသက်သေ၌ထည့်သွင်းထားကြောင်း ရှေ့နေ ဦးသန်းဇော်အောင်ကပြောကြားသည်။

အစိုးရဘက်က ၎င်းတို့နှစ်ဦး အပါအဝင် တရားလိုပြသက်သေ အဖြစ် ၂၅ ဦး တင်သွင်းထား ကြောင်း ၎င်းစာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိမှုနှင့် စွဲသည်ဟု အကြမ်းဖျင်း သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

၎င်းတို့ကို ရုံးထုတ်အပြီးတွင် ရဲအရာရှိတစ်ဦးက လာလမ်းအ တိုင်း ပြန်လည်ခေါ်ဆောင်လာ မည်ဖြစ်ကြောင်း  သတင်းထောက်များအား ပြောကြားသောကြောင့် သတင်းထောက်များက အသင့်စောင့်ဆိုင်းနေရာယူခဲ့သည်။ သို့သော် ပြောကြားထားသည့် လမ်းအတိုင်းမခေါ်ဆောင်ဘဲ နောက်ဖေးလမ်းမှ ခေါ်ဆောင်သွားသောကြောင့် သတင်းထောက်များ ပြေးလွှားပြီး သတင်းမှတ်တမ်းလိုက်လံယူခဲ့ရသလို မိသားစုဝင်များကလည်း ရိုက်တာသတင်းထောက်နှစ်ဦးရှိရာသို့ အပြေးသွားခဲ့ရသည်။

တရားခွင်အပြီးတွင် သတင်းထောက်နှစ်ဦးနှင့် ၎င်းတို့မိသားစု ဝင်များသည် ၁၀ မိနစ်ခန့်ကြာ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့သည်။

ချက်ချင်းပင် ရုံးထုတ်လာ သော သတင်းထောက် ကိုဝလုံးက ၎င်းတို့သည် မတရားဖမ်းဆီးခံရ ခြင်းသာဖြစ်ကြောင်း တရားရုံးအ ပြင်ဘက်တွင် အော်ပြောသည်။

‘‘သူတို့က ဖြစ်ရပ်မှန်တွေကို ရေးသားဖော်ထုတ်မှာကို စိုးရိမ်တဲ့ အတွက် တရားစွဲတာလို့ပဲ ကျွန် တော်ပြောချင်ပါတယ်။ ကျွန် တော်တို့ မီဒီယာသမားများကို လည်း ကျွန်တော်ပြောချင်ပါ တယ်။ ရေးသားဖော်ထုတ်ပေးကြ ပါ။ အခုလို ရေးသားဖော်ထုတ်ရင်း နဲ့ပဲ ကိုယ့်ရဲ့လုံခြုံရေးကို ဂရုစိုက် ကြပါလို့ ပြောချင်ပါတယ်’’ဟု ကိုဝလုံးက အော်၍ပြောသွားသည်။

သတင်းထောက် ကိုကျော် စိုးဦးကလည်း ‘‘ကျင့်ဝတ်ချိုး ဖောက်ခဲ့တာ မရှိဘူး။ သတင်းမီဒီ ယာသမားအတိုင်း လုပ်ခဲ့တာ’’ဟု သတင်းထောက်များအား ပြော ကြားသည်။

ကိုကျော်စိုးဦး မိသားစုဝင် များက အချုပ်ကားနောက်သို့ လိုက်ပြီး အော်ဟစ်ငိုကြွေးနေ သည်ကို တွေ့ရသည်။

မြောက်ပိုင်းခရိုင် တရားရုံး  အပြင်ဘက်တွင်လည်း သတင်း ထောက်အချို့က ဖမ်းဆီးခံရိုက် တာသတင်းထောက်နှစ်ဦး၏ ရုပ် ပုံပါသော ဗီနိုင်းများချိတ်ဆွဲ၍ ဆန္ဒပြကန့်ကွက်ခဲ့သည်။

သတင်းထောက်နှစ်ဦး၏ ရုံး ထုတ်စစ်ဆေးမှုကို လာရောက် သတင်းယူသော မီဒီယာသမား များက ‘မတရားဖမ်းဆီးထား သော သတင်းထောက်များ ချက် ချင်းလွှတ်’ စာတန်းပါ အကျႌအနက်များ ဝတ်ဆင်၍ သတင်းယူခဲ့ သည်။

ယင်းသတင်းထောက်နှစ်ဦး ကို ဆက်လက်ထိန်းသိမ်းထားခြင်း နှင့်ပတ်သက်၍ တတိယအကြိမ်မြောက်ကြေညာချက်ကို မြန်မာနိုင်ငံဆိုင် ရာ အမေရိကန်သံရုံးက ယမန်နေ့ တွင် ကြေညာချက်ထုတ်ပြန်သည်။

‘‘ရိုက်တာ သတင်းထောက် များဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် ယနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည့် အပေါ် မိမိတို့စိတ်ပျက်မိပါသည်။ ဒီမိုကရေစီစနစ် အောင်မြင်ထွန်း ကားစေရန် သတင်းထောက် များသည် သူတို့အလုပ်သူတို့လုပ် နိုင်စွမ်းရှိရမည်ဖြစ်ပါသည်။ အ ဆိုပါ သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးပါရန် မိမိတို့ တောင်းဆိုအပ်ပါသည်’’ဟု ထုတ် ပြန်သည်။

ဖမ်းဆီးခံရသော သတင်း ထောက်နှစ်ဦးသည် သတင်းပေး မည်ဟုခေါ်၍ ရဲနှစ်ဦးကပေးသော စက္ကူလိပ်များတွင် မည်သည့်အ ရာများပါသည်ကို မသိရသေးမီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရိုက် တာသတင်းထောက်နှစ်ဦး၏ မိ သားစုဝင်များက ဒီဇင်ဘာ ၂၈ ရက် ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top