မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အက္မင္ကေတာ့ အခုေနာက္ပိုင္း ရာသီလာတဲ့အခါ ဗိုက္ေတြ အရမ္းေအာင့္လာတတ္လို႔ လာခါနီးဆို စိတ္ညစ္ရၿပီ။ အက္မင္တို႔ မိန္းမသားေတြအေနနဲ႔ ဒါႀကီးကစိတ္ညစ္ေနလည္း ေရွာင္လို႔ မရတဲ့ ဒုကၡႀကီးျဖစ္ေနေလေတာ့ မွန္ကန္တဲ့နည္းလမ္းေတြနဲ႔ အတတ္ႏိုင္ဆံုး ေနသာေအာင္ လုပ္ရမွာပဲေပါ့ေနာ့္။ အခုေျပာျပမယ့္ အခ်က္ေလးခ်က္ကို ရာသီလာခ်ိန္မွာ ေရွာင္ၾကဥ္လိုက္မယ္ဆိုရင္ ေယာင္းတို႔ရဲ႕ ေန႔ရက္ေတြကို က်န္းက်န္းမာမာနဲ႔ ယံုၾကည္မႈရွိရွိျဖတ္သန္းႏိုင္မွာပါေနာ္။ ဒါေလးေတြကို ဂရုစိုက္မွ ရာသီလာတဲ့အခ်ိန္ ပင္ပန္းရတာေတြ၊ ကိုက္တာခဲတာေတြ သက္သာလာမွာပါ။

(၁) ဂြမ္းထုပ္တစ္ခုတည္းကို တစ္ေန႕လံုး လံုးဝမသံုးပါနဲ႔။

ဒါေတာ့ ေယာင္းတို႔ သိၿပီးသားျဖစ္ပါလိမ့္မယ္။ Pad တစ္ခုကို သံုးလိုက္တိုင္း  ေလးနာရီတစ္ခါ အျမဲတမ္း လဲေပးရပါမယ္ ေယာင္းတို႔ေရ။ ရာသီလာတာ နည္းရင္ေတာင္ တစ္ေန႔လံုး ဒီတစ္ခုကိုပဲ သံုးေနတာမ်ိဳးကို လံုးဝေရွာင္ၾကဥ္ၿပီး ေလးနာရီတစ္ခါ မျဖစ္မေနကို လဲေပးရမွာပါ။ ဘာလို႔လဲဆိုေတာ့ ပူေႏြး စိုစြတ္ေနတဲ့အခါ ဘက္တီးရီးယားေတြ ေပါက္ဖြားလာၿပီး ၾကာေလေလ ဘက္တီးရီးယားေတြမ်ားလာေလေလ ျဖစ္တတ္ပါတယ္။ ဒီဘက္တီးရီးယားေတြေၾကာင့္ ဆီးလမ္းေၾကာင္းထဲ ပိုးဝင္တာတို႔ မိန္းမကိုယ္ထဲ ပိုးဝင္တာတို႔ အယားဖုအနီစက္ေတြ ေပါက္လာတာတို႔ ျဖစ္လာေစႏုိင္ပါတယ္ေနာ္။

(၂) ေပါင္နားတစ္ဝိုက္ တတ္ႏိုင္သေရြ႕ အျမဲေျခာက္ေသြ႕ေအာင္ေနပါ။

ဂြမ္းထုပ္ေၾကာင့္ အသားေတြ ပြန္းတာ ေရာင္ရမ္းနာက်င္တာမ်ိဳး မၾကာခဏျဖစ္ေလ့ရွိမွာပါ။ Pad ကို အခ်ိန္အၾကာႀကီး အသံုးျပဳရတဲ့အခါမွာ ဒီ Pad က ေပါင္ေတြကို နာက်င္ေအာင္ ပြတ္တိုက္မိလာပါတယ္။ အဲ့ကေန မိန္းမကိုယ္ နားတစ္ဝိုက္နဲ႔ ေပါင္တစ္ဝိုက္ အသားပြန္းၿပီး စပ္လာတာ နာက်င္လာတာ ျဖစ္ႏိုင္ပါတယ္။ ဒါကိုကာကြယ္ဖို႔ဆို အတတ္ႏိုင္ဆံုး ေျခာက္ေသြ႕ေအာင္ေနပါ။ မၾကာခဏ လဲလွယ္ေပးပါ။ ႁခြင္းခ်က္အေနနဲ႔ ညဘက္ေတြမွာ အိပ္ေရးဝဝအိပ္ရေအာင္ ၊ ထလဲစရာမလိုေအာင္ အေတာ္ေလးက်ယ္ၿပီး စုပ္ယူမႈအားေကာင္းတဲ့ ညဘက္သံုးဂြမ္းထုပ္မ်ိဳး သံုးေပးဖို႔ေတာ့ လိုတာေပါ့ေနာ္။ တကယ္လို႔ အနာေတြ ျဖစ္လာရင္လည္း အနာေပၚကို အလွဆီေလးျဖစ္ျဖစ္ ေပါင္ဒါမႈန္႔ျဖစ္ျဖစ္ ျဖဴးေပး၊ လိမ္းေပးပါ ေနာ္ ။ ဒါဆို သက္သာသြားမွာပါ။

(၃) တစ္ကိုယ္ေရသန္႔ရွင္းေရးကို ဂရုစိုက္ပါ။

“ရာသီလာရင္ ေရမခ်ိဳးနဲ႔ ေခါင္းမေလၽွာ္နဲ႔” ဆိုတဲ့ အယူအဆရွိေပမယ့္ ဒီအယူအဆဟာ ဟိုးေခတ္တုန္းက မိန္းမေတြ ျမစ္ဆိပ္ ေရကန္မွာ လူအမ်ားနဲ႔ ခ်ိဳးခဲ့ရတာေၾကာင့္ “ရာသီလာခ်ိန္ ေရမခ်ိဳး ေခါင္းမေလၽွာ္နဲ႔” ဆိုၿပီးျဖစ္လာတာပါ။ ေခါင္းမေလွ်ာ္ဘဲေနႏိုင္ရင္ေတာ့ ေနလို႔ ရေပမယ့္ ေရေတာ့ ပံုမွန္ခ်ိဳးေပးမွ ခႏၶာကိုယ္က သန္႔ရွင္းစင္ၾကယ္ၿပီး အနံ႔အသက္ဆိုးေတြ ကင္းေနမွာပါ။ သန္႔ရွင္းေရး မလုပ္တာ ၾကာေလေလ ဘက္တီးရီးယားေတြပြားလာၿပီး အနံ႔ဆိုးေတြထြက္လာေလေလ ျဖစ္တာေၾကာင့္ ေရပံုမွန္ခ်ိဳးၿပီး သန္႔စင္ေနမွသာ က်န္းမာေရးနဲ႔ ညီညြတ္မွာပါ ေယာင္းတို႔ေရ။ ဒါေပမဲ့ ရာသီလာေနခ်ိန္ဟာ ခႏၶာကိုယ္အတြင္းမွာ သံဓာတ္အားနည္းေနတာေၾကာင့္ အေအးမိလြယ္တာေတြ၊ ဖ်ားလြယ္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေရခ်ိဳးမယ္၊ ေခါင္းေလွ်ာ္မယ္ဆိုရင္ အထူးသျဖင့္ ေခါင္းေလွ်ာ္ၿပီးရင္ ဆံပင္ကို ေျပာင္ေအာင္ ေျခာက္ေအာင္သုတ္လို႔ ေႏြးေႏြးေထြးေထြး ေနသင့္ပါတယ္ ေယာင္းတို႔ေရ.. ေျပာရရင္ကေတာ့ ေရခ်ိဳးျခင္းဟာ စိတ္ၾကည္လင္ လန္းဆန္းေစၿပီး ရာသီလာလို႔ ကိုက္ခဲနာက်င္တာေတြ၊ စိတ္ညစ္ညဴးေနတာေတြကိုလည္း သက္သာရာရေစပါတယ္တဲ့ကြယ္..

(၄) မိန္းမကိုယ္ သန္႔ရွင္းေရးကို ဂရုစိုက္ပါ။

ရာသီလာခ်ိန္မွာ မျဖစ္မေနဂရုစိုက္ရမယ့္ အေရးအႀကီးဆံုးအရာကေတာ့ မိန္းမကိုယ္ သန္႔ရွင္းေရးပါပဲ။ ဒီအတြက္လည္း မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြ ေဈးကြက္ထဲမွာ အမ်ားႀကီး ရွိေနၿပီျဖစ္သလို ဒီလိုေဆးရည္ေတြမသံုးဘဲ ေရသန္႔သန္႔နဲ႔ သန္႔စင္မယ္ဆိုလည္း ရပါတယ္။ သန္႔စင္ေဆးရည္ သံုးတဲ့အခါမွာ သတိျပဳရမွာတစ္ခုက မိန္းမကိုယ္နားကို သန္႔ရွင္းေရးလုပ္ေနစဥ္ ဒီေဆးရည္ကို အျပင္ပိုင္းသန္႔စင္ဖို႔ပဲ သံုးရမွာ ျဖစ္ၿပီး အတြင္းပိုင္း လံုးဝ လံုးဝ မသံုးရပါဘူးေနာ္။ ကၽြန္မတို႔ရဲ႕ မိန္းမကိုယ္ထဲမွာ ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြနဲ႔ မေကာင္းတဲ့ ဘက္တီးရီးယားေတြကို မၽွတေနေအာင္ ထိန္းထားေပးျခင္းအားျဖင့္ အလိုအေလ်ာက္သန္႔ရွင္းေရးလုပ္ေပးတဲ့စနစ္ေလးရွိေနပါတယ္။ ဆပ္ျပာေတြ သန္႔စင္ရည္ေတြကို အတြင္းပိုင္းကိုပါ သန္႔စင္ဖို႔ သံုးလိုက္မယ္ဆိုရင္ ေကာင္းတဲ့ဘက္တီးရီးယားေတြပါ ေသသြားႏိုင္သလို ေရာဂါပိုးေတြ ဝင္ဖို႔လည္း ပိုလြယ္ကူသြားႏိုင္ပါတယ္။ တန္ေဆးလြန္ေဘးဆိုတာကလည္း ရွိေသးတာမို႔ မၾကာခဏ ေဆးေၾကာေနျခင္းကလည္း မသင့္ေတာ္ပါဘူးတဲ့ကြယ္။

သန္႔စင္ေဆးေၾကာရာမွာလည္း စအိုကေန မိန္းမကိုယ္အထက္ကို ေဆးေၾကာတာလံုးဝမလုပ္ရပါဘူးေနာ္။ မိန္းမကိုယ္ကေန စအိုထိ ေအာက္ဘက္ကို ဆြဲခ်ၿပီးေဆးေၾကာတာမ်ိဳးပဲလုပ္ရပါမယ္။ ေျပာင္းျပန္လုပ္လိုက္ရင္ေတာ့ စအိုနားတစ္ဝိုက္က ဘက္တီးရီးယား ပိုးမႊားေတြက မိန္းမကိုယ္ထဲ ေပ်ာ္ေပ်ာ္ႀကီး ဝင္သြားႏုိင္ပါတယ္တဲ့ကြယ္။ သန္႔စင္ၿပီးတဲ့အခါ ပြပြေယာင္းေယာင္းနဲ႔ ေလဝင္ေလထြက္ေကာင္းတဲ့ ေဘာင္းဘီမ်ိဳး ဝတ္ထားေပးဖို႔လည္း မေမ့နဲ႔ဦးေနာ္။

ကဲ…ဒီေလးခ်က္ေလးကို သတိထားၿပီး ဂရုစိုက္ေပးမယ္ဆိုရင္ေတာ့ ရာသီေၾကာင့္က်န္းမာေရးထိခိုက္တာေတြ အရမ္း စိတ္ညစ္ေနရတာေတြ အထိုက္အေလာ်က္ေတာ့ သက္သာသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ေယာင္းတို႔ေရ.. က်န္းမာတက္ၾကြၿပီး ယံုၾကည္မႈအျပည့္ရွိႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mia (For Her Myanmar )

#Unicode Version#
အက်မင်ကတော့ အခုနောက်ပိုင်း ရာသီလာတဲ့အခါ ဗိုက်တွေ အရမ်းအောင့်လာတတ်လို့ လာခါနီးဆို စိတ်ညစ်ရပြီ။ အက်မင်တို့ မိန်းမသားတွေအနေနဲ့ ဒါကြီးကစိတ်ညစ်နေလည်း ရှောင်လို့ မရတဲ့ ဒုက္ခကြီးဖြစ်နေလေတော့ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး နေသာအောင် လုပ်ရမှာပဲပေါ့နော့်။ အခုပြောပြမယ့် အချက်လေးချက်ကို ရာသီလာချိန်မှာ ရှောင်ကြဉ်လိုက်မယ်ဆိုရင် ယောင်းတို့ရဲ့ နေ့ရက်တွေကို ကျန်းကျန်းမာမာနဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းနိုင်မှာပါနော်။ ဒါလေးတွေကို ဂရုစိုက်မှ ရာသီလာတဲ့အချိန် ပင်ပန်းရတာတွေ၊ ကိုက်တာခဲတာတွေ သက်သာလာမှာပါ။

(၁) ဂွမ်းထုပ်တစ်ခုတည်းကို တစ်နေ့လုံး လုံးဝမသုံးပါနဲ့။

ဒါတော့ ယောင်းတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ Pad တစ်ခုကို သုံးလိုက်တိုင်း  လေးနာရီတစ်ခါ အမြဲတမ်း လဲပေးရပါမယ် ယောင်းတို့ရေ။ ရာသီလာတာ နည်းရင်တောင် တစ်နေ့လုံး ဒီတစ်ခုကိုပဲ သုံးနေတာမျိုးကို လုံးဝရှောင်ကြဉ်ပြီး လေးနာရီတစ်ခါ မဖြစ်မနေကို လဲပေးရမှာပါ။ ဘာလို့လဲဆိုတော့ ပူနွေး စိုစွတ်နေတဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ကြာလေလေ ဘက်တီးရီးယားတွေများလာလေလေ ဖြစ်တတ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်တာတို့ မိန်းမကိုယ်ထဲ ပိုးဝင်တာတို့ အယားဖုအနီစက်တွေ ပေါက်လာတာတို့ ဖြစ်လာစေနိုင်ပါတယ်နော်။

(၂) ပေါင်နားတစ်ဝိုက် တတ်နိုင်သရွေ့ အမြဲခြောက်သွေ့အောင်နေပါ။

ဂွမ်းထုပ်ကြောင့် အသားတွေ ပွန်းတာ ရောင်ရမ်းနာကျင်တာမျိုး မကြာခဏဖြစ်လေ့ရှိမှာပါ။ Pad ကို အချိန်အကြာကြီး အသုံးပြုရတဲ့အခါမှာ ဒီ Pad က ပေါင်တွေကို နာကျင်အောင် ပွတ်တိုက်မိလာပါတယ်။ အဲ့ကနေ မိန်းမကိုယ် နားတစ်ဝိုက်နဲ့ ပေါင်တစ်ဝိုက် အသားပွန်းပြီး စပ်လာတာ နာကျင်လာတာ ဖြစ်နိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့ဆို အတတ်နိုင်ဆုံး ခြောက်သွေ့အောင်နေပါ။ မကြာခဏ လဲလှယ်ပေးပါ။ ခြွင်းချက်အနေနဲ့ ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ရအောင် ၊ ထလဲစရာမလိုအောင် အတော်လေးကျယ်ပြီး စုပ်ယူမှုအားကောင်းတဲ့ ညဘက်သုံးဂွမ်းထုပ်မျိုး သုံးပေးဖို့တော့ လိုတာပေါ့နော်။ တကယ်လို့ အနာတွေ ဖြစ်လာရင်လည်း အနာပေါ်ကို အလှဆီလေးဖြစ်ဖြစ် ပေါင်ဒါမှုန့်ဖြစ်ဖြစ် ဖြူးပေး၊ လိမ်းပေးပါ နော် ။ ဒါဆို သက်သာသွားမှာပါ။

(၃) တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။

“ရာသီလာရင် ရေမချိုးနဲ့ ခေါင်းမလျှော်နဲ့” ဆိုတဲ့ အယူအဆရှိပေမယ့် ဒီအယူအဆဟာ ဟိုးခေတ်တုန်းက မိန်းမတွေ မြစ်ဆိပ် ရေကန်မှာ လူအများနဲ့ ချိုးခဲ့ရတာကြောင့် “ရာသီလာချိန် ရေမချိုး ခေါင်းမလျှော်နဲ့” ဆိုပြီးဖြစ်လာတာပါ။ ခေါင်းမလျှော်ဘဲနေနိုင်ရင်တော့ နေလို့ ရပေမယ့် ရေတော့ ပုံမှန်ချိုးပေးမှ ခန္ဓာကိုယ်က သန့်ရှင်းစင်ကြယ်ပြီး အနံ့အသက်ဆိုးတွေ ကင်းနေမှာပါ။ သန့်ရှင်းရေး မလုပ်တာ ကြာလေလေ ဘက်တီးရီးယားတွေပွားလာပြီး အနံ့ဆိုးတွေထွက်လာလေလေ ဖြစ်တာကြောင့် ရေပုံမှန်ချိုးပြီး သန့်စင်နေမှသာ ကျန်းမာရေးနဲ့ ညီညွတ်မှာပါ ယောင်းတို့ရေ။ ဒါပေမဲ့ ရာသီလာနေချိန်ဟာ ခန္ဓာကိုယ်အတွင်းမှာ သံဓာတ်အားနည်းနေတာကြောင့် အအေးမိလွယ်တာတွေ၊ ဖျားလွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေချိုးမယ်၊ ခေါင်းလျှော်မယ်ဆိုရင် အထူးသဖြင့် ခေါင်းလျှော်ပြီးရင် ဆံပင်ကို ပြောင်အောင် ခြောက်အောင်သုတ်လို့ နွေးနွေးထွေးထွေး နေသင့်ပါတယ် ယောင်းတို့ရေ.. ပြောရရင်ကတော့ ရေချိုးခြင်းဟာ စိတ်ကြည်လင် လန်းဆန်းစေပြီး ရာသီလာလို့ ကိုက်ခဲနာကျင်တာတွေ၊ စိတ်ညစ်ညူးနေတာတွေကိုလည်း သက်သာရာရစေပါတယ်တဲ့ကွယ်..

(၄) မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုစိုက်ပါ။

ရာသီလာချိန်မှာ မဖြစ်မနေဂရုစိုက်ရမယ့် အရေးအကြီးဆုံးအရာကတော့ မိန်းမကိုယ် သန့်ရှင်းရေးပါပဲ။ ဒီအတွက်လည်း မိန်းမကိုယ်သန့်စင်ဆေးရည်တွေ ဈေးကွက်ထဲမှာ အများကြီး ရှိနေပြီဖြစ်သလို ဒီလိုဆေးရည်တွေမသုံးဘဲ ရေသန့်သန့်နဲ့ သန့်စင်မယ်ဆိုလည်း ရပါတယ်။ သန့်စင်ဆေးရည် သုံးတဲ့အခါမှာ သတိပြုရမှာတစ်ခုက မိန်းမကိုယ်နားကို သန့်ရှင်းရေးလုပ်နေစဉ် ဒီဆေးရည်ကို အပြင်ပိုင်းသန့်စင်ဖို့ပဲ သုံးရမှာ ဖြစ်ပြီး အတွင်းပိုင်း လုံးဝ လုံးဝ မသုံးရပါဘူးနော်။ ကျွန်မတို့ရဲ့ မိန်းမကိုယ်ထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို မျှတနေအောင် ထိန်းထားပေးခြင်းအားဖြင့် အလိုအလျောက်သန့်ရှင်းရေးလုပ်ပေးတဲ့စနစ်လေးရှိနေပါတယ်။ ဆပ်ပြာတွေ သန့်စင်ရည်တွေကို အတွင်းပိုင်းကိုပါ သန့်စင်ဖို့ သုံးလိုက်မယ်ဆိုရင် ကောင်းတဲ့ဘက်တီးရီးယားတွေပါ သေသွားနိုင်သလို ရောဂါပိုးတွေ ဝင်ဖို့လည်း ပိုလွယ်ကူသွားနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိသေးတာမို့ မကြာခဏ ဆေးကြောနေခြင်းကလည်း မသင့်တော်ပါဘူးတဲ့ကွယ်။

သန့်စင်ဆေးကြောရာမှာလည်း စအိုကနေ မိန်းမကိုယ်အထက်ကို ဆေးကြောတာလုံးဝမလုပ်ရပါဘူးနော်။ မိန်းမကိုယ်ကနေ စအိုထိ အောက်ဘက်ကို ဆွဲချပြီးဆေးကြောတာမျိုးပဲလုပ်ရပါမယ်။ ပြောင်းပြန်လုပ်လိုက်ရင်တော့ စအိုနားတစ်ဝိုက်က ဘက်တီးရီးယား ပိုးမွှားတွေက မိန်းမကိုယ်ထဲ ပျော်ပျော်ကြီး ဝင်သွားနိုင်ပါတယ်တဲ့ကွယ်။ သန့်စင်ပြီးတဲ့အခါ ပွပွယောင်းယောင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီမျိုး ဝတ်ထားပေးဖို့လည်း မမေ့နဲ့ဦးနော်။

ကဲ…ဒီလေးချက်လေးကို သတိထားပြီး ဂရုစိုက်ပေးမယ်ဆိုရင်တော့ ရာသီကြောင့်ကျန်းမာရေးထိခိုက်တာတွေ အရမ်း စိတ်ညစ်နေရတာတွေ အထိုက်အလောျက်တော့ သက်သာသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် ယောင်းတို့ရေ.. ကျန်းမာတက်ကြွပြီး ယုံကြည်မှုအပြည့်ရှိနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mia (For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top