ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

၂၀၁၃ တြင္ မႏၲေလးသို႔ သြားေရာက္၍ ေဆာက္လုပ္ေရး လုပ္ငန္း လုပ္ခဲ့ေသာ္လည္း ယင္း ကာလမ်ားအတြင္း စီးပြားေရးကို နားမလည္ခဲ့ေသာေၾကာင့္ ဆံုး႐ႈံး မႈမ်ား ရွိခဲ့ေၾကာင္း၊ လက္ရွိတြင္ မိုးကုတ္ရွိ ေက်ာက္တြင္းမ်ား၌ ေက်ာက္သမားမ်ားကို အုပ္ခ်ဳပ္ ရသည့္ အလုပ္ျဖင့္ ရပ္တည္ေန ေၾကာင္း သ႐ုပ္ေဆာင္ညီနႏၵက ေျပာသည္။

‘‘ဆံုး႐ႈံးေတာ့ စိတ္ေလၿပီး ေဘာလံုးေလာင္းကစားေတြလုပ္ တယ္။ မိသားစုကို တာဝန္မေက် ျဖစ္သြားတယ္။ ၿပီးေတာ့ အခုထိ လည္း ေပးစရာေတြရွိတယ္။ အဲဒီ အတြက္လည္း ႀကိဳးစားေနတယ္။ ေက်ာက္လုပ္ျဖစ္တာက်ေတာ့ ကိုယ္ကိုယ္တိုင္လည္း ေတာထဲ မွာ သြားေနတယ္။ ေငြေရး၊ ေၾကးေရး ပိုင္ဆုိင္မႈက မရွိသ ေလာက္ ျဖစ္သြားတဲ့ အခ်ိန္မွာ၊ အလုပ္ကို ဘယ္လိုလုပ္ရမလဲဆို ၿပီး ေတြးေနတဲ့အခ်ိန္မွာ ကိုယ့္ကို ေစာင့္ေရွာက္တဲ့ သူနဲ႔ေတြ႕တယ္။ ကိုညီေနႏိုင္ပါ့မလားတဲ့။ ေနႏိုင္ တယ္ဆိုရင္ေတာ့ ေမွ်ာ္လင့္စရာ အစုေလးကိုယ့္ကို ေပးတယ္။ ေငြ ေရး၊ ေၾကးေရးရွယ္ယာမထည့္ဘဲ နဲ႔ေပါ့။ မိသားစုနဲ႔ခြဲၿပီးေတာ့ ေတာ ထဲမွာသြားေနရတာ တကယ့္ကို ေထာင္က်သလိုပါပဲ’’ ဟု ၎၏ လတ္တေလာဘဝရပ္တည္မႈႏွင့္ ပတ္သက္၍ ေျပာသည္။

လတ္တေလာတြင္ ၎ကို မေက်နပ္သူမ်ားက    တရား စြဲဆိုထားေသာေၾကာင့္ အေကာင္း ဆံုး ရင္ဆိုင္ေျဖရွင္းမည္ဟု ဆို သည္။

ညီနႏၵသည္ မႏၲေလးမွ မိုး ကုတ္သို႔ ၂၀၁၆ ဧၿပီ ၃ ရက္တြင္ ေရာက္ရွိခဲ့ၿပီး ၎၏ဇနီးႏွင့္ သမီး သည္ မႏၲေလးၿမိဳ႕တြင္ ေနထိိုင္ သည္။

‘‘ကိုယ္ကိုယ္တိုင္ကိုက မိ သားစုအတြက္ကို တာဝန္မေက် တဲ့အတြက္၊ လမ္းေတြေခ်ာ္သြား တဲ့အတြက္ကို ျပန္ၿပီးတည့္ေနရ တယ္။ ကိုယ့္သမီးေလးဆို ေျခာက္ႏွစ္ရွိၿပီ။ သမီးအေပၚ တာဝန္မ ေက်မႈေတြပါတယ္။ အရမ္းသနား စရာေကာင္းတယ္။ သူတို႔ေတြ လက္ခံၿပီးေတာ့ ေနေနေပးတာကို ပဲ ေက်းဇူးတင္တာပါ။ သမီးေလး ရွိတဲ့အတြက္ ကိုယ္တို႔ႏွစ္ေယာက္ က မကြဲျဖစ္တာ။ မဟုတ္ရင္ မလြယ္ဘူး။ သမီးေလးကိုေတာ့ ႀကံဳရင္ႀကံဳသလို သြားၾကည့္ျဖစ္ တယ္။ ကိုယ့္အမ်ိဳးသမီးကေတာ့ သမီးေလးကို ေစာင့္ေရွာက္ရင္းနဲ႔ အေကာင္းဆံုးေနေနပါတယ္’’ ဟု ၎၏လက္ရွိ မိသားစုအေျခအ ေနကိုု ဖြင့္ဟသည္။

ညီနႏၵသည္ ေဖေဖာ္ဝါရီလ ဆန္းတြင္ ဒါ႐ိုက္တာေအာင္ကို လတ္ ႐ိုက္ကူးမည့္ ‘ေနရယ္ လရယ္ အမွန္တရားရယ္’  အမည္ ရွိ ႐ုပ္သံဇာတ္လမ္းတြဲ ဒုတိ ယပိုင္း၌ ေဘာလံုးအသင္းေထာင္ ထားသည့္ သူေဌးခ႐ိုနီတစ္ဦး အေနျဖင့္ ပါဝင္သ႐ုပ္ေဆာင္ရန္ ရွိသည္။

သ႐ုပ္ေဆာင္အလုပ္ႏွင့္ ေဝးကြာေနသည္မွာသံုးႏွစ္ခန္႔ရွိ ၿပီျဖစ္ၿပီး အႏုပညာသက္တမ္းႏွစ္ ၂၀ ေက်ာ္ၿပီျဖစ္ကာ သံေယာဇဥ္ ႏွင့္ ဝါသနာက တားဆီးမရေသာ ေၾကာင့္ ျပန္႐ိုက္ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၁၃ တွင် မန္တလေးသို့ သွားရောက်၍ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ခဲ့သော်လည်း ယင်း ကာလများအတွင်း စီးပွားရေးကို နားမလည်ခဲ့သောကြောင့် ဆုံးရှုံး မှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် မိုးကုတ်ရှိ ကျောက်တွင်းများ၌ ကျောက်သမားများကို အုပ်ချုပ် ရသည့် အလုပ်ဖြင့် ရပ်တည်နေ ကြောင်း သရုပ်ဆောင်ညီနန္ဒက ပြောသည်။

‘‘ဆုံးရှုံးတော့ စိတ်လေပြီး ဘောလုံးလောင်းကစားတွေလုပ် တယ်။ မိသားစုကို တာဝန်မကျေ ဖြစ်သွားတယ်။ ပြီးတော့ အခုထိ လည်း ပေးစရာတွေရှိတယ်။ အဲဒီ အတွက်လည်း ကြိုးစားနေတယ်။ ကျောက်လုပ်ဖြစ်တာကျတော့ ကိုယ်ကိုယ်တိုင်လည်း တောထဲ မှာ သွားနေတယ်။ ငွေရေး၊ ကြေးရေး ပိုင်ဆိုင်မှုက မရှိသ လောက် ဖြစ်သွားတဲ့ အချိန်မှာ၊ အလုပ်ကို ဘယ်လိုလုပ်ရမလဲဆို ပြီး တွေးနေတဲ့အချိန်မှာ ကိုယ့်ကို စောင့်ရှောက်တဲ့ သူနဲ့တွေ့တယ်။ ကိုညီနေနိုင်ပါ့မလားတဲ့။ နေနိုင် တယ်ဆိုရင်တော့ မျှော်လင့်စရာ အစုလေးကိုယ့်ကို ပေးတယ်။ ငွေ ရေး၊ ကြေးရေးရှယ်ယာမထည့်ဘဲ နဲ့ပေါ့။ မိသားစုနဲ့ခွဲပြီးတော့ တော ထဲမှာသွားနေရတာ တကယ့်ကို ထောင်ကျသလိုပါပဲ’’ ဟု ၎င်း၏ လတ်တလောဘဝရပ်တည်မှုနှင့် ပတ်သက်၍ ပြောသည်။

လတ်တလောတွင် ၎င်းကို မကျေနပ်သူများက    တရား စွဲဆိုထားသောကြောင့် အကောင်း ဆုံး ရင်ဆိုင်ဖြေရှင်းမည်ဟု ဆို သည်။

ညီနန္ဒသည် မန္တလေးမှ မိုး ကုတ်သို့ ၂၀၁၆ ဧပြီ ၃ ရက်တွင် ရောက်ရှိခဲ့ပြီး ၎င်း၏ဇနီးနှင့် သမီး သည် မန္တလေးမြို့တွင် နေထိုင် သည်။

‘‘ကိုယ်ကိုယ်တိုင်ကိုက မိ သားစုအတွက်ကို တာဝန်မကျေ တဲ့အတွက်၊ လမ်းတွေချော်သွား တဲ့အတွက်ကို ပြန်ပြီးတည့်နေရ တယ်။ ကိုယ့်သမီးလေးဆို ခြောက်နှစ်ရှိပြီ။ သမီးအပေါ် တာဝန်မ ကျေမှုတွေပါတယ်။ အရမ်းသနား စရာကောင်းတယ်။ သူတို့တွေ လက်ခံပြီးတော့ နေနေပေးတာကို ပဲ ကျေးဇူးတင်တာပါ။ သမီးလေး ရှိတဲ့အတွက် ကိုယ်တို့နှစ်ယောက် က မကွဲဖြစ်တာ။ မဟုတ်ရင် မလွယ်ဘူး။ သမီးလေးကိုတော့ ကြုံရင်ကြုံသလို သွားကြည့်ဖြစ် တယ်။ ကိုယ့်အမျိုးသမီးကတော့ သမီးလေးကို စောင့်ရှောက်ရင်းနဲ့ အကောင်းဆုံးနေနေပါတယ်’’ ဟု ၎င်း၏လက်ရှိ မိသားစုအခြေအ နေကိုု ဖွင့်ဟသည်။

ညီနန္ဒသည် ဖေဖော်ဝါရီလ ဆန်းတွင် ဒါရိုက်တာအောင်ကို လတ် ရိုက်ကူးမည့် ‘နေရယ် လရယ် အမှန်တရားရယ်’  အမည် ရှိ ရုပ်သံဇာတ်လမ်းတွဲ ဒုတိ ယပိုင်း၌ ဘောလုံးအသင်းထောင် ထားသည့် သူဌေးခရိုနီတစ်ဦး အနေဖြင့် ပါဝင်သရုပ်ဆောင်ရန် ရှိသည်။

သရုပ်ဆောင်အလုပ်နှင့် ဝေးကွာနေသည်မှာသုံးနှစ်ခန့်ရှိ ပြီဖြစ်ပြီး အနုပညာသက်တမ်းနှစ် ၂၀ ကျော်ပြီဖြစ်ကာ သံယောဇဉ် နှင့် ဝါသနာက တားဆီးမရသော ကြောင့် ပြန်ရိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top