ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တရုတ္ႏိုင္ငံအေနာက္ေျမာက္ပုိင္း၊ Urumqi ျမိဳ ့က အမ်ိဳးသမီးတစ္ေယာက္ဟာ ဆယ္စုႏွစ္ တစ္ခုအတြင္း ကိုယ္၀န္ ၁၄ ၾကိမ္ေဆာင္ျပီး တစ္သက္တစ္ကၽြန္းေထာင္ဒဏ္ကို ဆယ္ႏွစ္တာေရွာင္တိမ္းေနခဲ့ပါတယ္။

Zeng လုိ ့အမည္ရတဲ့ အဆုိပါအမ်ိဳးသမီးဟာ အက်င့္ျပျခစားမွဳေၾကာင့္ လြန္ခဲ့တဲ့ ဆယ္ႏွစ္က Urumqi ျပည္သူ ့အလယ္တရားရုံးက တစ္သက္တစ္ကၽြန္းေထာင္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ သူမေထာင္ဒဏ္က်ျပီလုိ ့သိသိခ်င္းပဲ အမ်ိဳးသမီးဟာ ကိုယ္၀န္ရွိေနေၾကာင္း ေျပာၾကားခဲ့တာမုိ ့တရားရုံးက ခံ၀န္ခ်ဳပ္နဲ ့လႊတ္ေပးထားခဲ့ပါတယ္။ တရုတ္ႏိုင္ငံရဲ့ဥပေဒအရ ေထာင္ဒဏ္ခ်မွတ္ျပီးေနာက္ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္၀န္ရွိရင္ ခံ၀န္ခ်ဳပ္နဲ ့လႊတ္ေပးထားႏိုင္ေၾကာင္း သိရပါတယ္။

ပထမအၾကိမ္ ခံ၀န္ခ်ဳပ္စီရင္ခ်က္ကို တရား၀င္ခ်မွတ္ျပီးေနာက္မွာ၊ Zeng ဟာ ခံ၀န္ခ်ဳပ္နဲ ့လြတ္ေနခဲ့ပါတယ္။ ဒါေပမယ့္ မီးဖြားျပီးလုိ ့က်န္းမာေရးျပန္ေကာင္းတဲ့အခါမွာ Zeng ဟာ ေနာက္ထပ္တစ္ၾကိမ္ ကိုယ္၀န္ေဆာင္ခဲ့ျပီး ခံ၀န္ခ်ဳပ္ကို ထပ္မံ ေလွ်ာက္ထားခဲ့ပါတယ္။

Zeng ဟာ ဒီလုိနည္းနဲ ့ဆယ္ႏွစ္ဆက္တိုက္ ကိုယ္၀န္ ၁၄ ၾကိမ္ေဆာင္ခဲ့ျပီး ေထာင္ဒဏ္ ေရွာင္ခဲ့ရာမွာ ၁၄ ၾကိမ္ထဲက တစ္ၾကိမ္သာ ကိုယ္၀န္အတုျဖစ္ေၾကာင္း စစ္ေဆးေတြ ့ရွိခဲ့ရတာပါ။

ကေလးတစ္ေယာက္ခ်င္းစီကို ကိုယ္၀န္သက္တမ္းအျပည့္ ကိုယ္၀န္ေဆာင္ခဲ့လား ဆုိတာနဲ ့မီးမဖြားခင္ ဖ်က္ခ်ခဲ့လားဆုိတာ တိတိက်က်မသိခဲ့ရပါဘူး။

အသက္ ၃၉ ႏွစ္ရွိျပီျဖစ္တဲ့ Zeng ဟာ အခုအခါမွာေတာ့ ေဒသႏၱရအစိုးရတရားရုံး က Zeng ရဲ့ ျပစ္ဒဏ္အေပၚ ျပည္သူ ့တရားရုံးအေပၚ ျပန္လည္အယူခံ၀င္ခံမွဳေၾကာင့္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း က်ခံသြားရျပီျဖစ္ပါတယ္။

Source-thithtoolwin

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လွေတာသား

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ Urumqi မြို့က အမျိုးသမီးတစ်ယောက်ဟာ ဆယ်စုနှစ် တစ်ခုအတွင်း ကိုယ်ဝန် ၁၄ ကြိမ်ဆောင်ပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ်ကို ဆယ်နှစ်တာရှောင်တိမ်းနေခဲ့ပါတယ်။

Zeng လို့အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ အကျင့်ပြခြစားမှုကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်က Urumqi ပြည်သူ့အလယ်တရားရုံးက တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူမထောင်ဒဏ်ကျပြီလို့သိသိချင်းပဲ အမျိုးသမီးဟာ ကိုယ်ဝန်ရှိနေကြောင်း ပြောကြားခဲ့တာမို့တရားရုံးက ခံဝန်ချုပ်နဲ့လွှတ်ပေးထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဥပဒေအရ ထောင်ဒဏ်ချမှတ်ပြီးနောက် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိရင် ခံဝန်ချုပ်နဲ့လွှတ်ပေးထားနိုင်ကြောင်း သိရပါတယ်။

ပထမအကြိမ် ခံဝန်ချုပ်စီရင်ချက်ကို တရားဝင်ချမှတ်ပြီးနောက်မှာ၊ Zeng ဟာ ခံဝန်ချုပ်နဲ့လွတ်နေခဲ့ပါတယ်။ ဒါပေမယ့် မီးဖွားပြီးလို့ကျန်းမာရေးပြန်ကောင်းတဲ့အခါမှာ Zeng ဟာ နောက်ထပ်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခဲ့ပြီး ခံဝန်ချုပ်ကို ထပ်မံ လျှောက်ထားခဲ့ပါတယ်။

Zeng ဟာ ဒီလိုနည်းနဲ့ဆယ်နှစ်ဆက်တိုက် ကိုယ်ဝန် ၁၄ ကြိမ်ဆောင်ခဲ့ပြီး ထောင်ဒဏ် ရှောင်ခဲ့ရာမှာ ၁၄ ကြိမ်ထဲက တစ်ကြိမ်သာ ကိုယ်ဝန်အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

ကလေးတစ်ယောက်ချင်းစီကို ကိုယ်ဝန်သက်တမ်းအပြည့် ကိုယ်ဝန်ဆောင်ခဲ့လား ဆိုတာနဲ့မီးမဖွားခင် ဖျက်ချခဲ့လားဆိုတာ တိတိကျကျမသိခဲ့ရပါဘူး။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Zeng ဟာ အခုအခါမှာတော့ ဒေသန္တရအစိုးရတရားရုံး က Zeng ရဲ့ ပြစ်ဒဏ်အပေါ် ပြည်သူ့တရားရုံးအပေါ် ပြန်လည်အယူခံဝင်ခံမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံသွားရပြီဖြစ်ပါတယ်။

Source-thithtoolwin

ဖိုးသူတော် (www.phothutaw.com)
Credit: လှတောသား
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top