စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကၫြတ္ဟာ ကမာၻ႔ႏိုင္ငံ အႏွံ႔အျပားမွာ တြင္တြင္က်ယ္က်ယ္ စားသံုးၾကတဲ့ ဟင္းသီးဟင္းရြက္ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အစိမ္းျဖစ္ေစ၊ အမ်ိဳးမ်ိဳး ခ်က္ျပဳတ္ျပင္ဆင္ၿပီးျဖစ္ေစ စားေလ့ရွိၾကၿပီး ဘယ္လိုစားစား အရသာထူးတဲ့ အသီးအရြက္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

          ကၫြတ္မွာ Folate ၊ ဗီတာမင္ K ၊ သံဓာတ္နဲ႔ အမ်ွင္ဓာတ္ေတြ အဓိက ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ အထူးသင့္ေတာ္ေကာင္းမြန္ၿပီး ႏွလံုးေရာဂါနဲ႔ အ႐ိုးပြေရာဂါတို႔ကို ထိေရာက္စြာ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ E ၊ ႏိုင္ယာစင္ဓာတ္၊ ဗီတာမင္ B6 နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြလည္း အနည္းအက်ဥ္းစီ ပါဝင္ပါေသးတယ္။

          ကၫြတ္ဟာ အာဟာရဓာတ္ေတြ ျပည့္ဝတဲ့အျပင္ ျပင္ဆင္ခ်က္ျပဳတ္ရတာလည္း လြယ္ကူလွပါတယ္။


>>    က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

          ဟင္းသီးဟင္းရြက္ အမ်ားစုဟာ စားေသာက္ေနထိုင္မႈ ပံုမမွန္တဲ့အတြက္ ျဖစ္ေလ့ရွိတဲ့ ဆီးခ်ဳိ၊ ေသြးတိုး၊ အဝလြန္ျခင္း၊ ႏွလံုးေရာဂါနဲ႔ ကင္ဆာေရာဂါအခ်ိဳ႕ကို ကာကြယ္ႏိုင္ၿပီး ဒီေရာဂါေတြေၾကာင့္ ေသဆံုးမႈႏႈန္းကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ အသားအရည္၊ ဆံေကသာနဲ႔ ကိုယ္ခံစြမ္းအားတို႔ကို တိုးျမႇင့္ ေကာင္းမြန္ေစႏိုင္ပါတယ္။

1.      သေႏၶသား ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳျခင္း

          ကၫြတ္မွာ Folate ဓာတ္ေတြ ျပည့္ဝစြာ ပါဝင္တဲ့အတြက္ ႀကီးထြားမႈ ျမန္ဆန္ေနတဲ့ အခ်ိန္မ်ိဳးျဖစ္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ေမြးခါစကေလးငယ္ေတြနဲ႔ ႀကီးေကာင္ဝင္စ လူငယ္ေတြအတြက္ အထူးပင္ ေကာင္းမြန္ပါတယ္။

2.      စိတ္ဓာတ္က်ျခင္းကို ေလ်ာ့က်ေစျခင္း

          ကၫြတ္မွာ ပါဝင္တဲ့ Folate ဓာတ္ဟာ ခႏၶာကိုယ္ထဲမွာ Homocysteine ဆိုတဲ့ ဓာတ္တစ္မ်ိဳး စုပံုမလာေအာင္ ကာကြယ္ေပးႏိုင္တဲ့အတြက္ စိတ္ဓာတ္က်ျခင္းကို နည္းပါးေစပါတယ္။

3.      ႏွလုံးကို က်န္းမာေစႏိုင္ျခင္း။

          အေပၚမွာ ဆိုခဲ့တဲ့ Homocysteine ဓာတ္ဟာ ႏွလံုးေသြးေၾကာက်ဥ္းျခင္းကိုလည္း ျဖစ္ေစႏိုင္ပါေသးတယ္။

4.      အ႐ိုးပြျခင္းကို ကာကြယ္ေပးျခင္း

          Vitamin K ဓာတ္ ေလ်ာ့နည္းျခင္းဟာ အ႐ိုးက်ိဳးျခင္းကို ပိုျဖစ္ေစႏိုင္ပါတယ္။ ကၫြတ္ဟင္းတစ္ခြက္ စားျခင္းျဖင့္ ဗီတာမင္ K တစ္ေန႔တာ လိုအပ္ခ်က္ရဲ႕ တစ္ဝက္ေလာက္ကို ျဖည့္တင္းေပးႏိုင္တာေၾကာင့္ ကယ္လ္ဆီယမ္ စုပ္ယူမႈကို မ်ားေစၿပီး ဆီးထဲ ကယ္လ္ဆီယမ္ စြန္႔ပစ္မႈကို နည္းေစနိုင္ပါတယ္။ ဒါ့အျပင္ ကၫြတ္မွာ ပါဝင္တဲ့ သံဓာတ္က အ႐ိုးနဲ႔ အဆစ္အျမစ္ေတြကို သန္မာေစႏိုင္ပါတယ္။

5.      ကင္ဆာေရာဂါကို ကာကြယ္ႏုိင္ျခင္း

          Folate ဓာတ္နည္းပါးျခင္းဟာ အမ်ိဳးသမီးေတြမွာ ရင္သားကင္ဆာျဖစ္ႏႈန္း မ်ားေစႏုိင္ပါတယ္။ Folate ပါဝင္မႈမ်ားတဲ့ အစားအစာေတြကို စားသံုးသူေတြမွာ အူမႀကီးကင္ဆာ၊ အစာအိမ္ကင္ဆာ၊ ပန္ကရိယကင္ဆာနဲ႔ သားအိမ္ေခါင္းကင္ဆာေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

6.      အစာေျခႏႈန္း ျမန္ဆန္ေစျခင္း

          ကၫြတ္မွာ အမ်ွင္ဓာတ္နဲ႔ ေရဓာတ္ေတြ ႂကြယ္ဝတဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးၿပီး ဝမ္းရွင္းေစတဲ့အတြက္ အူမႀကီးကင္ဆာျဖစျ္ခင္းကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

          အမ်ွင္ဓာတ္ဟာ ဝမ္းမွန္ေစတဲ့အတြက္ ခႏၶာကိုယ္မွ အဆိပ္အေတာက္မ်ားကို သည္းေျခရည္နဲ႔ ဝမ္းမွတစ္ဆင့္ စြန္႔ပစ္ေပးပါတယ္။

          ဒါ့အျပင္ အမ်ွင္ဓာတ္ဟာ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ အဝလြန္ေရာဂါနဲ႔ အစာအိမ္နဲ႔ အူလမ္းေၾကာင္းေရာဂါတခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
ကညွတ်ဟာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် စားသုံးကြတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ အစိမ်းဖြစ်စေ၊ အမျိုးမျိုး ချက်ပြုတ်ပြင်ဆင်ပြီးဖြစ်စေ စားလေ့ရှိကြပြီး ဘယ်လိုစားစား အရသာထူးတဲ့ အသီးအရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။

          ကညွတ်မှာ Folate ၊ ဗီတာမင် K ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ အဓိက ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးသင့်တော်ကောင်းမွန်ပြီး နှလုံးရောဂါနဲ့ အရိုးပွရောဂါတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် E ၊ နိုင်ယာစင်ဓာတ်၊ ဗီတာမင် B6 နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း အနည်းအကျဉ်းစီ ပါဝင်ပါသေးတယ်။

          ကညွတ်ဟာ အာဟာရဓာတ်တွေ ပြည့်ဝတဲ့အပြင် ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်ကူလှပါတယ်။


>>    ကျန်းမာရေးအကျိုးကျေးဇူးများ

          ဟင်းသီးဟင်းရွက် အများစုဟာ စားသောက်နေထိုင်မှု ပုံမမှန်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ပြီး ဒီရောဂါတွေကြောင့် သေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရည်၊ ဆံကေသာနဲ့ ကိုယ်ခံစွမ်းအားတို့ကို တိုးမြှင့် ကောင်းမွန်စေနိုင်ပါတယ်။

1.      သန္ဓေသား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း

          ကညွတ်မှာ Folate ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ကြီးထွားမှု မြန်ဆန်နေတဲ့ အချိန်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးခါစကလေးငယ်တွေနဲ့ ကြီးကောင်ဝင်စ လူငယ်တွေအတွက် အထူးပင် ကောင်းမွန်ပါတယ်။

2.      စိတ်ဓာတ်ကျခြင်းကို လျော့ကျစေခြင်း

          ကညွတ်မှာ ပါဝင်တဲ့ Folate ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ Homocysteine ဆိုတဲ့ ဓာတ်တစ်မျိုး စုပုံမလာအောင် ကာကွယ်ပေးနိုင်တဲ့အတွက် စိတ်ဓာတ်ကျခြင်းကို နည်းပါးစေပါတယ်။

3.      နှလုံးကို ကျန်းမာစေနိုင်ခြင်း။

          အပေါ်မှာ ဆိုခဲ့တဲ့ Homocysteine ဓာတ်ဟာ နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

4.      အရိုးပွခြင်းကို ကာကွယ်ပေးခြင်း

          Vitamin K ဓာတ် လျော့နည်းခြင်းဟာ အရိုးကျိုးခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ ကညွတ်ဟင်းတစ်ခွက် စားခြင်းဖြင့် ဗီတာမင် K တစ်နေ့တာ လိုအပ်ချက်ရဲ့ တစ်ဝက်လောက်ကို ဖြည့်တင်းပေးနိုင်တာကြောင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို များစေပြီး ဆီးထဲ ကယ်လ်ဆီယမ် စွန့်ပစ်မှုကို နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကညွတ်မှာ ပါဝင်တဲ့ သံဓာတ်က အရိုးနဲ့ အဆစ်အမြစ်တွေကို သန်မာစေနိုင်ပါတယ်။

5.      ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

          Folate ဓာတ်နည်းပါးခြင်းဟာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း များစေနိုင်ပါတယ်။ Folate ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးသူတွေမှာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

6.      အစာခြေနှုန်း မြန်ဆန်စေခြင်း

          ကညွတ်မှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းရှင်းစေတဲ့အတွက် အူမကြီးကင်ဆာဖြြစ်ခင်းကို လျော့နည်းစေနိုင်ပါတယ်။

          အမျှင်ဓာတ်ဟာ ဝမ်းမှန်စေတဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို သည်းခြေရည်နဲ့ ဝမ်းမှတစ်ဆင့် စွန့်ပစ်ပေးပါတယ်။

          ဒါ့အပြင် အမျှင်ဓာတ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top