AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
Photo : နေခြည်ဦး FB
Credit: Duwun
#Unicode Version#
နေခြည်ဦးတစ်ယောက် ပခုက္ကူတံတားပေါ်မှာ ကားမတော်တဆမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးမှာဖွင့်ပွဲပြီးတာနဲ့ မကွေးကနေ ညောင်ဦးကို ကားစီး၊ ညောင်ဦးကနေ မုံရွာကို ညတွင်းချင်း ကားထပ်မောင်းရင်းနဲ့ ပခုက္ကူရောက်တဲ့အချိန် ပခုက္ကူတံတားပေးမှာ တစ်ဖက်က ကွန်တိမ်နာ ကားကြီးက အရှိန်နဲ့ သူမတို့ရှိရာ တစ်ဖက်လမ်းပေါ်တည့်တည့်ကြီး တင်မောင်းလာတာကြောင့် လန့်ပြီး Brake အုပ်ခဲ့ရတယ်တဲ့။
အသက်ဘေးက သီသီလေး လွတ်သွားပေမယ့် အနောက်မှာ ပါလာတဲ့ ဆိုင်ကယ်က အရှိန်နဲ့သူတို့ကားကို ဝင်ဆောင့် လို့ တစ်ဖွဲ့လုံး ယာဉ်ထိန်းရဲစခန်းမှာကော နယ်ထိန်းရဲစခန်းဆီမှာ အတွေ့အကြုံအသစ်တွေ ရခဲ့ရတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"ဒီခရီးစဉ်ကို သွားချင်စိတ်ပြင်းပြလွန်းလို့ညမကွေးမှာ ဖွင့်ပွဲပြီးတာနဲ့ မကွေးကနေ
ညောင်ဦးကို ကားစီး၊ ညောင်ဦးကနေ မုံရွာကို ညတွင်းချင်း ကားထပ်မောင်း မောင်းရင်း ပခုက္ကူအရောက်
ပခုဣူတံတားပေါ်မှာ ဟိုဘက်က ကွန်တိမ်နာကားကြီးက အရှိန်နဲ့ ဒီဘက်လမ်းပေါ်တည့်တည့်ကြီးတင်မောင်းလာလို့
သွားပြီထင်ပြီး brake အုပ်လိုက်တာ နည်းနည်းလေးအသက်ဘေးက လွတ်ခဲ့ပေမယ့် နောက် ဆိုင်ကယ်က
အရှိန်နဲ့ ဝင်ဆောင့်လို့ တစ်ဖွဲ့လုံး ယာဉ်ထိန်းရဲစခန်းမှာကော နယ်ထိန်းရဲစခန်းဆီမှာကော အတွေ့အကြုံအသစ်တွေ
အမှတ်တရတွေနဲ့ တသီကြီး ချီတက်ခဲ့ရပါတယ်။" ဆိုပြီး ပြောထားပါတယ်။
ဒါပေမယ့်လည်း သူမရဲ့ သူငယ်ချင်းတွေကောင်းမှုကြောင့် သူမအရမ်းဖူးချင်တဲ့ အလောင်းတော် ကဿပ ဘုရားကိုဖူးခဲ့ရတဲ့အတွက် သူမအရမ်းဝမ်းသာလို့နေပါတယ်။
သူမရဲ့ပရိသတ်တွေကတော့ မတော်တဆဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကြားတာနဲ့ သူမကို စိတ်ပူလို့ နေကြပါတယ်။ပရိသတ်တွေအားလုံး ကောမန့်တွေမှာ အစစအရာရာ သတိထားဖို့ပြောထားကြတာတွေလည်း တွေ့ရပါတယ်။
နေခြည်ဦးဟာ မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ Beauty Blogger တစ်ဦးလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ လက်ခံရိုက်ကူးတော့မယ်လို့ သိရပါတယ်။
Photo : နေခြည်ဦး FB
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top