iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းမွာ လက္ေခ်ာင္း ပံုစံ အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ လက္ေခ်ာင္း ပံုစံခ်င္း မတူၾကပါဘူး။ တေျဖာင့္တည္း ထိတ္ခၽြန္တာနဲ႔ လက္ဆစ္ရိုးႀကီးတာ စတဲ့ လက္ပိုင္ရွင္ေတြရဲ့ လကၡဏာရပ္ေတြကို မွ်ေ၀ေပးသြားမွာပါ။

ပံု (A)

လက္ေခ်ာင္း က A မွာ ျပထားသလိုမ်ိဳး တေျပးတည္း ျဖစ္ေနတယ္ ဆိုရင္ေတာ့ သင္ဟာ အလြန္ လွ်ိဳ႕၀ွက္တဲ့သူပါ။ သင့္ရဲ့ ခံစားခ်က္ေတြကို အလြယ္တကူ မွ်ေ၀တတ္တဲ့သူ မဟုတ္ပါဘူး။ သင္ စိတ္ဓါတ္ ဘယ္ေလာက္က်ၿပီး စိတ္ခံစားမႈ ဘယ္လိုပဲ မေကာင္းျဖစ္ေနပါေစ။ သင့္ကိုယ္သင္ သန္မာတဲ့သူ တစ္ေယာက္အျဖစ္သာ လူေတြကို ေဖာ္ျပၾကပါတယ္။ သင့္ကိုယ္သင္ တည္ေဆာက္တဲ့ သူမ်ိဳးပါ။


မရိုးသားမႈ လိမ္လည္မႈေတြကိုလည္း မုန္းတဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ သင္ယံုၾကည္တဲ့သူ အေပၚမွာေတာ့ အရမ္းကို ပြင့္ပြင့္လင္းလင္း ရွိတဲ့သူလည္း ျဖစ္ပါတယ္။ သင္ဟာ သည္းခံတတ္ၿပီး တျခားသူကို ကူညီတတ္ပါတယ္။ ေပးအပ္တဲ့တာ၀န္တစ္ခုကို သင္မႀကိဳက္ရင္ေတာင္ ေက်ပြန္ေအာင္ လုပ္ေဆာင္သူ တစ္ေယာက္ျဖစ္ပါတယ္။ သင့္မိသားစုေတြ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ ပတ္သတ္ရင္ေတာ့ စိတ္ထိခို္က္ လြယ္ပါတယ္။

ပံု (B)

သင့္ရဲ့လက္ပံုစံက ထိတ္ပိုင္းမွာ ခၽြန္သြားတယ္ဆိုရင္ေတာ့ သင္ဟာ အသစ္အဆန္းတစ္ခုခုကိုလုပ္ဖို႔ ၀န္ေလးတတ္သူတစ္ဦးျဖစ္ပါ။ သစၥာရွိတဲ့ မိတ္ေဆြေကာင္းတစ္ဦးျဖစ္ပါတယ္။ သင္တစ္ေယာက္ေယာက္ကိုခ်စ္မိသြားရင္ သူ႔ကိုအၿမဲေပ်ာ္ရႊင္ဖို႔အတြက္ ေတြးေပးတတ္ၿပီး သင့္ရဲ့ စိတ္ေတြ အာရံုေတြအားလံုးကို သူ႔အေပၚမွာပဲ ပံုထားေလ့ရွိပါတယ္။ သင္ဟာ ဆတ္ဆတ္ထိမခံသူတစ္ေယာက္ျဖစ္ပါတယ္။


အလုပ္တစ္ခုကို လုပ္လိုက္ၿပီဆိုရင္လည္း အဆံုးထိလုပ္တတ္တဲ့သူျဖစ္ပါတယ္။ နာက်င္ရမွာေၾကာက္ၿပီး သင္တစ္ခုခုခံစားေနရရင္ေတာင္ သင္ဘာမွမျဖစ္ဘူး အဆင္ေျပတယ္ဆိုတဲ့ စိတ္မ်ိဳးကို သြင္းထားတဲ့သူပါ။ သင့္ကိုယ္ ေပ်ာ္ရႊင္ေစတဲ့သူမ်ိဳးကို ေႏြးေထြးတဲ့သူမ်ိဳးကို သင္အၿမဲတမ္းလိုအပ္ေနတတ္ပါတယ္။ တစ္ခုခုကို မေက်မနပ္ျဖစ္တယ္ဆိုရင္ေတာင္ တျခားသူမသိႏိုင္ေလာက္ေအာင္ တည္ၿငိမ္လြန္းသူလည္းျဖစ္ျပန္ပါတယ္။

ပုံ (C)

ဒီ လက္ပိုင္ရွင္ မ်ိဳးဟာ နတ္သမီးေလး တစ္ပါးလိုပါပဲ။ စိတ္ခံစားမႈအရမ္းလြယ္သလို ခြင့္လႊတ္ဖို႔ တစ္ခုခုကို ေမ့ေပ်ာက္ဖို႔လည္း လြယ္ပါတယ္။ သေဘာထားႀကီးလြန္းတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သင့္အေပၚ သိပ္မခင္ခ်င္ မေဖာ္ေရြခ်င္တဲ့သူေတြကိုလည္း သင္က ၾကင္နာတတ္ပါတယ္။


လူမႈေရးလုပ္ငန္း ေတြလည္း အမ်ားအျပားလုပ္ေဆာင္သူတစ္ဦးျဖစ္ပါတယ္။ မတရားတာ သစၥာေဖာက္တာေတြကိုလည္း သည္းမခံတတ္သူျဖစ္ၿပီး ျပင္းျပင္းထန္ထန္ ဆန္႔က်င္သူလည္းျဖစ္ပါတယ္။ သင္ဟာ ေပ်ာ္ရႊင္တဲ့သူ တစ္ေယာက္ျဖစ္ၿပီး သင့္နားမွာရွိတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကလည္း ေပ်ာ္ရႊင္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
လူတိုင်းမှာ လက်ချောင်း ပုံစံ အမျိုးမျိုး ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လက်ချောင်း ပုံစံချင်း မတူကြပါဘူး။ တဖြောင့်တည်း ထိတ်ချွန်တာနဲ့ လက်ဆစ်ရိုးကြီးတာ စတဲ့ လက်ပိုင်ရှင်တွေရဲ့ လက္ခဏာရပ်တွေကို မျှဝေပေးသွားမှာပါ။

ပုံ (A)

လက်ချောင်း က A မှာ ပြထားသလိုမျိုး တပြေးတည်း ဖြစ်နေတယ် ဆိုရင်တော့ သင်ဟာ အလွန် လျှို့ဝှက်တဲ့သူပါ။ သင့်ရဲ့ ခံစားချက်တွေကို အလွယ်တကူ မျှဝေတတ်တဲ့သူ မဟုတ်ပါဘူး။ သင် စိတ်ဓါတ် ဘယ်လောက်ကျပြီး စိတ်ခံစားမှု ဘယ်လိုပဲ မကောင်းဖြစ်နေပါစေ။ သင့်ကိုယ်သင် သန်မာတဲ့သူ တစ်ယောက်အဖြစ်သာ လူတွေကို ဖော်ပြကြပါတယ်။ သင့်ကိုယ်သင် တည်ဆောက်တဲ့ သူမျိုးပါ။


မရိုးသားမှု လိမ်လည်မှုတွေကိုလည်း မုန်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သင်ယုံကြည်တဲ့သူ အပေါ်မှာတော့ အရမ်းကို ပွင့်ပွင့်လင်းလင်း ရှိတဲ့သူလည်း ဖြစ်ပါတယ်။ သင်ဟာ သည်းခံတတ်ပြီး တခြားသူကို ကူညီတတ်ပါတယ်။ ပေးအပ်တဲ့တာဝန်တစ်ခုကို သင်မကြိုက်ရင်တောင် ကျေပွန်အောင် လုပ်ဆောင်သူ တစ်ယောက်ဖြစ်ပါတယ်။ သင့်မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင်တော့ စိတ်ထိခိုက် လွယ်ပါတယ်။

ပုံ (B)

သင့်ရဲ့လက်ပုံစံက ထိတ်ပိုင်းမှာ ချွန်သွားတယ်ဆိုရင်တော့ သင်ဟာ အသစ်အဆန်းတစ်ခုခုကိုလုပ်ဖို့ ဝန်လေးတတ်သူတစ်ဦးဖြစ်ပါ။ သစ္စာရှိတဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါတယ်။ သင်တစ်ယောက်ယောက်ကိုချစ်မိသွားရင် သူ့ကိုအမြဲပျော်ရွှင်ဖို့အတွက် တွေးပေးတတ်ပြီး သင့်ရဲ့ စိတ်တွေ အာရုံတွေအားလုံးကို သူ့အပေါ်မှာပဲ ပုံထားလေ့ရှိပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူတစ်ယောက်ဖြစ်ပါတယ်။


အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုရင်လည်း အဆုံးထိလုပ်တတ်တဲ့သူဖြစ်ပါတယ်။ နာကျင်ရမှာကြောက်ပြီး သင်တစ်ခုခုခံစားနေရရင်တောင် သင်ဘာမှမဖြစ်ဘူး အဆင်ပြေတယ်ဆိုတဲ့ စိတ်မျိုးကို သွင်းထားတဲ့သူပါ။ သင့်ကိုယ် ပျော်ရွှင်စေတဲ့သူမျိုးကို နွေးထွေးတဲ့သူမျိုးကို သင်အမြဲတမ်းလိုအပ်နေတတ်ပါတယ်။ တစ်ခုခုကို မကျေမနပ်ဖြစ်တယ်ဆိုရင်တောင် တခြားသူမသိနိုင်လောက်အောင် တည်ငြိမ်လွန်းသူလည်းဖြစ်ပြန်ပါတယ်။

ပုံ (C)

ဒီ လက်ပိုင်ရှင် မျိုးဟာ နတ်သမီးလေး တစ်ပါးလိုပါပဲ။ စိတ်ခံစားမှုအရမ်းလွယ်သလို ခွင့်လွှတ်ဖို့ တစ်ခုခုကို မေ့ပျောက်ဖို့လည်း လွယ်ပါတယ်။ သဘောထားကြီးလွန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်အပေါ် သိပ်မခင်ချင် မဖော်ရွေချင်တဲ့သူတွေကိုလည်း သင်က ကြင်နာတတ်ပါတယ်။


လူမှုရေးလုပ်ငန်း တွေလည်း အများအပြားလုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။ မတရားတာ သစ္စာဖောက်တာတွေကိုလည်း သည်းမခံတတ်သူဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်သူလည်းဖြစ်ပါတယ်။ သင်ဟာ ပျော်ရွှင်တဲ့သူ တစ်ယောက်ဖြစ်ပြီး သင့်နားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ပျော်ရွှင်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top