iMyanmarHouse.com - Best Property Website for Myanmar
×

လူၾကမ္းသ႐ုပ္ေဆာင္နဲ႔ ဇာတ္ပို႔၊ဇာတ္ရံ ေနရာေပါင္းစုံကို ခက္ခဲၾကမ္းတမ္းစြာ ျဖတ္သန္းလာခဲ့တဲ့ သ႐ုပ္ေဆာင္ ဦးေဇာ္မႈိင္းကေတာ့ သူဘဝရဲ႕အခက္အခဲေတြနဲ႔ ဇာတ္ပို႔ဇာတ္ရံတို႔ရဲ႕ ခက္ခဲမႈေတြကို အခုလိုပဲေျပာျပလာပါတယ္

“ထုတ္လုပ္သူေတြကအစ အႏုပညာလုပ္အားခ ေပးခ်င္ရင္ မင္းသား၊ မင္းသမီးေတြကို အရမ္းေပးခ်င္တယ္။ ဇာတ္ပို႔၊ ဇာတ္ရံ၊ လူၾကမ္းေလးေတြ ေတာင္းၿပီဆိုရင္ ေပးခ်င္တဲ့ စိတ္ဓာတ္ အားနည္းတယ္.. ဟိုခတ္တုန္းက ဇာတ္ကား႐ိုက္ေနတဲ့ သူေတြဟာ ဇာတ္လမ္းအရ သူတို႔ကိုက္ညီတဲ့ ဇာတ္ေကာင္ကိုေ႐ႊးခ်ယ္တယ္ ကိုက္ညီတဲ့ ေဒသေတြသြား႐ိုက္တယ္..

.ဒီကုန္က်စရိတ္ကို သူတို႔မတြက္ဘူး ဇာတ္ကားေကာင္းဖို႔ ဇာတ္ကားေကာင္းမွ ပရိသတ္ကိုလည္း တန္ရာတန္ေၾကး ယူထားတဲ့ပိုက္ဆံေလးေတြေက်ေအာင္ ပရိသတ္ေတြလဲ အဆင့္ျမင့္ျမင့္ၾကည့္ရေအာင္ သဘာဝက်က်ၾကည့္ရေအာင္ ဟိုတုန္းကရည္႐ႊယ္ခ်က္နဲ႔႐ိုက္တယ္.. အခုေခတ္ထုတ္လုပ္သူေတြကေတာ့ ကားတစ္ကား႐ိုက္လိုက္ရင္သူတို႔အဖို႔ ဘယ္ေလာက္က်န္မွဆိုေတာ့ အဲ့ဒီလိုနည္းေတြ စနစ္ေတြနဲ႔လုပ္လိုက္ေတာ့ ဌားသင့္ဌားထိုက္တဲ့သူေတြလည္း မဌားေတာ့ဘူး သြားသင့္သြားထိုက္တဲ့ေနရာေတြလဲ မသြားေတာ့ဘူး ေပးသင့္ေပးထိုက္တဲ့ ဟာေတြဆိုရင္လဲမေပးေတာ့ဘူး”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmar celebrity

# Unicode Version ျဖင့္ ဖတ္ပါ#
လူကြမ်းသရုပ်ဆောင်နဲ့ ဇာတ်ပို့၊ဇာတ်ရံ နေရာပေါင်းစုံကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့တဲ့ သရုပ်ဆောင် ဦးဇော်မှိုင်းကတော့ သူဘဝရဲ့အခက်အခဲတွေနဲ့ ဇာတ်ပို့ဇာတ်ရံတို့ရဲ့ ခက်ခဲမှုတွေကို အခုလိုပဲပြောပြလာပါတယ်

“ထုတ်လုပ်သူတွေကအစ အနုပညာလုပ်အားခ ပေးချင်ရင် မင်းသား၊ မင်းသမီးတွေကို အရမ်းပေးချင်တယ်။ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းလေးတွေ တောင်းပြီဆိုရင် ပေးချင်တဲ့ စိတ်ဓာတ် အားနည်းတယ်.. ဟိုခတ်တုန်းက ဇာတ်ကားရိုက်နေတဲ့ သူတွေဟာ ဇာတ်လမ်းအရ သူတို့ကိုက်ညီတဲ့ ဇာတ်ကောင်ကိုရွှေးချယ်တယ် ကိုက်ညီတဲ့ ဒေသတွေသွားရိုက်တယ်..

.ဒီကုန်ကျစရိတ်ကို သူတို့မတွက်ဘူး ဇာတ်ကားကောင်းဖို့ ဇာတ်ကားကောင်းမှ ပရိသတ်ကိုလည်း တန်ရာတန်ကြေး ယူထားတဲ့ပိုက်ဆံလေးတွေကျေအောင် ပရိသတ်တွေလဲ အဆင့်မြင့်မြင့်ကြည့်ရအောင် သဘာဝကျကျကြည့်ရအောင် ဟိုတုန်းကရည်ရွှယ်ချက်နဲ့ရိုက်တယ်.. အခုခေတ်ထုတ်လုပ်သူတွေကတော့ ကားတစ်ကားရိုက်လိုက်ရင်သူတို့အဖို့ ဘယ်လောက်ကျန်မှဆိုတော့ အဲ့ဒီလိုနည်းတွေ စနစ်တွေနဲ့လုပ်လိုက်တော့ ဌားသင့်ဌားထိုက်တဲ့သူတွေလည်း မဌားတော့ဘူး သွားသင့်သွားထိုက်တဲ့နေရာတွေလဲ မသွားတော့ဘူး ပေးသင့်ပေးထိုက်တဲ့ ဟာတွေဆိုရင်လဲမပေးတော့ဘူး”

ဖိုးသူတော် (www.phothutaw.com)
Credit:myanmar celebrity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top