ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ုိင္၊ မံုးကိုးၿမိဳ႕အနီးမွာ ခရစ္ယာန္ သင္းေထာက္ဆရာနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ရြာသား ၅ ဦး မိုင္းနင္းမိၿပီး အားလံုး ဒဏ္ရာရကာ တေယာက္ ေျခေထာက္ ျဖတ္လိုက္ရပါတယ္။

မံုးကိုးၿမဳိ႕ေတာင္ဘက္ မန္ဂ်ပ္ရြာေဟာင္းဘက္ကို ဇန္နဝါရီ ၈ ရက္ မနက္က ေတာထဲ ထင္းသြားခုတ္ရာမွာ မိုင္းႏွစ္လံုး၊ ႏွစ္ခါ ေပါက္ကြဲမႈနဲ႔ ၾကံဳရတာလို႔ တ႐ုတ္ျပည္ ယူနန္ျပည္နယ္  မန္စီေဆး႐ုံေရာက္ ဒဏ္ရာရသူတဦးက  ဒီဗြီဘီကို ေျပာပါတယ္။

“  အဲဒီေန႔ မံုးကိုးၿမိဳ႕ကေန ၁၁ နာရီေလာက္ ထြက္လာတယ္။ ၁၁ နာရီခြဲေလာက္က်ေတာ့ လမ္းမႀကီးကေန ေတာလမ္းထဲ ဝင္သြားတာ သိပ္မၾကာဘူး။ အဲဒီမွာ ျဗဳန္းဒိုင္းဆို ေပါက္ကြဲတဲ့အသံ ၾကားၿပီး က်ေနာ္တို႔အားလံုး လဲသြားတယ္။ တေယာက္၊ ႏွစ္ေယာက္ သတိေမ့သြားတယ္။ သင္းေထာက္ဆရာ ဦးေဇာင္းေခါင္က ပထမထိတဲ့အခ်ိန္ သိပ္မျပင္းထန္ဘူး။ ဒါေၾကာင့္ သူက အေနာက္ျပန္လာၿပီး လဲေနတဲ့သူေတြကို ျပန္ကူတာ။ ခဏေနေတာ့ ေနာက္တလံုး ထပ္ေပါက္တယ္။ အဲဒီမွာ ဆရာေဒါင္းေခါင္က  ေပါင္မွာ ထိသြားတယ္၊ က်ေနာ္တို႔နဲ႔ အနီးဆံုး တ႐ုတ္ျပည္ မံစီေဆး႐ံုမွာ လာကုၾကတယ္။ အခု ေဆး႐ံုမွာ သူ႔ေပါင္တဖက္ ျဖတ္လိုက္ရၿပီ”

ဒဏ္ရာရသူေတြထဲမွာ မန္ဂ်ပ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးယိန္းေယာ္ပါ ပါၿပီး သူက ေျခေထာက္၊ ေပါင္နဲ႔ ဝမ္းဗိုက္ညာဘက္မွာပါ မိုင္းစေတြ ဝင္သြားတယ္လို႔ ဆိုပါတယ္။

မံုးကိုး အမွတ္ (၇) ရပ္ကြက္စာေရး ဦးဒိုင္ေဇ ဆိုသူမွာလည္း မိုင္းစက ဘယ္ဘက္မ်က္လံုးကေန ေနာက္ေစ့ထိ ေပါက္ထြက္ ဒဏ္ရာရသြားတာေၾကာင့္ ဒီေန႔ထိ သတိမရေသးဘဲ စုိးရိမ္ရတဲ့ အေျခအေနရွိေနၿပီး က်န္သူေတြမွာလည္း ခႏၶာကိုယ္မွာ မိုင္းစဝင္ၿပီး တခ်ိဳ႕က  ခြဲထုတ္လို႔ မကုန္ေသးဘူးလို႔ ဆိုပါတယ္။

သူတို႔အားလံုးမွာ အရင္က မန္ဂ်ပ္ရြာသားေတြ ျဖစ္ၾကၿပီး လြန္ခဲ့တဲ့ႏွစ္ႏွစ္က တိုက္ပြဲျဖစ္ေတာ့ မံုးကိုးဘက္ကို စစ္ေျပးေရွာင္လာကာ ရြာေဟာင္းမွာ ထင္းျပန္ခုတ္ရာက ခုလို မိုင္းနင္းမိတာ ျဖစ္ပါတယ္။ 

သူတို႔ေတြဟာ စစ္ေျပးေရွာင္ေတြသာ ျဖစ္တာေၾကာင့္ ေဆးဝါးကုသဖို႔ ေငြေၾကးအခက္အခဲေတြလည္း ရွိေနေၾကာင္း၊ ေလာေလာဆယ္ မံစီရွိ ကခ်င္အသိုင္းအဝိုင္းက လူနာ လာၾကည့္ရင္း တေယာက္ တရာ၊ ႏွစ္ရာစီ လာေပးသြားၾကၿပီး ေနာက္ထပ္ ေဆးဖိုးေတြ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

မိုင္းထိသူေတြကို ေဆးဖိုးဝါးခ ကူညီလိုပါက တ႐ုတ္ဖုန္းနံပါတ္ ၈၆- ၁၈၀၈၈ ၂၀၂၀၈၃ ကို ဆက္သြယ္ကူညီႏိုင္ပါတယ္။

မံုးကိုးေဒသဘက္မွာ  ၂၀၁၆ ခုႏွစ္က ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ မဟာမိတ္အဖြဲ႔နဲ႔ ျမန္မာ့တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ရြာသားေတြဟာ မံုးကိုးၿမိဳ႕ေပၚကို တိမ္းေရွာင္လာကာ တခ်ဳိ႕ကလည္း တ႐ုတ္ျပည္ဘက္ တိမ္းေရွာင္သြားခဲ့ရပါတယ္။   

ဓာတ္ပံု – Helen Mai

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb
# Unicode Version ဖြင့် ဖတ်ပါ #

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့အနီးမှာ ခရစ်ယာန် သင်းထောက်ဆရာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၅ ဦး မိုင်းနင်းမိပြီး အားလုံး ဒဏ်ရာရကာ တယောက် ခြေထောက် ဖြတ်လိုက်ရပါတယ်။

မုံးကိုးမြို့တောင်ဘက် မန်ဂျပ်ရွာဟောင်းဘက်ကို ဇန်နဝါရီ ၈ ရက် မနက်က တောထဲ ထင်းသွားခုတ်ရာမှာ မိုင်းနှစ်လုံး၊ နှစ်ခါ ပေါက်ကွဲမှုနဲ့ ကြုံရတာလို့ တရုတ်ပြည် ယူနန်ပြည်နယ်  မန်စီဆေးရုံရောက် ဒဏ်ရာရသူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“  အဲဒီနေ့ မုံးကိုးမြို့ကနေ ၁၁ နာရီလောက် ထွက်လာတယ်။ ၁၁ နာရီခွဲလောက်ကျတော့ လမ်းမကြီးကနေ တောလမ်းထဲ ဝင်သွားတာ သိပ်မကြာဘူး။ အဲဒီမှာ ဗြုန်းဒိုင်းဆို ပေါက်ကွဲတဲ့အသံ ကြားပြီး ကျနော်တို့အားလုံး လဲသွားတယ်။ တယောက်၊ နှစ်ယောက် သတိမေ့သွားတယ်။ သင်းထောက်ဆရာ ဦးဇောင်းခေါင်က ပထမထိတဲ့အချိန် သိပ်မပြင်းထန်ဘူး။ ဒါကြောင့် သူက အနောက်ပြန်လာပြီး လဲနေတဲ့သူတွေကို ပြန်ကူတာ။ ခဏနေတော့ နောက်တလုံး ထပ်ပေါက်တယ်။ အဲဒီမှာ ဆရာဒေါင်းခေါင်က  ပေါင်မှာ ထိသွားတယ်၊ ကျနော်တို့နဲ့ အနီးဆုံး တရုတ်ပြည် မံစီဆေးရုံမှာ လာကုကြတယ်။ အခု ဆေးရုံမှာ သူ့ပေါင်တဖက် ဖြတ်လိုက်ရပြီ”

ဒဏ်ရာရသူတွေထဲမှာ မန်ဂျပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးယိန်းယော်ပါ ပါပြီး သူက ခြေထောက်၊ ပေါင်နဲ့ ဝမ်းဗိုက်ညာဘက်မှာပါ မိုင်းစတွေ ဝင်သွားတယ်လို့ ဆိုပါတယ်။

မုံးကိုး အမှတ် (၇) ရပ်ကွက်စာရေး ဦးဒိုင်ဇေ ဆိုသူမှာလည်း မိုင်းစက ဘယ်ဘက်မျက်လုံးကနေ နောက်စေ့ထိ ပေါက်ထွက် ဒဏ်ရာရသွားတာကြောင့် ဒီနေ့ထိ သတိမရသေးဘဲ စိုးရိမ်ရတဲ့ အခြေအနေရှိနေပြီး ကျန်သူတွေမှာလည်း ခန္ဓာကိုယ်မှာ မိုင်းစဝင်ပြီး တချို့က  ခွဲထုတ်လို့ မကုန်သေးဘူးလို့ ဆိုပါတယ်။

သူတို့အားလုံးမှာ အရင်က မန်ဂျပ်ရွာသားတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်နှစ်က တိုက်ပွဲဖြစ်တော့ မုံးကိုးဘက်ကို စစ်ပြေးရှောင်လာကာ ရွာဟောင်းမှာ ထင်းပြန်ခုတ်ရာက ခုလို မိုင်းနင်းမိတာ ဖြစ်ပါတယ်။ 

သူတို့တွေဟာ စစ်ပြေးရှောင်တွေသာ ဖြစ်တာကြောင့် ဆေးဝါးကုသဖို့ ငွေကြေးအခက်အခဲတွေလည်း ရှိနေကြောင်း၊ လောလောဆယ် မံစီရှိ ကချင်အသိုင်းအဝိုင်းက လူနာ လာကြည့်ရင်း တယောက် တရာ၊ နှစ်ရာစီ လာပေးသွားကြပြီး နောက်ထပ် ဆေးဖိုးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မိုင်းထိသူတွေကို ဆေးဖိုးဝါးခ ကူညီလိုပါက တရုတ်ဖုန်းနံပါတ် ၈၆- ၁၈၀၈၈ ၂၀၂၀၈၃ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

မုံးကိုးဒေသဘက်မှာ  ၂၀၁၆ ခုနှစ်က မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာသားတွေဟာ မုံးကိုးမြို့ပေါ်ကို တိမ်းရှောင်လာကာ တချို့ကလည်း တရုတ်ပြည်ဘက် တိမ်းရှောင်သွားခဲ့ရပါတယ်။   

ဓာတ်ပုံ – Helen Mai

ဖိုးသူတော် (www.phothutaw.com)
Credit: dvb

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top