iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ႏုိင္ငံ အာရီဇုိနားျပည္နယ္မွ အမ်ဳိးသားတစ္ဦးက သုံးပတ္အတြင္းမွာ လူကုိးဦးကုိသတ္ခဲ့ေၾကာင္း သံသယ႐ွိေနတယ္လုိ႕ ဖီးနစ္ၿမဳိ႕ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကလီ႐ုိဖာအက္စ္ ကြတ္ခ္ေဆး ဂ်ဴနီယာအမည္႐ွိ အသက္ ၃၅ ႏွစ္ဟာ ၎ရဲ႕မိခင္နဲ႕ ပေထြးျဖစ္သူတုိ႕ကို ပစ္သတ္ခဲ့ၿပီးေနာက္ ယမန္ႏွစ္ ဒီဇင္ဘာ ၁၇ ရက္မွာ ဖမ္းဆီးခံခဲ့ရပါတယ္။

ကြတ္ခ္ေဆးကုိ ဖမ္းဆီးခဲ့ၿပီးေနာက္ ၎ရဲ႕ေသနတ္ကို လက္နက္စစ္ေဆးတဲ့ နည္းပညာသစ္အသုံးျပဳ စစ္ေဆးခဲ့ရာမွာ အဆုိပါေသနတ္ျဖင့္ အျခား လူခုနစ္ဦးကုိ ပစ္သတ္ခဲ့ေၾကာင္း ေဖာ္ထုတ္သိ႐ွိခဲ့ရတယ္လုိ႕ ဆုိပါတယ္။

အသတ္ခံရသူမ်ား


ကြတ္ခ္ေဆး သတ္ခဲ့တဲ့ အျခား လူေတြရဲ႕အေလာင္းေတြကုိ ဆက္လက္ ႐ွာေဖြေဖာ္ထုတ္ေနေၾကာင္းနဲ႕ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း ရဲတပ္ဖဲြ႕က ေျပာပါတယ္။

ကြတ္ခ္ေဆးက လူသတ္မႈေတြ က်ဴးလြန္ခဲ့တဲ့ အေၾကာင္းရင္းနဲ႕ ၎နဲ႕ အသတ္ခံရသူေတြၾကား ဆက္ႏြယ္ပတ္သက္မႈကုိ အတည္မျပဳႏုိင္ေသးဘူးလုိ႕ အာရီဇုိးနား အာဏာပုိင္ေတြက ဆုိပါတယ္။

ၾကာသပေတးေန႕ (ဇန္နဝါရီ ၁၈ ရက္) မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာ႐ွင္းလင္းပြဲအတြင္း ရဲတပ္ဖြဲ႕က လူသတ္မႈျဖစ္ပြားခဲ့တဲ့ အခ်ိန္ကာလေတြကုိ ႐ွင္းလင္းေျပာၾကားခဲ့ပါတယ္။

အသတ္ခံရသူမ်ား


ကြတ္ခ္ေဆးက ႏုိဝင္ဘာ ၂၇ ရက္မွာ အသက္ ၂၇ ႏွစ္အ႐ြယ္ အန္ဒ႐ူး ရီမီလ္လတ္ဒ္နဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ ပါကားစမစ္သ္တုိ႕ကုိ ပစ္သတ္ခဲ့ေၾကာင္း သိရပါတယ္။ ထုိ႕ေနာက္ ဒီဇင္ဘာ ၂ ရက္မွာလည္း ဒဏ္ရာအျပင္းအထန္ရထားတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ရစ္ခ်တ္ဒ္အမည္႐ွိသူကုိ လူေနတုိက္ခန္းတစ္ခုမွာ ေတြ႕ခဲ့ရၿပီး ထုိေနရာမွာပင္ ေသဆုံးခဲ့ပါတယ္။

အသတ္ခံရသူမ်ား


ထို႕အတူ ဒီဇင္ဘာ ၁၁ ရက္မွာ အသက္ ၂၅ ႏွစ္အ႐ြယ္ ဂ်ီးဆပ္ ဘုိနီဖာစီ႐ုိရီးရဲလ္ကုိ ဖီးနစ္႐ွိ ေနအိမ္တစ္အိမ္မွာ ပစ္သတ္ခံထားရတာ ေတြ႕ခဲ့ရပါတယ္။ ဒီဇင္ဘာ ၁၃ ရက္မွာ အသက္ ၂၉ ႏွစ္အ႐ြယ္ ဘက္ခ္ဖုိ႕ဒ္အမည္႐ွိ အေရးေပၚဝန္ထမ္းတစ္ဦး ပစ္သတ္ခံခဲ့ရပါတယ္။

ထုိ႕အတူ ဒီဇင္ဘာ ၁၅ ရက္မွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ကင္မ႐ြန္းနဲ႕ ဒီဇင္ဘာ ၁၆ ရက္မွာ အသက္ ၄၃ ႏွစ္အ႐ြယ္ ကေလးအေမတစ္ဦးျဖစ္သူ မာရီယာတုိ႕လည္း ပစ္သတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ မာရီယာကုိ ပစ္မသတ္မီက လိင္ပုိင္းဆုိင္ရာ ေစာ္ကားတုိက္ခိုက္ခဲ့ေၾကာင္းလည္း သိရပါတယ္။

အသတ္ခံရသူမ်ားႏွင့္ ေန႕စြဲ၊ ေနရာမ်ား ျပသထားသည့္ကားခ်ပ္


ထုိ႕ေနာက္ ဒီဇင္ဘာ ၁၇ ရက္မွာ ဖီးနစ္ၿမဳိ႕လယ္႐ွိ ကြတ္ခ္ေဆး ေနထုိင္ရာတုိက္ခန္းမွာ အသက္ ၅၆ ႏွစ္အ႐ြယ္ ၎ရဲ႕မိခင္ ရီနီကြတ္ခ္ေဆးနဲ႕ ပေထြးျဖစ္သူ အသက္ ၅၄ ႏွစ္အ႐ြယ္ အက္ဒ္ဝါ့ဒ္ႏူးရ္တုိ႕ကုိ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးေနတာ ေတြ႕ခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕က ထိုေန႕မွာပင္ ကြတ္ခ္ေဆးကုိ ဖမ္းဆီးခဲ့တာလည္း ျဖစ္ပါတယ္။

ကြတ္ခ္ေဆးဟာ လူေသမႈနဲ႕ လက္နက္ကုိင္ လုယက္မႈမ်ား က်ဴးလြန္ခဲ့မႈေၾကာင့္ ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္ခံခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ဇူလုိင္လမွာ ေထာင္မွျပန္လြတ္လာခဲ့ေၾကာင္း အာရီဇုိနား အာဏာပုိင္ေတြက ေျပာပါတယ္။ ေထာင္မွလြတ္လာၿပီးေနာက္ ကြတ္ခ္ေဆးက ၎ရဲ႕မိခင္နဲ႕အတူ ေနထုိင္ခဲ့တယ္လုိ႕ အိမ္နီးခ်င္းေတြက ဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အမေရိကန်နိုင်ငံ အာရီဇိုနားပြည်နယ်မှ အမျိုးသားတစ်ဦးက သုံးပတ်အတွင်းမှာ လူကိုးဦးကိုသတ်ခဲ့ကြောင်း သံသယရှိနေတယ်လို့ ဖီးနစ်မြို့ရဲတပ်ဖွဲ့က ပြောပါတယ်။

ကလီရိုဖာအက်စ် ကွတ်ခ်ဆေး ဂျူနီယာအမည်ရှိ အသက် ၃၅ နှစ်ဟာ ၎င်းရဲ့မိခင်နဲ့ ပထွေးဖြစ်သူတို့ကို ပစ်သတ်ခဲ့ပြီးနောက် ယမန်နှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ကွတ်ခ်ဆေးကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းရဲ့သေနတ်ကို လက်နက်စစ်ဆေးတဲ့ နည်းပညာသစ်အသုံးပြု စစ်ဆေးခဲ့ရာမှာ အဆိုပါသေနတ်ဖြင့် အခြား လူခုနစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူများ


ကွတ်ခ်ဆေး သတ်ခဲ့တဲ့ အခြား လူတွေရဲ့အလောင်းတွေကို ဆက်လက် ရှာဖွေဖော်ထုတ်နေကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကွတ်ခ်ဆေးက လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြောင်းရင်းနဲ့ ၎င်းနဲ့ အသတ်ခံရသူတွေကြား ဆက်နွယ်ပတ်သက်မှုကို အတည်မပြုနိုင်သေးဘူးလို့ အာရီဇိုးနား အာဏာပိုင်တွေက ဆိုပါတယ်။

ကြာသပတေးနေ့ (ဇန်နဝါရီ ၁၈ ရက်) မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်ပွားခဲ့တဲ့ အချိန်ကာလတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အသတ်ခံရသူများ


ကွတ်ခ်ဆေးက နိုဝင်ဘာ ၂၇ ရက်မှာ အသက် ၂၇ နှစ်အရွယ် အန်ဒရူး ရီမီလ်လတ်ဒ်နဲ့ အသက် ၂၁ နှစ်အရွယ် ပါကားစမစ်သ်တို့ကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဒီဇင်ဘာ ၂ ရက်မှာလည်း ဒဏ်ရာအပြင်းအထန်ရထားတဲ့ အသက် ၃၅ နှစ်အရွယ် ရစ်ချတ်ဒ်အမည်ရှိသူကို လူနေတိုက်ခန်းတစ်ခုမှာ တွေ့ခဲ့ရပြီး ထိုနေရာမှာပင် သေဆုံးခဲ့ပါတယ်။

အသတ်ခံရသူများ


ထို့အတူ ဒီဇင်ဘာ ၁၁ ရက်မှာ အသက် ၂၅ နှစ်အရွယ် ဂျီးဆပ် ဘိုနီဖာစီရိုရီးရဲလ်ကို ဖီးနစ်ရှိ နေအိမ်တစ်အိမ်မှာ ပစ်သတ်ခံထားရတာ တွေ့ခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ အသက် ၂၉ နှစ်အရွယ် ဘက်ခ်ဖို့ဒ်အမည်ရှိ အရေးပေါ်ဝန်ထမ်းတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ထို့အတူ ဒီဇင်ဘာ ၁၅ ရက်မှာ အသက် ၂၁ နှစ်အရွယ် ကင်မရွန်းနဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ အသက် ၄၃ နှစ်အရွယ် ကလေးအမေတစ်ဦးဖြစ်သူ မာရီယာတို့လည်း ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မာရီယာကို ပစ်မသတ်မီက လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။

အသတ်ခံရသူများနှင့် နေ့စွဲ၊ နေရာများ ပြသထားသည့်ကားချပ်


ထို့နောက် ဒီဇင်ဘာ ၁၇ ရက်မှာ ဖီးနစ်မြို့လယ်ရှိ ကွတ်ခ်ဆေး နေထိုင်ရာတိုက်ခန်းမှာ အသက် ၅၆ နှစ်အရွယ် ၎င်းရဲ့မိခင် ရီနီကွတ်ခ်ဆေးနဲ့ ပထွေးဖြစ်သူ အသက် ၅၄ နှစ်အရွယ် အက်ဒ်ဝါ့ဒ်နူးရ်တို့ကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ထိုနေ့မှာပင် ကွတ်ခ်ဆေးကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ကွတ်ခ်ဆေးဟာ လူသေမှုနဲ့ လက်နက်ကိုင် လုယက်မှုများ ကျူးလွန်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ထောင်မှပြန်လွတ်လာခဲ့ကြောင်း အာရီဇိုနား အာဏာပိုင်တွေက ပြောပါတယ်။ ထောင်မှလွတ်လာပြီးနောက် ကွတ်ခ်ဆေးက ၎င်းရဲ့မိခင်နဲ့အတူ နေထိုင်ခဲ့တယ်လို့ အိမ်နီးချင်းတွေက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top