မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ၿပီးခဲ့သည့္ ရက္ပိုင္းက လူမႈကြန္ရက္တြင္  ပ်ံ႕ႏွံ႔ခဲ့ေသာ အငွားယာဥ္ေမာင္းက အဓမၼျပဳ က်င့္ၿပီး သတ္ျဖတ္ခဲ့သည့္ အမ်ိဳးသမီးတစ္ဦး၏ ျဖစ္ရပ္ႏွင့္ ပတ္ သက္၍ မိန္းကေလးမ်ား၏လံုၿခံဳ ေရးအတြက္ သက္ဆုိင္ရာမ်ားက အတတ္ႏိုင္ဆံုး စြမ္းေဆာင္ေပး ၾကရန္ သ႐ုပ္ေဆာင္ ခင္ဇာျခည္ ေက်ာ္က ေျပာသည္။

‘‘မိ္န္းကေလးေတြအတြက္ လံုၿခံဳမႈအားနည္းေနတာေတာ့ အ မွန္ပဲ။ ၾကားရတဲ့သတင္းေတြက စိတ္မေကာင္းဘူး။ ကိုယ္လည္း မိန္းကေလးျဖစ္တယ္။ ကိုယ့္မွာ လည္း သမီးေလးရွိတယ္။ အဲဒီ ေတာ့ မိန္းကေလးေတြရဲ႕ လံုၿခံဳမႈ ကို အဓိကထားၿပီး သက္ဆုိင္ရာ ေတြကေန အတတ္ႏိုင္ဆံုး စြမ္း ေဆာင္ေပးၾကပါ၊    ဥပေဒေတြ ထုတ္ေပးၾကပါလို႔ပဲ ေျပာခ်င္ပါ တယ္ရွင္’’ဟု ၎က ေျပာသည္။

မိမိကိုယ္တုိင္ သမီးမိန္းက ေလးေမြးထားေသာေၾကာင့္ ေဖ့စ္ ဘြတ္ခ္တြင္ ေတြ႕ရသည့္ အျဖစ္ အပ်က္၊ အေၾကာင္းအရာမ်ားကို သင္ခန္းစာအျဖစ္ နမူနာျပ ဆံုးမေလ့ရွိသည္ဟုဆိုသည္။

‘‘အခုဆိုရင္ သမီးကို မိဘ တစ္ေယာက္အေနနဲ႔ ေသေသခ်ာ ခ်ာမ်က္ျခည္မျပတ္ ၾကည့္ရတာ ေပါ့။ ၿပီးရင္လည္း ဘယ္သူနဲ႔ စကားေျပာလဲ၊ ဘာလုပ္လဲ။ ေဖ့စ္ဘြတ္ခ္သံုးတာက အစ သူ႔အ ေကာင့္ထဲကိုယ္ဝင္ၿပီး အနီးကပ္ ဂ႐ုစိုက္တယ္။ ကိုယ္မပါဘဲ ဘယ္မွ မလႊတ္ဘူး။ သူတစ္ေယာက္ တည္း ဘယ္မွမလႊတ္ရင္ေတာ့ အႏၲရာယ္မရွိဘူးလို႔ ထင္ပါတယ္’’ ဟု ခင္ဇာျခည္ေက်ာ္က ေျပာ သည္။ ၎၏ သမီးအငယ္ကို ထင္ သစၥာဟု အမည္ေပးထားၿပီး ယခုအခါ အသက္(၁၃)ႏွစ္ရွိၿပီ ျဖစ္ သည္။

‘‘မိန္းကေလးအားလံုး အယံု မလြယ္ဘဲနဲ႔ ကိုယ့္ကိုယ္ကိုယ္ လံုၿခံဳမႈျပည့္ဝေအာင္ ေနတတ္ဖို႔ ေရွ႕က သာဓကေတြကိုယူၿပီး ကိုယ့္ရဲ႕ စိတ္အလိုကို မလိုက္ဖို႔၊ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တတ္ဖို႔လည္း အေရးႀကီးပါတယ္။ အဓိကက ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တတ္ဖို႔ လိုတယ္။ တိုက္ကြမ္ဒိုေတာင္ သင္ခိုင္းရမလိုျဖစ္ေနၿပီ။ အားလံုးပဲ သတိဝီရိယေလးနဲ႔ ထိန္းသိမ္းၾကပါလို႔ပဲ ေျပာခ်င္ပါတယ္’’ ဟု ၎က ေျပာသည္။

၎၏ကိုယ္ပိုင္ ၾကယ္တံခြန္ထုတ္လုပ္ေရးက ဒုတိယ ေျမာက္ ႐ိုက္ကူးသည့္ ‘ဓားဖိုးကင္း’ ႐ုပ္ရွင္ဇာတ္ကားကို မၾကာမီ ႐ံုတင္ရန္ စီစဥ္ေနသည္။

ဓားဖိုးကင္းဇာတ္ကားတြင္ မုဆိုးဖိုႏွင့္ ခ်စ္ႀကိဳက္ေနသည့္ အပ်ိဳႀကီးအျဖစ္ သ႐ုပ္ေဆာင္ ထားၿပီး ၎အပါအဝင္ ေက်ာ္ရဲေအာင္၊ ခန္႔စည္သူ၊ ေက်ာ္ေက်ာ္ဗို ႏွင့္ အိေခ်ာပိုတို႔ အဓိကပါဝင္ သ႐ုပ္ေဆာင္ထားသည္။

ေဖေဖာ္ဝါရီလဆန္းတြင္ စတင္႐ိုက္ကူးမည့္ ‘ေနရယ္ လရယ္ အမွန္တရားရယ္’ ႐ုပ္သံ ဇာတ္လမ္းတြဲ   ဒုတိယပိုင္း၌ လႊတ္ေတာ္အမတ္တစ္ဦးအေန ျဖင့္ ပါဝင္သ႐ုပ္ေဆာင္ရန္ ရွိ ေၾကာင္း ခင္ဇာျခည္ေက်ာ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်တွင်  ပျံ့နှံ့ခဲ့သော အငှားယာဉ်မောင်းက အဓမ္မပြု ကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်နှင့် ပတ် သက်၍ မိန်းကလေးများ၏လုံခြုံ ရေးအတွက် သက်ဆိုင်ရာများက အတတ်နိုင်ဆုံး စွမ်းဆောင်ပေး ကြရန် သရုပ်ဆောင် ခင်ဇာခြည် ကျော်က ပြောသည်။

‘‘မိန်းကလေးတွေအတွက် လုံခြုံမှုအားနည်းနေတာတော့ အ မှန်ပဲ။ ကြားရတဲ့သတင်းတွေက စိတ်မကောင်းဘူး။ ကိုယ်လည်း မိန်းကလေးဖြစ်တယ်။ ကိုယ့်မှာ လည်း သမီးလေးရှိတယ်။ အဲဒီ တော့ မိန်းကလေးတွေရဲ့ လုံခြုံမှု ကို အဓိကထားပြီး သက်ဆိုင်ရာ တွေကနေ အတတ်နိုင်ဆုံး စွမ်း ဆောင်ပေးကြပါ၊    ဥပဒေတွေ ထုတ်ပေးကြပါလို့ပဲ ပြောချင်ပါ တယ်ရှင်’’ဟု ၎င်းက ပြောသည်။

မိမိကိုယ်တိုင် သမီးမိန်းက လေးမွေးထားသောကြောင့် ဖေ့စ် ဘွတ်ခ်တွင် တွေ့ရသည့် အဖြစ် အပျက်၊ အကြောင်းအရာများကို သင်ခန်းစာအဖြစ် နမူနာပြ ဆုံးမလေ့ရှိသည်ဟုဆိုသည်။

‘‘အခုဆိုရင် သမီးကို မိဘ တစ်ယောက်အနေနဲ့ သေသေချာ ချာမျက်ခြည်မပြတ် ကြည့်ရတာ ပေါ့။ ပြီးရင်လည်း ဘယ်သူနဲ့ စကားပြောလဲ၊ ဘာလုပ်လဲ။ ဖေ့စ်ဘွတ်ခ်သုံးတာက အစ သူ့အ ကောင့်ထဲကိုယ်ဝင်ပြီး အနီးကပ် ဂရုစိုက်တယ်။ ကိုယ်မပါဘဲ ဘယ်မှ မလွှတ်ဘူး။ သူတစ်ယောက် တည်း ဘယ်မှမလွှတ်ရင်တော့ အန္တရာယ်မရှိဘူးလို့ ထင်ပါတယ်’’ ဟု ခင်ဇာခြည်ကျော်က ပြော သည်။ ၎င်း၏ သမီးအငယ်ကို ထင် သစ္စာဟု အမည်ပေးထားပြီး ယခုအခါ အသက်(၁၃)နှစ်ရှိပြီ ဖြစ် သည်။

‘‘မိန်းကလေးအားလုံး အယုံ မလွယ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုပြည့်ဝအောင် နေတတ်ဖို့ ရှေ့က သာဓကတွေကိုယူပြီး ကိုယ့်ရဲ့ စိတ်အလိုကို မလိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့လည်း အရေးကြီးပါတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ လိုတယ်။ တိုက်ကွမ်ဒိုတောင် သင်ခိုင်းရမလိုဖြစ်နေပြီ။ အားလုံးပဲ သတိဝီရိယလေးနဲ့ ထိန်းသိမ်းကြပါလို့ပဲ ပြောချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

၎င်း၏ကိုယ်ပိုင် ကြယ်တံခွန်ထုတ်လုပ်ရေးက ဒုတိယ မြောက် ရိုက်ကူးသည့် ‘ဓားဖိုးကင်း’ ရုပ်ရှင်ဇာတ်ကားကို မကြာမီ ရုံတင်ရန် စီစဉ်နေသည်။

ဓားဖိုးကင်းဇာတ်ကားတွင် မုဆိုးဖိုနှင့် ချစ်ကြိုက်နေသည့် အပျိုကြီးအဖြစ် သရုပ်ဆောင် ထားပြီး ၎င်းအပါအဝင် ကျော်ရဲအောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗို နှင့် အိချောပိုတို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ဖေဖော်ဝါရီလဆန်းတွင် စတင်ရိုက်ကူးမည့် ‘နေရယ် လရယ် အမှန်တရားရယ်’ ရုပ်သံ ဇာတ်လမ်းတွဲ   ဒုတိယပိုင်း၌ လွှတ်တော်အမတ်တစ်ဦးအနေ ဖြင့် ပါဝင်သရုပ်ဆောင်ရန် ရှိ ကြောင်း ခင်ဇာခြည်ကျော်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top