မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

ထိုလူငယ်လေးဟာ ဆေးအလွန်အကျွံသုံးစွဲထားမှုကြောင့် စိတ်လွတ်ကာ မဟုတ်တာတွေလုပ်ခဲ့မိတယ်လို့ဆို

Barangay Pasong Tamo, Quezon မြို့ မှာနေထိုင်တဲ့ အသက်၁၇နှစ် Karlo ကို အမေရင်းအား အဓမ္မာပြုကျင့်ရန်ကြိုးစားမှုကြောင့် ဖမ်းဆီးခဲ့ပါတယ်။ သူ့သားက ၁ဝနှစ်သာ ရှိသေးတဲ့ညီမလေးကိုလည်း အဓမ္မာပြုကျင့်ခဲ့တယ်လို့ အမေဖြစ်သူကပြောပါတယ်။

သူ့ကိုဖမ်းလိုက်တာ ကောင်းပါတယ်။ ကျွန်မတို့ကို မိသားစုလို့သူမမြင်တော့ဘူး။ ကျွန်မတို့ကို တိရစ္ဆာန်တွေလိုလာဆက်ဆံနေတယ်လို့ Karlo အမေက ပြောပါတယ်။ တစ်ခါ Karlo အမေဖြစ်သူအခန်းထဲကို ၀င်လာပြီး ဓားနဲ့ထောက်ကာ ပိုက်ဆံယူသွားတယ်လို့လည်းသိရပါတယ်။

သူမအရမ်းစိတ်ညစ်သွားပြီး မနက်လည်းရောက်ရော ညီမဖြစ်သူကို အဓမ္မာပြုကျင့်သွားတာ တွေ့လိုက်ရတယ်။ အရမ်းလန့်သွားပြီး ပြောစရာစကားတွေဆွံအခဲ့တယ်။ Karloက သူမညီမကိုတောင် ခြိမ်းခြောက်သွားပါသေးတယ်။ ဒီကိစ္စကိုလျှောက်ပြောရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီးတော့ပေါ့။ နောက်တော့မှ ထိုလူငယ် မူးယစ်ဆေးအလွန်အကျွံသုံးစွဲထားမှုကြောင့် လူစိတ်ပျောက်နေမှန်း သိလိုက်ရပါတယ်။ သူ့ကိုမူးယစ်ဆေး သုံးစွဲမှုနဲ့၊ အဓမ္မာပြုကျင့်မှု နှစ်ရပ်ဖြင့် တရားစွဲထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw

#Unicode Version#
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top