လေဆိပ်အနီး မြေပိုင်ဆိုင်မှုရမည့် လုံးချင်း အရောင်းပြပွဲ
×
ဒီသတင်းကို Hundustan Times သတင်းစာမှာဖော်ပြခဲ့တာဖြစ်ပြီး သူမကို ဆေးကုပေးချင်ယောင်ဆောင်ပြီး အခန်းထဲဝင်လာကာ အဓမ္မကျင့်လို့ ခေါင်းအုံးအောက်မှာထား ထားတဲ့ ဓားနဲ့ မုဒိန်းကောင်ရဲ့ လိင်အင်္ဂါကို ဖြတ်လိုက်တာလို့ဆိုပါတယ်။
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
အသက် 23 နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို ဘာသာရေးအကြောင်းပြပြီး ချဉ်းကပ်ခဲ့တဲ့ အသက် 54 အရွယ် ဂိုဏ်းဆရာ မုဒိန်းကျင့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို Hundustan Times သတင်းစာမှာဖော်ပြခဲ့တာဖြစ်ပြီး သူမကို ဆေးကုပေးချင်ယောင်ဆောင်ပြီး အခန်းထဲဝင်လာကာ အဓမ္မကျင့့်လို့ ခေါင်းအုံးအောက်မှာထား ထားတဲ့ ဓားနဲ့ မုဒိန်းကောင်ရဲ့ လိင်အင်္ဂါကို ဖြတ်လိုက်တာလို့ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရဲက စစ်တဲ့အခါ အဆိုပါ ဂိုဏ်းဆရာက အမျိုးသမီးရဲ့ သံသယကင်းအောင် သူ့ဟာကို သူဖြတ်ပြလိုက်ပြီး သူဟာ သန့်ရှင်းသူဖြစ်ကြောင်း သက်သေပြခဲ့တာဖြစ်တယ်လို့ လိမ်လည်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဒီ ပုဂ္ဂိုလ်ဟာ  ဘာသာရေးအယောင်ဆောင်ပြီး ဒီလိုအမူအကျင့်တွေနဲ့ မကောင်းမှု ပေါင်းစုံကို နောက်ကွယ်လုပ်နေတယ်လို့ တချိုကက တိုင်တန်းခဲ့ပါတယ်။မိန်းမပျိုလေးသ သတ္တိမရှိခဲ့ရင် သူခြေတော်တင်သမျှခံနေရတဲ့ တပည့်တပန်းဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
ဒီအမှုက အစိုးရရဲ့ အထက်ရုံးအထိ ရောက်ခဲ့တာဖြစ်ပြီး ပြည်သူတေါရဲ့ ဆန္ဒအချို့က ထောင်ချစေချင်တာဖြစ်ပါတယ်။ဒီလိုပြဿနာဟာ အိန္ဒိယမှာ အရင်ထဲက ရှိပြီး ဘာသာရေးအယောင်ဆောင် ပုဂ္ဂိုလ်တွေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အမြဲလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ဒီ ဆွာမိဆိုတဲ့ ဘာသာရေးဆရာကိုလဲ ကောင်မလေးရဲ့ မိဘတွေက အလွန်ကိုးကွယ်သူတွေဖြစ်ပြီး မျက်ကန်းယုံကြည်မှုကို ကျင့်သုံးမိခဲ့လို့ သူတို့သမီးကံဆိုးခဲ့တာဖြစ်ပါတယ်။
ရဲရဲ့ အတည်ပြုချက်မှာတော့ ကောင်မလေးက သူ့ဓားနဲ့ ဒီလူ့ရဲ့ အင်္ဂါကို ဖြတ်တောက်လိုက်တာလို့ အတည်ပြုခဲ့တာဖြစ်ပြီး မုဒိန်းမှုလို့ သတ်မှတ်ပြီး ဒီလူကို ထောင်ချပစ်လိုက်တာဖြစ်ပါတယ်။
ဒီလို ဖြတ်တောက်လိုက်တဲ့အချိန်မှာ ဆွာမိဆိုတဲ့လူကြီးကို အစိုးရဆေးရုံတငက်ထားပြီး စစ်ချက်ယူခဲ့တာဖြစ်ပါတယ်။
အိန္ဒိယမှာသာ ဒီပြဿနာရှိတာမဟုတ်ပဲ နီပေါ၊ပါကစ္စတန်မှာလဲ မုဒိန်ဒကျင့်ဖို့ ကြိုးစားတဲ့သူတေွံကို ခုခံတိုက်ခိုက်ရင်း သူတို့ရဲ့ ငယ်ပါကို ဖြတ်လိုက်တာဖြစ်ပါတယ်။တကယ်တော့ အမျိုးသမီးတယောက်ရဲ့ လုံခြုံရေးကို ဦးစားပေးမှု နည်းပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နေရတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top