×

အလွမယ္ ေရႊအိမ္စည္က သူမအေပၚ အသေရဖ်က္မႈမ်ားေၾကာင့္ နစ္နာခဲ့ရသည္ဟုဆိုကာ ေဒၚစိုးယုေဝဆီက နစ္နာေၾကး သိန္း ငါးေထာင္ ေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႔က မယ္စၾကဝဠာျမန္မာ အဖဲြ႔အစည္းက အလွမယ္ ေရႊအိမ္စည္ကို အခ်က္ ၅ ခ်က္နဲ႔ အေၾကာင္းျပၿပီး သ႐ဖူရုတ္သိမ္းခဲ့တာ ျဖစ္ပါတယ္။

ဒီသတင္းဟာ ျပန္႔ႏွံ႔သြားခဲ့ၿပီး ေရႊအိမ္စည္က သူမက္ဘက္က နစ္နာရသည္ဟုဆိုကာ တရားစဲြဖို႔ စီစဥ္ေနခဲ့တာ ျဖစ္ပါတယ္။ေဒၚစိုးယုေဝဘက္က ျပန္လည္ေတာင္းပန္မလား ဆိုတာကို ေစာင့္ဆိုင္းေနခဲ့ၿပီး ဒီေန႔မွာေတာ့ ျပန္မလည္မေတာင္းပန္တဲ့အတြက္ သတင္းစာမွာထည့္ၿပီး နစ္နာေၾကးေတာင္းဆိုေၾကာင္း ေၾကျငာလုိက္တာ ျဖစ္တယ္လို႔ ေရႊအိမ္စည္ရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ယေန႔ (ဇန္နဝါရီလ ၂ ရက္) ကေဖာ္ျပထားသည္။“ႏိုဝင္ဘာလဆန္း ကထည္းက စနစ္တက် လမ္းေၾကာင္းမွန္အတိုင္း အေၾကာင္းၾကားထားၿပီးေနာက္ တရားဥပေဒႏွင့္ အညီ အေရးယူ အျပစ္ေပးရတဲ့ အဆင့္အထိ မေရာက္ခင္ တစ္ဖက္ကလည္း လူႀကီးလူေကာင္းဆန္ဆန္ သိကၡာရွိရွိ ျပန္လည္ ေျဖရွင္းေပးလိမ့္မယ္ လို႔ ေမၽွာ္လင့္ခဲ့တာေၾကာင့္ သိရွိလိုသူေတြ ေမးလာရင္ေတာင္ ေထာက္ထားၿပီး မေျဖၾကားဘဲ ေနခဲ့ပါတယ္။

ဒါေပမယ့္ အျခားတစ္ဖက္က ျပန္လည္ေျဖရွင္းဖို႔ ပ်က္ကြက္ေနတာ ေစာင့္ဆိုင္းဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ဒီေန႔ အခုလို ေၾကျငာခ်က္ကို သတင္းစာမွာ တရားဝင္ ေဖာ္ျပဖို႔ ညႊန္ၾကားလိုက္ရၿပီ ျဖစ္ပါတယ္”.ရရွိလာတဲ့ ေလ်ာ္ေၾကးမ်ားကိုလည္း ပရဟိတအသင္းမ်ားမွာ လွဴဒါန္းသြားမယ္လို႔ ေရႊအိမ္စည္က ေရးသားထားတာကို ေတြ႔ရပါတယ္။ ေရႊအိမ္စည္ သ႐ဖူရုတ္သိမ္းခံရမႈဟာ ေဖ့စ္ဘြက္မွာ အင္မတန္နာမည္ႀကီးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အလှမယ် ရွှေအိမ်စည်က သူမအပေါ် အသရေဖျက်မှုများကြောင့် နစ်နာခဲ့ရသည်ဟုဆိုကာ ဒေါ်စိုးယုဝေဆီက နစ်နာကြေး သိန်း ငါးထောင် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ ရက်နေ့က မယ်စကြဝဠာမြန်မာ အဖွဲ့အစည်းက အလှမယ် ရွှေအိမ်စည်ကို အချက် ၅ ချက်နဲ့ အကြောင်းပြပြီး သရဖူရုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ ပြန့်နှံ့သွားခဲ့ပြီး ရွှေအိမ်စည်က သူမက်ဘက်က နစ်နာရသည်ဟုဆိုကာ တရားစွဲဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ဒေါ်စိုးယုဝေဘက်က ပြန်လည်တောင်းပန်မလား ဆိုတာကို စောင့်ဆိုင်းနေခဲ့ပြီး ဒီနေ့မှာတော့ ပြန်မလည်မတောင်းပန်တဲ့အတွက် သတင်းစာမှာထည့်ပြီး နစ်နာကြေးတောင်းဆိုကြောင်း ကြေငြာလိုက်တာ ဖြစ်တယ်လို့ ရွှေအိမ်စည်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ယနေ့ (ဇန်နဝါရီလ ၂ ရက်) ကဖော်ပြထားသည်။“နိုဝင်ဘာလဆန်း ကထည်းက စနစ်တကျ လမ်းကြောင်းမှန်အတိုင်း အကြောင်းကြားထားပြီးနောက် တရားဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရတဲ့ အဆင့်အထိ မရောက်ခင် တစ်ဖက်ကလည်း လူကြီးလူကောင်းဆန်ဆန် သိက္ခာရှိရှိ ပြန်လည် ဖြေရှင်းပေးလိမ့်မယ် လို့ မျှော်လင့်ခဲ့တာကြောင့် သိရှိလိုသူတွေ မေးလာရင်တောင် ထောက်ထားပြီး မဖြေကြားဘဲ နေခဲ့ပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်က ပြန်လည်ဖြေရှင်းဖို့ ပျက်ကွက်နေတာ စောင့်ဆိုင်းဖို့ မဖြစ်နိုင်တော့တာကြောင့် ဒီနေ့ အခုလို ကြေငြာချက်ကို သတင်းစာမှာ တရားဝင် ဖော်ပြဖို့ ညွှန်ကြားလိုက်ရပြီ ဖြစ်ပါတယ်”.ရရှိလာတဲ့ လျော်ကြေးများကိုလည်း ပရဟိတအသင်းများမှာ လှူဒါန်းသွားမယ်လို့ ရွှေအိမ်စည်က ရေးသားထားတာကို တွေ့ရပါတယ်။ ရွှေအိမ်စည် သရဖူရုတ်သိမ်းခံရမှုဟာ ဖေ့စ်ဘွက်မှာ အင်မတန်နာမည်ကြီးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top