မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #





Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #

မြတ်သောစေတနာကို..သာဓုခေါ်ပေးကြပါလား ဓမ္မမိတ်ဆွေများတို့

ဒီနွား ၂ ကောင်ကို သိန်း ၃၀ ပေးဝယ်တာတောင် မရောင်းဘဲ၁၃ ရက်နေ့က လှည်းကူး သစ်နီပင် စေတနာရွာတွင် ရှိသော သန်လျင်သဘာဝတရားရိပ်သာဆရာတော်ကြီးရဲ့ ဘေးမဲ့မြေတွင် အရှင်ပညာသီရိ ဦးဆောင်ပြီး ကယ်တင်ထားသော မုဒိတာပုံရိပ် တရားရိပ်သာဘေးမဲ့ဂေဟာသို့လာရောက်ပြီး ထိုနွားနှစ်ကောင်အား ဘေးမဲ့ပေးသွားတဲ့ နွားပိုင်ရှင်များဖြစ်ပါတယ်။
အသုံးမပြုတော့တဲ့သူတို့ကလေးတွေကို များပြားလှတဲ့အသာပြာကိုတောင်မမက်မောဘဲ အကြင်နာတရားထားကာစာနာပေးသော သခင်များနှင့် တွေ့ဆုံရတာ နွားလေးနှစ်ကောင်ရဲ့ ကုသိုလ်ကံပါဘဲ။
ဘေးမဲ့ပွဲနေ့ကျရင်လဲ သူတို့ကလေးတွေပါ ဘေးမဲ့ပွဲထဲထည့်ပေးဖို့။သူတို့လဲ လာကြည့်ပါရစေလို့ ပြောသွားရှာတယ်။ မွန်မြတ်လှတဲ့စိတ်ထားပိုင်ရှင်များ ဤကောင်းကျိုးအားဘဝပေါင်းများစွာ ခံစားရပါစေ။

ဤကံကောင်းလှသော နွားလေးနှစ်ကောင်လဲ ဘေးမဲ့တောမှာသက်တမ်းစေ့အေးချမ်းပါစေ။

ဒီအကြောင်းလေး အကျိုးဆောင် ဦးလေး လှမ်းပြောပြတော့ အရမ်းပီတိဖြစ်သွားလို့ သူငယ်ချင်းတွေလဲပီတိဖြစ်ရအောင် post တင်ပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top