ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ညဖက္မွာ သင္ျပဳလုပ္ေလ့ရွိတဲ့ အျပဳအမူေတြေၾကာင့္ သင့္ကိုယ္အေလးခ်ိန္ကို ပိုၿပီး တက္ေစပါတယ္။ အခုေဖာ္ျပမယ့္ အရာေတြကို လုပ္ေနမိရင္ ခ်က္ခ်င္းျပဳျပင္လိုက္ပါေနာ္။

ညဖက္အိပ္ေရး၀ေအာင္ မအိပ္ျခင္း

ညဖက္အိပ္ေရး၀ေအာင္မအိပ္တာဟာ သင့္ရဲ႕ ဇီ၀ျဖစ္စဥ္ကို ေႏွးေကြးေစပါတယ္။ ဗိုက္ပိုဆာေစၿပီး ပင္ပန္းႏြမ္းနယ္သလို ခံစားရေစမွာပါ။ ဒါ့ေၾကာင့္ တစ္ေန႔ကို ၈ နာရီအိပ္ေပးသင့္ပါတယ္။

ညစာ အလြန္အကၽြံစားျခင္း

ညစာကို heavy food ေတြ အလြန္အကၽြံစားတာဟာ အစာေခ်စနစ္ကို ေႏွးေကြးေစပါတယ္။ TV ၾကည့္ေနရင္းလည္း တတြတ္တြတ္ စားေနမိရင္ သင့္ကို ပိုၿပီး ၀ိတ္တက္ေစပါတယ္။ ေပါ့ေပါ့ပါးပါး ျဖစ္ေစတဲ့ အစားအစာေတြစားပါ။ ပရိုတင္းဓာတ္နဲ႔ အသီးအရြက္မ်ားမ်ားစားပါ။

ညစားစားၿပီးၿပီးခ်င္ အိပ္ယာ၀င္တတ္တယ္

ညစာစားၿပီးၿပီး ခ်င္အိပ္ယာ၀င္တာဟာ အဆီဆဲလ္ေတြကို ပိုၿပီး လွဳံ႕ေဆာ္ေပးပါတယ္။ အစာေၾကဖို႔လည္း ခက္ခဲပါတယ္။ အိပ္ယာမ၀င္ခင္ ၁ နာရီခြဲ ၂ နာရီေလာက္ဟၿပီး အစာစားပါ။

ညစာမွာ အေၾကာ္စာေတြစားတယ္

ဆီေၾကာ္စာေတြကို ညစာမွာ ထည့္စားေပးမယ္ဆိုရင္ ကယ္လ္လိုရီအမ်ားႀကီးပါ၀င္လို႔ အဆီေတြ ပိုတက္ေစပါတယ္။ ေကာင္းေကာင္းအိပ္မေပ်ာ္တာမ်ိဳးလည္း ျဖစ္ေစပါတယ္။ ညဖက္မွာဆိုရင္ ဆီနဲ႔ ေၾကာ္ထားတဲ့ အစားအစာေတြအစား မီးကင္စားတာ၊ ျပဳတ္စားတာမ်ိဳး လုပ္ေပးပါ။

ညဖက္မွာ အရမ္းအစပ္စားတယ္

ညဖက္မွာ ပူပူ စပ္စပ္ အစားအစာေတြ အရမ္းစားတာဟာ အစာေခ်စနစ္ကို ထိခိုက္ေစသလို ညအိပ္ေရးမ၀တာမ်ိဳးျဖစ္ေစပါတယ္။ အစပ္ဆိုတာ စားသင့္ပါတယ္။ ဒါေပမယ့္ ညဖက္မွာ မစားေစခ်င္ပါဘူး။

မႈန္႔အခ်ိဳေတြ စားတယ္

ညဖက္မွာ သၾကားပါတဲ့ မႈန္႔ အခ်ိဳေတြ စားတာဟာ အဆီေတြ ပိုၿပီးျဖစ္ေစၿပီး ကယ္လိုရီတက္ေစပါတယ္။ ဗိုက္ပူခါးတုပ္ျဖစ္လာေစပါတယ္။

ညစာစာၿပီး သေရစာစားတယ္

ညစာစားၿပီးရင္ သေရစာစားတာဟာ ကယ္လ္လိုရီပိုမ်ားေစၿပီး ညဖက္မွာ ခဏခဏ ႏိုးတာမ်ိဳး ျဖစ္လာေစပါတယ္။ သေရစာစားတာကိုေရွာင္ပါ။

ညစာမစားျခင္း

ညစာမစားတာဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အကူအညီမျဖစ္ႏိုင္ပါဘူး။ သင့္ရဲ႕ ဇီ၀ျဖစ္စဥ္ကို ေႏွးေကြးေစၿပီး ဗိုက္ဆာသလို ခံစားရရွိေစမွာပါ။ ၀ိတ္ခ်ခ်င္ရင္ ညစာစားပါ။ အဆီေၾကာ္ေတြ မစားဘဲ အျပဳတ္တို႔ အသုပ္တို႔ စားေပးပ။ ညစာမစားတာဟာ အေရးေၾကာင္းေတြလည္း ျဖစ္ေပၚေစပါတယ္။

အရက္ (သို႔) ေကာ္ဖီေသာက္ျခင္း

ညစာစားၿပီး အရက္ (သို႔) ေကာ္ဖီေသာက္တာဟာ အိပ္ေရးပ်က္ေစၿပီး ကယ္လိုရီလည္း တက္ေစပါတယ္။ အဲဒီအစား အသီးေဖ်ာ္ရည္၊ ႏို႔ပူပူကို ေသာက္ေပးပါ။ သင့္ရဲ႕ တစ္ေန႔တာလံုးကို ေရေသာက္ၿပီး အဆံုးသတ္လိုက္ပါ။

ညေနာက္က်မွ အိပ္ယာ၀င္ျခင္း

ညဖက္ဆိုရင္ ၁၁ နာရီမထိုးခင္ အိပ္ေပးသင့္ပါတယ္။ အဲဒီထက္ေနာက္က်ၿပီး အိပ္ရင္ အဆီပိုတက္ေစပါတယ္။ အသားအေရ မၾကည္တာမ်ိဳးလည္းျဖစ္ေစၿပီးမနက္ေစာေစာ ဗိုက္ဆာတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Style Myanma

# Unicode Version ျဖင့္ ဖတ္ပါ #
ညဖက်မှာ သင်ပြုလုပ်လေ့ရှိတဲ့ အပြုအမူတွေကြောင့် သင့်ကိုယ်အလေးချိန်ကို ပိုပြီး တက်စေပါတယ်။ အခုဖော်ပြမယ့် အရာတွေကို လုပ်နေမိရင် ချက်ချင်းပြုပြင်လိုက်ပါနော်။

ညဖက်အိပ်ရေးဝအောင် မအိပ်ခြင်း

ညဖက်အိပ်ရေးဝအောင်မအိပ်တာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဗိုက်ပိုဆာစေပြီး ပင်ပန်းနွမ်းနယ်သလို ခံစားရစေမှာပါ။ ဒါ့ကြောင့် တစ်နေ့ကို ၈ နာရီအိပ်ပေးသင့်ပါတယ်။

ညစာ အလွန်အကျွံစားခြင်း

ညစာကို heavy food တွေ အလွန်အကျွံစားတာဟာ အစာချေစနစ်ကို နှေးကွေးစေပါတယ်။ TV ကြည့်နေရင်းလည်း တတွတ်တွတ် စားနေမိရင် သင့်ကို ပိုပြီး ဝိတ်တက်စေပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ အစားအစာတွေစားပါ။ ပရိုတင်းဓာတ်နဲ့ အသီးအရွက်များများစားပါ။

ညစားစားပြီးပြီးချင် အိပ်ယာဝင်တတ်တယ်

ညစာစားပြီးပြီး ချင်အိပ်ယာဝင်တာဟာ အဆီဆဲလ်တွေကို ပိုပြီး လှုံ့ဆော်ပေးပါတယ်။ အစာကြေဖို့လည်း ခက်ခဲပါတယ်။ အိပ်ယာမဝင်ခင် ၁ နာရီခွဲ ၂ နာရီလောက်ဟပြီး အစာစားပါ။

ညစာမှာ အကြော်စာတွေစားတယ်

ဆီကြော်စာတွေကို ညစာမှာ ထည့်စားပေးမယ်ဆိုရင် ကယ်လ်လိုရီအများကြီးပါဝင်လို့ အဆီတွေ ပိုတက်စေပါတယ်။ ကောင်းကောင်းအိပ်မပျော်တာမျိုးလည်း ဖြစ်စေပါတယ်။ ညဖက်မှာဆိုရင် ဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေအစား မီးကင်စားတာ၊ ပြုတ်စားတာမျိုး လုပ်ပေးပါ။

ညဖက်မှာ အရမ်းအစပ်စားတယ်

ညဖက်မှာ ပူပူ စပ်စပ် အစားအစာတွေ အရမ်းစားတာဟာ အစာချေစနစ်ကို ထိခိုက်စေသလို ညအိပ်ရေးမဝတာမျိုးဖြစ်စေပါတယ်။ အစပ်ဆိုတာ စားသင့်ပါတယ်။ ဒါပေမယ့် ညဖက်မှာ မစားစေချင်ပါဘူး။

မှုန့်အချိုတွေ စားတယ်

ညဖက်မှာ သကြားပါတဲ့ မှုန့် အချိုတွေ စားတာဟာ အဆီတွေ ပိုပြီးဖြစ်စေပြီး ကယ်လိုရီတက်စေပါတယ်။ ဗိုက်ပူခါးတုပ်ဖြစ်လာစေပါတယ်။

ညစာစာပြီး သရေစာစားတယ်

ညစာစားပြီးရင် သရေစာစားတာဟာ ကယ်လ်လိုရီပိုများစေပြီး ညဖက်မှာ ခဏခဏ နိုးတာမျိုး ဖြစ်လာစေပါတယ်။ သရေစာစားတာကိုရှောင်ပါ။

ညစာမစားခြင်း

ညစာမစားတာဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီမဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးကွေးစေပြီး ဗိုက်ဆာသလို ခံစားရရှိစေမှာပါ။ ဝိတ်ချချင်ရင် ညစာစားပါ။ အဆီကြော်တွေ မစားဘဲ အပြုတ်တို့ အသုပ်တို့ စားပေးပ။ ညစာမစားတာဟာ အရေးကြောင်းတွေလည်း ဖြစ်ပေါ်စေပါတယ်။

အရက် (သို့) ကော်ဖီသောက်ခြင်း

ညစာစားပြီး အရက် (သို့) ကော်ဖီသောက်တာဟာ အိပ်ရေးပျက်စေပြီး ကယ်လိုရီလည်း တက်စေပါတယ်။ အဲဒီအစား အသီးဖျော်ရည်၊ နို့ပူပူကို သောက်ပေးပါ။ သင့်ရဲ့ တစ်နေ့တာလုံးကို ရေသောက်ပြီး အဆုံးသတ်လိုက်ပါ။

ညနောက်ကျမှ အိပ်ယာဝင်ခြင်း

ညဖက်ဆိုရင် ၁၁ နာရီမထိုးခင် အိပ်ပေးသင့်ပါတယ်။ အဲဒီထက်နောက်ကျပြီး အိပ်ရင် အဆီပိုတက်စေပါတယ်။ အသားအရေ မကြည်တာမျိုးလည်းဖြစ်စေပြီးမနက်စောစော ဗိုက်ဆာတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: My Style Myanma
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top