လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

လြန္တဲ့ ၄ လေလာက္က ေနအိမ္ကေန ေပ်ာက္ဆံုးသြားသူရဲ႕ ႐ုပ္ေလာင္းကို ဇန္နဝါရီ ၁ ရက္ေန႔ ညေနပိုင္းက ေမံုရြာၿမိဳ႕ ေညာင္းကိုင္းအင္းထဲမွာ ေတြ႔ရိွခဲ့တယ္လို႔ မံုရြာၿမိဳ႕မရဲစခန္းက သိရပါတယ္။

ေညာင္ကိုင္းအင္းအတြင္း ေရတံခါးအေပါက္ကို အမိႈက္ရွင္းရာမွ အခုလို ႐ုပ္ေလာင္းကို ေတြ႔ရိွခ့ဲတာလို႔ မံုရြာၿမိဳ႕မရဲစခန္းမႉး ဦးက်င္စိန္က ေျပာပါတယ္။

“သူ႔အမ်ိဳးသမီးကို ေမးျမန္းၾကည့္ေတာ့ ေသဆံုးသြားသူဟာ ေနအိမ္ကေန စက္တင္ဘာလ ၅ ေန႔က ထြက္သြားတယ္ ေျပာတယ္။ ဘယ္သူ႔အေလာင္းလဲဆိုတာ သိရတာက က်န္ေနတဲ့ ပုဆိုးကို သူ႔အမ်ိဳးသမီးျဖစ္သူက မွတ္မိလိုက္တာ။ အေလာင္းကေတာ့ အ႐ိုးပဲ ရိွေတာ့တယ္။”

ေသဆံုးသြားသူဟာ မံုရြာၿမိဳ႕ နတ္လူထိပၸန္ရပ္ကြက္မွာ ေနထိုင္သူ ဦးျပည့္တင္ ဆိုသူ ျဖစ္ၿပီး ေထာ္လာဂ်ီ ေမာင္းႏွင္တဲ့ အလုပ္ကို လုပ္ကိုင္သူတဦး ျဖစ္တယ္လို႔ သိရပါတယ္။

လတ္တေလာမွာေတာ့ ဦးျပည့္တင္ရဲ႕ ႐ုပ္အေလာင္း ေတြ႔ရိွထားတဲ႔ ကိစၥနဲ႔ပတ္သက္ၿပီး မံုရြာၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္ ဆက္လက္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

သတင္း – ရန္ႏိုင္စိုး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
လွန်တဲ့ ၄ လလောက်က နေအိမ်ကနေ ပျောက်ဆုံးသွားသူရဲ့ ရုပ်လောင်းကို ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက မေုံရွာမြို့ ညောင်းကိုင်းအင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

ညောင်ကိုင်းအင်းအတွင်း ရေတံခါးအပေါက်ကို အမှိုက်ရှင်းရာမှ အခုလို ရုပ်လောင်းကို တွေ့ရှိခဲ့တာလို့ မုံရွာမြို့မရဲစခန်းမှူး ဦးကျင်စိန်က ပြောပါတယ်။

“သူ့အမျိုးသမီးကို မေးမြန်းကြည့်တော့ သေဆုံးသွားသူဟာ နေအိမ်ကနေ စက်တင်ဘာလ ၅ နေ့က ထွက်သွားတယ် ပြောတယ်။ ဘယ်သူ့အလောင်းလဲဆိုတာ သိရတာက ကျန်နေတဲ့ ပုဆိုးကို သူ့အမျိုးသမီးဖြစ်သူက မှတ်မိလိုက်တာ။ အလောင်းကတော့ အရိုးပဲ ရှိတော့တယ်။”

သေဆုံးသွားသူဟာ မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်မှာ နေထိုင်သူ ဦးပြည့်တင် ဆိုသူ ဖြစ်ပြီး ထော်လာဂျီ မောင်းနှင်တဲ့ အလုပ်ကို လုပ်ကိုင်သူတဦး ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဦးပြည့်တင်ရဲ့ ရုပ်အလောင်း တွေ့ရှိထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက သေမှုသေခင်းဖွင့် ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း – ရန်နိုင်စိုး

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top