စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တူရကီႏုိင္ငံ ပင္လယ္ကမ္းေျခအနီး႐ွိ ေလယာဥ္ကြင္းတစ္ခုမွာ ခရီးသည္တင္ ေလယာဥ္တစ္စီး ေျပးလမ္းေခ်ာ္သြားခဲ့ၿပီးေနာက္ ပင္လယ္ေရစပ္နားအထိ ထုိးက်သြားခဲ့ရာ ေလယာဥ္ေပၚမွာလုိက္ပါလာသူေတြ အထိတ္တလန္႕ ျဖစ္ခဲ့ၾကပါတယ္။

ေျပးလမ္းေခ်ာ္မႈျဖစ္ခဲ့တဲ့ Pegasus ေလေၾကာင္းလုိင္းမွာ Boeing 737-800 ေလယာဥ္ေပၚမွာ ခရီးသည္ ၁၆၂ ဦး၊ ေလယာဥ္မွဴးႏွစ္ဦးနဲ႕ ေလယာဥ္အမႈထမ္း ၄ ဦး လုိက္ပါလာခဲ့ၾကၿပီး မေတာ္တဆမႈအတြင္း ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ဘဲ ေဘးကင္းစြာ ေ႐ႊ႕ေျပာင္းႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

အဆုိပါ ေလယာဥ္ဟာ အန္ကာရာၿမဳိ႕မွ ထြက္ခြာပ်ံသန္းလာခဲ့ၿပီး ပင္လယ္နက္ကမ္း႐ုိးတန္း႐ွိ ထရက္ဘ္ဇြန္ၿမဳိ႕မွာ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္။ ေလယာာဥ္ မေတာ္တဆမႈ ျဖစ္ပြားရတဲ့အေၾကာင္းရင္းကုိ စုံစမ္းစစ္ေဆးေနေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။

လယာဥ္ဟာ ထိန္းခ်ဳပ္မရႏုိင္ေတာ့ဘဲ ေျပးလမ္းေခ်ာ္သြားခဲ့ရာ ေလယာဥ္ေပၚမွာ လုိက္ပါလာသူေတြ အလြန္ေၾကာက္႐ြံ႕ထိတ္လန္ခဲ့ၾကေၾကာင္း တူရကီအစုိးရသတင္းဌာန အန္နာဒုိလူက ေျပာပါတယ္။

သတင္းဓာတ္ပုံေတြမွာ ခရီးသည္ေလယာဥ္ဟာ ႐ႊံ႕ႏႊံေတြ႐ွိေနတဲ့ ဆင္ေျခေလွ်ာအတုိင္း ပင္လယ္ေရျပင္နဲ႕ ေပအနည္းငယ္မွ်အကြာအထိ ထုိးစုိက္က်ေနတာ ေတြ႕ရပါတယ္။

ေလယာဥ္ မေတာ္တမႈ ျဖစ္ၿပီးေနာက္ ထရက္ဘ္ဇြန္ေလဆိပ္ကုိ နာရီအနည္းငယ္ၾကာ ပိတ္ထားခဲ့ပါတယ္။ ေလယာဥ္ဟာ ထရက္ဘ္ဇြန္ေလဆိပ္မွာ ဆင္းသက္စဥ္အတြင္း ေျပးလမ္းကေန အ႐ွိန္လြန္သြားခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ဖြင့် ဖတ်ပါ #

တူရကီနိုင်ငံ ပင်လယ်ကမ်းခြေအနီးရှိ လေယာဉ်ကွင်းတစ်ခုမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်သွားခဲ့ပြီးနောက် ပင်လယ်ရေစပ်နားအထိ ထိုးကျသွားခဲ့ရာ လေယာဉ်ပေါ်မှာလိုက်ပါလာသူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ပြေးလမ်းချော်မှုဖြစ်ခဲ့တဲ့ Pegasus လေကြောင်းလိုင်းမှာ Boeing 737-800 လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၂ ဦး၊ လေယာဉ်မှူးနှစ်ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာခဲ့ကြပြီး မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လေယာဉ်ဟာ အန်ကာရာမြို့မှ ထွက်ခွာပျံသန်းလာခဲ့ပြီး ပင်လယ်နက်ကမ်းရိုးတန်းရှိ ထရက်ဘ်ဇွန်မြို့မှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။ လေယာာဉ် မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လယာဉ်ဟာ ထိန်းချုပ်မရနိုင်တော့ဘဲ ပြေးလမ်းချော်သွားခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေ အလွန်ကြောက်ရွံ့ထိတ်လန်ခဲ့ကြကြောင်း တူရကီအစိုးရသတင်းဌာန အန်နာဒိုလူက ပြောပါတယ်။

သတင်းဓာတ်ပုံတွေမှာ ခရီးသည်လေယာဉ်ဟာ ရွှံ့နွှံတွေရှိနေတဲ့ ဆင်ခြေလျှောအတိုင်း ပင်လယ်ရေပြင်နဲ့ ပေအနည်းငယ်မျှအကွာအထိ ထိုးစိုက်ကျနေတာ တွေ့ရပါတယ်။

လေယာဉ် မတော်တမှု ဖြစ်ပြီးနောက် ထရက်ဘ်ဇွန်လေဆိပ်ကို နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့ပါတယ်။ လေယာဉ်ဟာ ထရက်ဘ်ဇွန်လေဆိပ်မှာ ဆင်းသက်စဉ်အတွင်း ပြေးလမ်းကနေ အရှိန်လွန်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top