ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္၊ ျပည္လမ္း၊ ၁ နံပါတ္ကားမွတ္တိုင္အနီး လမ္းေလွ်ာက္ေနသူ တစ္ဦးအား ကားတစ္စီးမွ တိုက္ၿပီး ထြက္ေျပးသြားေၾကာင္း သြားေရာက္ကူညီေပးခဲ့သည့္ ပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႔မွ စခန္းမွဴး ဦးထင္လင္းေအာင္က မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈမွာ ဇန္နဝါရီလ ၉ ရက္၊ နံနက္ ၄ နာရီခြဲအခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အတိုက္ခံခဲ့သူမွာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္း၊ ေရသန္႔ဌာနမွ လက္ေထာက္အင္ဂ်င္နီယာ ဦးေအးေက်ာ္ဆိုသူျဖစ္ေၾကာင္းသိရသည္။

အတိုက္ခံခဲ့ရသည့္ ဦးေအးေက်ာ္ဆိုသူမွာ ကားတုိက္ခံရၿပီးေနာက္ ခႏၶာကိုယ္မွာ ကားတြင္ ခ်ိတ္ပါသြားခဲ့ၿပီး ၎အား ပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႔မွ ေဆး႐ုံသို႔ ကူညီပို႔ေဆာင္စဥ္ လမ္းတြင္ ေသဆံုးသြားခဲ့သည္။

“သူက ေနျပည္ေတာ္ကေန ျပန္လာၿပီး ကားေပၚကေနဆင္းၿပီးေတာ့ လမ္းေလွ်ာက္ေနတာကေန တိုက္ခံရ တာေပါ့။ အတိုက္ခံရတဲ့သူက ေဆး႐ုံကို ပို႔တဲ့ခ်ိန္မွာပဲ ေသဆံုးသြားတာေပါ့။ တိုက္တဲ့ စူပါကာစတန္ကားက တိုက္ၿပီးေတာ့ ေရွ႕ ေပ ၂ဝ၊ ၃ဝ ေလာက္ေမာင္းသြားတယ္။ ၿပီးေတာ့မွ စူပါကာစတန္ေပၚက ေကာင္က ဆင္းၾကည့္တယ္လို႔ ေျပာတယ္။ ဆင္းၾကည့္ၿပီးေတာ့ ေနာက္က ကားနံပါတ္ျပားကို ေကြးလိုက္တယ္။ ၿပီးေတာ့ ဆက္ၿပီး ေမာင္းေျပးသြားတယ္လို႔ အနီး ပတ္ဝန္းက်င္က ျမင္လိုက္တဲ့ သူေတြက ေျပာျပတာေပါ့” ဟု ဦးထင္လင္းေအာင္က ေျပာသည္။

လက္ရွိတြင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ထြက္ေျပးသြားသူအား ဖမ္းဆီးရမိျခင္းမရွိေသးဘဲ ရဲတပ္ဖြဲ႔မွ သဲလြန္စ ရရွိ ထားၿပီျဖစ္ေၾကာင္း ဦးထင္လင္းေအာင္ေျပာျပခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima
# Unicodeဖြင့်ဖတ်ရန် #

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ၁ နံပါတ်ကားမှတ်တိုင်အနီး လမ်းလျှောက်နေသူ တစ်ဦးအား ကားတစ်စီးမှ တိုက်ပြီး ထွက်ပြေးသွားကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဇန်နဝါရီလ ၉ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတိုက်ခံခဲ့သူမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရေသန့်ဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးအေးကျော်ဆိုသူဖြစ်ကြောင်းသိရသည်။

အတိုက်ခံခဲ့ရသည့် ဦးအေးကျော်ဆိုသူမှာ ကားတိုက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ကားတွင် ချိတ်ပါသွားခဲ့ပြီး ၎င်းအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ဆေးရုံသို့ ကူညီပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။

“သူက နေပြည်တော်ကနေ ပြန်လာပြီး ကားပေါ်ကနေဆင်းပြီးတော့ လမ်းလျှောက်နေတာကနေ တိုက်ခံရ တာပေါ့။ အတိုက်ခံရတဲ့သူက ဆေးရုံကို ပို့တဲ့ချိန်မှာပဲ သေဆုံးသွားတာပေါ့။ တိုက်တဲ့ စူပါကာစတန်ကားက တိုက်ပြီးတော့ ရှေ့ ပေ ၂ဝ၊ ၃ဝ လောက်မောင်းသွားတယ်။ ပြီးတော့မှ စူပါကာစတန်ပေါ်က ကောင်က ဆင်းကြည့်တယ်လို့ ပြောတယ်။ ဆင်းကြည့်ပြီးတော့ နောက်က ကားနံပါတ်ပြားကို ကွေးလိုက်တယ်။ ပြီးတော့ ဆက်ပြီး မောင်းပြေးသွားတယ်လို့ အနီး ပတ်ဝန်းကျင်က မြင်လိုက်တဲ့ သူတွေက ပြောပြတာပေါ့” ဟု ဦးထင်လင်းအောင်က ပြောသည်။

လက်ရှိတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားသူအား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့မှ သဲလွန်စ ရရှိ ထားပြီဖြစ်ကြောင်း ဦးထင်လင်းအောင်ပြောပြချက်အရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top