မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

အသက္ ၅ ႏွစ္အရြယ္ကေလးငယ္ေလးဟာ ကေလးေပါက္စအရြယ္တုန္းက ကင္ဆာေရာဂါကို ခုခံႏိုင္ခဲ႕ေပမယ့္ ထြက္ေျပးလာသည့္ကားတစ္စီးကိုေတာ့ မေရွာင္ႏိုင္ခဲ႕လုိ႕ ကားတိုက္ေသဆံုးခဲ႕ရေၾကာင္းသိရပါတယ္။ကာမီလာ ဒီ အယ္ေမဒါ ေတာ္ကာတို အမည္ရွိေကာင္မေလးဟာ အသက္ ၂ ႏွစ္အရြယ္တုန္းက ကင္ဆာေရာဂါခံစားခဲ႕ရပါတယ္။ အဆိုပါ ကင္ဆာေရာဂါကို ေအာင္ျမင္စြာ တြန္းလွန္ႏိုင္ဖုိ႕အတြက္ သူမဟာ ခက္ခဲၾကမ္းတမ္းသည့္ ခြဲစိပ္ကုသမွဳေတြနဲ႕ ဓာတ္ကင္ကုသမွဳေတြကို ရင္ဆိုင္ခဲ႕ရပါတယ္။

ကင္ဆာေရာဂါအရွင္းေပ်ာက္ကင္းသြားၿပီးေနာက္ ကာမီလာေလးဟာ စက္တင္ဘာလကေက်ာင္းစတက္ခဲ့ပါတယ္။ သုိ႕ေပမယ့္ သူမဘဝဟာ ေက်ာင္းစတက္ၿပီး လအနည္းငယ္အၾကာမွာပဲ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ အဆံုးသတ္သြားရပါေတာ့တယ္။ သူမဖခင္ျဖစ္သူဟာ သူမကို St. Raphael Catholic School ကေန လာၾကိဳတဲ႕အခါမွာ သူမနဲ႕သူမဖခင္ ၂ ေယာက္လံုးကို ကားတစ္စီးကဝင္တိုက္သြားခဲ့လုိ႕ပဲျဖစ္ပါတယ္။

အဆိုပါကားဟာ သူမတို႕ကားကိုအရွိန္ျပင္းျပင္းနဲ႕ဝင္တိုက္လုိက္လုိ႕ ကားထဲမွာအခ်ိန္အေတာ္ၾကာၾကာ ပိတ္မိေနခဲ႕ပါတယ္။ ဖခင္ျဖစ္သူဟာ ေဆးရံုေရာက္ၿပီး ျပန္လည္က်န္းမာလာခဲ႕ေပမယ့္ သူ႕ရဲ႕ သမီးေလးကေတာ့ ေလာကၾကီးကိုအၿပီးအပိုင္စြန္႕ခြါသြားခဲ႕ပါေတာ့တယ္။ သူမဟာ ၿပီးခဲ႕သည့္ တနလၤာေန႕ညက ေသြးထြက္လြန္ၿပီးေသဆံုးခဲ႕ရတာပါ။

သူမရဲ႕ ဖခင္ျဖစ္သူကေတာ့ သူမနဲ႕ပတ္သက္ၿပီး “သမီးေလးက တကယ္ထူးျခားတဲ႕ေကာင္မေလးတစ္ေယာက္ပါ၊ အရင္ကလဲ ကင္ဆာေရာဂါခံစားခဲ႕ရပါတယ္၊ ဒါေပမယ့္ သူတြန္းလွန္ႏိုင္ခဲ႕ပါတယ္”။
“သမီးက ရွက္တတ္ေပမယ့္ ခ်စ္စရာေလးပါ၊ က်ေနာ့္စိတ္ထဲမွာေတာ့ သမီးေလးရဲ႕ အမွတ္ရစရာေတြနဲ႕ ျပည့္နက္ေနတယ္ဗ်ာ”။
“က်ေနာ္သမီးေလးကိုေက်ာင္္းသြားၾကိဳခဲ႕ပါတယ္၊ ဘာလုိ႕လဲဆိုေတာ့ အရင္ေန႕က သမီးကိုလာၾကိဳႏိုင္ရင္ၾကိဳေပးပါေဖေဖ လုိ႕ေျပာခဲ႕လုိ႕ပါ၊ ပံုမွန္အားျဖင္႕ သမီးအေမကပဲ သမီးေလးကိုၾကိဳေနက်ေပါ့ဗ်ာ”။

ရဲေတြကေတာ့ ဘာ႕ေၾကာင့္ အက္စီးဒင့္ျဖစ္ရသလဲဆိုတာကို စံုစမ္းစစ္ေဆးေနပါတယ္၊ သို႕ေပမယ့္ ဖမ္းတာဆီးတာေတြေတာ့ ေလာေလာဆယ္မရွိေသးဘူးလုိ႕ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Myanmar
# Unicode ဖြင့်ဖတ်ရန် #

အသက် ၅ နှစ်အရွယ်ကလေးငယ်လေးဟာ ကလေးပေါက်စအရွယ်တုန်းက ကင်ဆာရောဂါကို ခုခံနိုင်ခဲ့ပေမယ့် ထွက်ပြေးလာသည့်ကားတစ်စီးကိုတော့ မရှောင်နိုင်ခဲ့လို့ ကားတိုက်သေဆုံးခဲ့ရကြောင်းသိရပါတယ်။ကာမီလာ ဒီ အယ်မေဒါ တော်ကာတို အမည်ရှိကောင်မလေးဟာ အသက် ၂ နှစ်အရွယ်တုန်းက ကင်ဆာရောဂါခံစားခဲ့ရပါတယ်။ အဆိုပါ ကင်ဆာရောဂါကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့အတွက် သူမဟာ ခက်ခဲကြမ်းတမ်းသည့် ခွဲစိပ်ကုသမှုတွေနဲ့ ဓာတ်ကင်ကုသမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ကင်ဆာရောဂါအရှင်းပျောက်ကင်းသွားပြီးနောက် ကာမီလာလေးဟာ စက်တင်ဘာလကကျောင်းစတက်ခဲ့ပါတယ်။ သို့ပေမယ့် သူမဘဝဟာ ကျောင်းစတက်ပြီး လအနည်းငယ်အကြာမှာပဲ ဝမ်းနည်းစရာကောင်းလောက်အောင် အဆုံးသတ်သွားရပါတော့တယ်။ သူမဖခင်ဖြစ်သူဟာ သူမကို St. Raphael Catholic School ကနေ လာကြိုတဲ့အခါမှာ သူမနဲ့သူမဖခင် ၂ ယောက်လုံးကို ကားတစ်စီးကဝင်တိုက်သွားခဲ့လို့ပဲဖြစ်ပါတယ်။

အဆိုပါကားဟာ သူမတို့ကားကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လိုက်လို့ ကားထဲမှာအချိန်အတော်ကြာကြာ ပိတ်မိနေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ ဆေးရုံရောက်ပြီး ပြန်လည်ကျန်းမာလာခဲ့ပေမယ့် သူ့ရဲ့ သမီးလေးကတော့ လောကကြီးကိုအပြီးအပိုင်စွန့်ခွါသွားခဲ့ပါတော့တယ်။ သူမဟာ ပြီးခဲ့သည့် တနင်္လာနေ့ညက သွေးထွက်လွန်ပြီးသေဆုံးခဲ့ရတာပါ။

သူမရဲ့ ဖခင်ဖြစ်သူကတော့ သူမနဲ့ပတ်သက်ပြီး “သမီးလေးက တကယ်ထူးခြားတဲ့ကောင်မလေးတစ်ယောက်ပါ၊ အရင်ကလဲ ကင်ဆာရောဂါခံစားခဲ့ရပါတယ်၊ ဒါပေမယ့် သူတွန်းလှန်နိုင်ခဲ့ပါတယ်”။
“သမီးက ရှက်တတ်ပေမယ့် ချစ်စရာလေးပါ၊ ကျနော့်စိတ်ထဲမှာတော့ သမီးလေးရဲ့ အမှတ်ရစရာတွေနဲ့ ပြည့်နက်နေတယ်ဗျာ”။
“ကျနော်သမီးလေးကိုကျောင်းသွားကြိုခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အရင်နေ့က သမီးကိုလာကြိုနိုင်ရင်ကြိုပေးပါဖေဖေ လို့ပြောခဲ့လို့ပါ၊ ပုံမှန်အားဖြင့် သမီးအမေကပဲ သမီးလေးကိုကြိုနေကျပေါ့ဗျာ”။

ရဲတွေကတော့ ဘာ့ကြောင့် အက်စီးဒင့်ဖြစ်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်၊ သို့ပေမယ့် ဖမ်းတာဆီးတာတွေတော့ လောလောဆယ်မရှိသေးဘူးလို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top