iMyanmarHouse.com - Best Property Website for Myanmar
×

အသက္​ ၂၈ ႏွစ္​အရြယ္​အမ်ဴိးသမီးတစ္​​ေယာက္​ဟာ ပလတ္​စတစ္​ ဆာဂ်ရီလုပ္ခဲ့ၿပီး​ေနာက္​မွာ မ်က္​ႏွာက အရမ္​း​ေျပာင္​းလဲသြားတာ​ေၾကာင္​့ ​သူမရဲ႕မွတ္​ပုံတင္​က ဓာတ္​ပုံနဲ႔​ေတာင္​ မတူ​ေတာ့တဲ့အတြက္​ ​ေလဆိပ္​ဝန္​ထမ္​းမ်ားက တားဆီးခဲ့ရတဲ့ ျဖစ္​ရပ္​တစ္​ခု တ႐ုတ္​ႏုိင္​ငံမွာ ျဖစ္​ပြားခဲ့ပါတယ္​။

သူမရဲ႕ နာမည္​ဟာ ဇန္​ (Zhang) လုိ႔အမည္​ရၿပီး ၿပီးခဲ့တဲ့ တနဂၤ​ေႏြ ​ေန႔က ခ်န္​ဒူျမဳိ့မွ ႐ွန္​ဟုိင္​းျမဳိ့သုိ႔ ​ေလယာဥ္​နဲ႔ ခရီးသြားခ်ိန္​မွာ ဒီအျဖစ္​အပ်က္​ ျဖစ္​ခဲ့တာ ျဖစ္​ပါတယ္​။ ႐ွန္​ဟုိင္​းျမဳိ့သုိ႔ ​ေလယာဥ္​နဲ႔ သြားခ်ိန္​မွာ ​သူမရဲ့ မ်က္​ႏွာက ​ေလဆိပ္​က မ်က္​ႏွာ Scan ဖတ္​စနစ္​မွာ မ​ေပၚတဲ့အတြက္​ သူမကုိ ​ေလဆိပ္​က လုံျခဳံ​ေရးဝန္​ထမ္​းမ်ားက တားဆီးခဲ့ရတာ ျဖစ္​ပါတယ္​။

Chengdu Business Daily သတင္​းစာအရ သူမဟာ ပလတ္​စတစ္​ဆာဂ်ရီလုပ္​ခဲ့လုိ႔ မ်က္​ႏွာ​ေျပာင္​းလဲသြားတာျဖစ္​​ေ​ၾကာင္​း ​ေလဆိပ္​လုံျခဳံ​ေရး​ေတြကုိ ႐ွင္​းျပခဲ့​ေပမဲ့ လုံျခဳံ​ေရးဝန္​ထမ္​းမ်ားက လက္​မခံခဲ့ဘဲ သူမကုိ ရဲစခန္​းသုိ႔ ​လႊဲ​ေျပာင္​း​ေပးခဲ့တာ ျဖစ္​ပါတယ္​။

ဇန္​ဟာ သူမဟာ မွတ္​ပုံတင္​ထဲက လူပဲ ျဖစ္​​ေၾကာင္​း႐ွင္​းျပခဲ့တဲ့အခ်ိန္​တင္​ ၄ နာရီ​ေလာက္​ၾကာသြားခဲ့တဲ့အတြက္​ ​ေလယာဥ္​မမွီ ​ေတာ့ဘဲ ႐ွန္​ဟုိင္​းကုိ ရထားစီးၿပီး သြားခဲ့ရ​ေၾကာင္​း သိရပါတယ္​။

အခုလုိမ်ဳိးအျဖစ္​အပ်က္​​ေတြ မၾကာခဏ ျဖစ္​ပြားဖူး​တာ​ေၾကာင္​့ တ႐ုတ္​ လူဝင္​မႈႀကီးၾကပ္​​ေရးဝန္​ထမ္​းမ်ားက ခရီးသြား​ေတြကုိ ပလတ္​စတစ္​ ဆာဂ်ရီမလုပ္​ခင္​ သူတုိ႔ရဲ႕ သက္​​ေသအ​ေထာက္​အထား​ေတြကုိ ​ေသခ​်ာခုိင္​လုံ​ေအာင္​ျပဳလုပ္​ၿပီးမွ ခရီးသြားဖုိ႔ ၫႊန္​ၾကားထား​ေၾကာင္​းသိရပါတယ္​။

Ref : Nextshark

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Slash (ပစ္​တုိင္​း​ေထာင္​)

# Unicode Version ျဖင့္ ဖတ္ပါ #
အသက် ၂၈ နှစ်အရွယ်အမျိူးသမီးတစ်ယောက်ဟာ ပလတ်စတစ် ဆာဂျရီလုပ်ခဲ့ပြီးနောက်မှာ မျက်နှာက အရမ်းပြောင်းလဲသွားတာကြောင့် သူမရဲ့မှတ်ပုံတင်က ဓာတ်ပုံနဲ့တောင် မတူတော့တဲ့အတွက် လေဆိပ်ဝန်ထမ်းများက တားဆီးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

သူမရဲ့ နာမည်ဟာ ဇန် (Zhang) လို့အမည်ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ချန်ဒူမြို့မှ ရှန်ဟိုင်းမြို့သို့ လေယာဉ်နဲ့ ခရီးသွားချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့သို့ လေယာဉ်နဲ့ သွားချိန်မှာ သူမရဲ့ မျက်နှာက လေဆိပ်က မျက်နှာ Scan ဖတ်စနစ်မှာ မပေါ်တဲ့အတွက် သူမကို လေဆိပ်က လုံခြုံရေးဝန်ထမ်းများက တားဆီးခဲ့ရတာ ဖြစ်ပါတယ်။

Chengdu Business Daily သတင်းစာအရ သူမဟာ ပလတ်စတစ်ဆာဂျရီလုပ်ခဲ့လို့ မျက်နှာပြောင်းလဲသွားတာဖြစ်ကြောင်း လေဆိပ်လုံခြုံရေးတွေကို ရှင်းပြခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းများက လက်မခံခဲ့ဘဲ သူမကို ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်ဟာ သူမဟာ မှတ်ပုံတင်ထဲက လူပဲ ဖြစ်ကြောင်းရှင်းပြခဲ့တဲ့အချိန်တင် ၄ နာရီလောက်ကြာသွားခဲ့တဲ့အတွက် လေယာဉ်မမှီ တော့ဘဲ ရှန်ဟိုင်းကို ရထားစီးပြီး သွားခဲ့ရကြောင်း သိရပါတယ်။

အခုလိုမျိုးအဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပွားဖူးတာကြောင့် တရုတ် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက ခရီးသွားတွေကို ပလတ်စတစ် ဆာဂျရီမလုပ်ခင် သူတို့ရဲ့ သက်သေအထောက်အထားတွေကို သေချာခိုင်လုံအောင်ပြုလုပ်ပြီးမှ ခရီးသွားဖို့ ညွှန်ကြားထားကြောင်းသိရပါတယ်။

Ref : Nextshark

ဖိုးသူတော် (www.phothutaw.com)
Credit: Slash (ပစ်တိုင်းထောင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top