ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ (ဃ)ျဖင့္ တာေမြရဲစခန္း တြင္ တိုင္ၾကားခံထားရသူ ပန္ ဆယ္လိုအေကာင့္ပိုင္ရွင္သည္ ၎၏ ကိုယ္တိုင္အစစ္ခံခ်က္ကို ဥပေဒအႀကံေပးႏွင့္အတူ ဇန္န၀ါရီ ၁၃ ရက္၌ ရဲစခန္းသို႔ လာေရာက္ေပးအပ္ခဲ့သည္။

ပန္ဆယ္လိုအေကာင့္ပိုင္ ရွင္ မအိမ့္ပိုးဥ၏ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က အတုိင္ၾကားခံ ရသည့္ ပို႔စ္ကိုေရးရန္ ျဖစ္ေပၚလာ သည့္ အေထာက္အထားမ်ားကို ကိုယ္တိုင္အစစ္ခံခ်က္ႏွင့္ တြဲ၍ ေပးအပ္ခဲ့ေၾကာင္း ေျပာသည္။

ျဖစ္စဥ္သည္ ေထာက္ၾကန္႔ရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္ ၿပီး ခဲ့သည့္ ႏို၀င္ဘာက သံဃာတစ္ပါးအ႐ိုက္ခံရမႈကိစၥႏွင့္ ပတ္သက္ၿပီး ပန္ဆယ္လိုအမည္ျဖင့္   ေဖ့စ္ဘြတ္ခ္အသံုးျပဳသူက လူမႈကြန္ရက္စာမ်က္ႏွာ၌ ဗုဒၶဘာသာသာသနာညႇိဳးႏြမ္းေစရန္ ေရးသားထားသည္ဟုဆိုကာ အၿငိမ္းစားဒုအရာခံဗိုလ္ ဦးေမာင္ေမာင္တာက တာေမြၿမိဳ႕မရဲစခန္းတြင္ ယမန္ႏွစ္ ဒီဇင္ဘာ ၁၂ ရက္က  အမႈဖြင့္ခဲ့သည္။ ပန္ဆယ္လိုသည္  ဆရာေတာ္ ဦး၀ီရသူႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို  အၾကည္ညိဳပ်က္ေစရန္  ေရးသားေၾကာင္း တိုင္ခ်က္တြင္ ဦးေမာင္ ေမာင္တာက ေရးသားထားသည္။

ပန္ဆယ္လို၏ ဥပေဒအႀကံ ေပးက ဦးေမာင္ေမာင္တာသည္ သံဃာတစ္ပါးအ႐ိုက္ခံရမႈႏွင့္ ပတ္သက္၍ တုိင္ၾကားရာတြင္ ဥပေဒအရ ကိုယ္စားလွယ္လႊဲစာ ပါေသာ္လည္း နစ္နာသူသံဃာ၏ အမည္ႏွင့္ ၎ကို မည္သို႔နစ္နာ ေအာင္ ပန္ဆယ္လိုအေကာင့္ပိုင္ ရွင္က ေရးသားသည့္ အေၾကာင္း ရပ္မ်ားမပါ၀င္ေၾကာင္း ေျပာ သည္။

‘‘အဲဒီေရးသားခ်က္သည္ ႏုိင္ငံတစ္၀န္းက ဗုဒၶဘာသာ၀င္ေတြ ကို စိတ္ႏွလံုးညိႇဳးႏြမ္းေစတယ္ဆို တဲ့ အခ်က္ပဲပါတယ္။ ဒါေၾကာင့္ ဒီတိုင္စာဟာ ဥပေဒအရ ဆက္ လက္ေဆာင္ရြက္ရန္ အေၾကာင္း မရွိတဲ့အတြက္ ပိတ္သိမ္းေပးဖို႔ ေဆာင္ရြက္ထားပါတယ္’’ဟု ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာသည္။

ဆရာေတာ္ ဦး၀ီရသူႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တို႔ကို အၾကည္ညိဳပ်က္ေစရန္ ေရးသားခဲ့သည္ဆိုေသာ တုိင္ ၾကားခ်က္တြင္လည္း ဆက္သြယ္ ေရးပုဒ္မ၏ ျပ႒ာန္းခ်က္အရ နစ္ နာသူတို႔၏ ကိုယ္စားလွယ္လႊဲစာ မပါရွိဘဲ ဦးေမာင္ေမာင္တာက တိုင္ၾကားျခင္းျဖစ္၍ ယင္းတိုင္ၾကားခ်က္မ်ားအေပၚ မေျဖရွင္းေပးႏိုင္ေၾကာင္း ျငင္းဆိုခဲ့သည္ဟု ဦးခင္ေမာင္ျမင့္က ေျပာသည္။

ပန္ဆယ္လိုအေကာင့္ပိုင္ ရွင္သည္ ၎ကို ဦးေမာင္ေမာင္ တာက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္ တုိင္ၾကားျခင္းႏွင့္ ပတ္သက္၍ ‘‘အခုအခ်ိန္ထိ အဲဒီ ပို႔စ္က ကြၽန္မရဲ႕ ေ၀ါလ္မွာရွိေနေသး ပါတယ္။ အကုန္လံုး၀င္ဖတ္ၾကည့္လို႔ရပါတယ္။ အားလံုးက စိတ္ႏွလံုးညိႇဳးႏြမ္းေစလား၊   မညိႇဳးႏြမ္းေစလားဆိုတာက  တစ္ေယာက္ခ်င္းစီအေပၚမွာ ဘာမွတ္ခ်က္မွ ေပးလို႔မရပါဘူး။ ဒါကြၽန္မအျမင္ကို ကြၽန္မလြတ္လပ္စြာ ေရးသားတာပါ’’ဟု ေျပာသည္။

ပန္ဆယ္လိုအေကာင့္တြင္ ‘‘ဥပေဒအရမလုပ္ဘဲ ထိုးႀကိတ္ တာကို လံုး၀အားမေပးပါဘူး။ ဒါေပမဲ့ အျဖစ္မွန္ေရးျပတာ ေတာင္ ဘာသာေရးမ်က္ကန္း ေတြ ၀ိုင္းဆဲတာခံရေသးတယ္။ ဂ႐ုစိုက္တတ္ရင္ ခက္မယ္။ စား ေသာက္ဆိုင္မွာျဖစ္ပြားတဲ့ ဘုန္း ႀကီးတစ္ပါး ထိုးႀကိတ္ခံရမႈမွာ ထို ဘုန္းႀကီးကိုယ္တိုင္ ေထာက္ၾကန္႔ ၿမိဳ႕ မဟာေဗာဓိေက်ာင္းထုိင္ ဆရာေတာ္ဆီမွာ ထိုးထားတဲ့ ခံ၀န္ပါ။ နည္းနည္း၀ါးေနေပမယ့္ ဖတ္ လို႔ရသေလာက္ကေတာ့ ‘အရက္ ေသစာ၀ယ္ယူမႈကိစၥအ၀၀ကို ေနာက္ေနာင္တြင္ မျဖစ္ေအာင္ ေရွာင္ၾကဥ္ပါမယ္ဟု ၀န္ခံကတိ လက္မွတ္ေရးထိုးပါသည္တဲ့။ ထိုးႀကိတ္သူကိုလည္း  ဖမ္းဆီး ထားၿပီးလို႔ သိရပါတယ္။ ရဟန္း တုတာ၊ စစ္တာထက္ ျဖစ္ပြားပံုကိုႏွစ္ဖက္ေျပာတာ သိေစခ်င္တာ ပါ။ သဃၤန္းၿခံဳတာနဲ႔ လံုလွၿပီဆိုၿပီးသာသနာကို ပူးကပ္ဖ်က္ဆီးသူနဲ႔ အားေပးအားေျမႇာက္ျပဳသူမ်ား က်႐ႈံးပါေစ’’ဟု ၂၀၁၇ ႏို၀င္ဘာ ၃၀ ရက္က ေရးသားခဲ့သည္။

တာေမြရဲစခန္းက ဦးေမာင္ ေမာင္တာ၏ တုိင္ၾကားခ်က္ႏွင့္ ပန္ဆယ္လိုအေကာင့္ပိုင္ရွင္တို႔၏ ကိုယ္တိုင္အစစ္ခံခ်က္တို႔ကို ၿမိဳ႕ နယ္ဥပေဒ႐ုံးသို႔ တင္ျပ၍ အမႈကို ဆက္လက္စြဲတင္ သင့္၊ မသင့္ ၿမိဳ႕နယ္ဥပေဒ႐ုံးက ဆံုးျဖတ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တာမွေရဲစခန်း တွင် တိုင်ကြားခံထားရသူ ပန် ဆယ်လိုအကောင့်ပိုင်ရှင်သည် ၎င်း၏ ကိုယ်တိုင်အစစ်ခံချက်ကို ဥပဒေအကြံပေးနှင့်အတူ ဇန်နဝါရီ ၁၃ ရက်၌ ရဲစခန်းသို့ လာရောက်ပေးအပ်ခဲ့သည်။

ပန်ဆယ်လိုအကောင့်ပိုင် ရှင် မအိမ့်ပိုးဥ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က အတိုင်ကြားခံ ရသည့် ပို့စ်ကိုရေးရန် ဖြစ်ပေါ်လာ သည့် အထောက်အထားများကို ကိုယ်တိုင်အစစ်ခံချက်နှင့် တွဲ၍ ပေးအပ်ခဲ့ကြောင်း ပြောသည်။

ဖြစ်စဉ်သည် ထောက်ကြန့်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပြီး ခဲ့သည့် နိုဝင်ဘာက သံဃာတစ်ပါးအရိုက်ခံရမှုကိစ္စနှင့် ပတ်သက်ပြီး ပန်ဆယ်လိုအမည်ဖြင့်   ဖေ့စ်ဘွတ်ခ်အသုံးပြုသူက လူမှုကွန်ရက်စာမျက်နှာ၌ ဗုဒ္ဓဘာသာသာသနာညှိုးနွမ်းစေရန် ရေးသားထားသည်ဟုဆိုကာ အငြိမ်းစားဒုအရာခံဗိုလ် ဦးမောင်မောင်တာက တာမွေမြို့မရဲစခန်းတွင် ယမန်နှစ် ဒီဇင်ဘာ ၁၂ ရက်က  အမှုဖွင့်ခဲ့သည်။ ပန်ဆယ်လိုသည်  ဆရာတော် ဦးဝီရသူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို  အကြည်ညိုပျက်စေရန်  ရေးသားကြောင်း တိုင်ချက်တွင် ဦးမောင် မောင်တာက ရေးသားထားသည်။

ပန်ဆယ်လို၏ ဥပဒေအကြံ ပေးက ဦးမောင်မောင်တာသည် သံဃာတစ်ပါးအရိုက်ခံရမှုနှင့် ပတ်သက်၍ တိုင်ကြားရာတွင် ဥပဒေအရ ကိုယ်စားလှယ်လွှဲစာ ပါသော်လည်း နစ်နာသူသံဃာ၏ အမည်နှင့် ၎င်းကို မည်သို့နစ်နာ အောင် ပန်ဆယ်လိုအကောင့်ပိုင် ရှင်က ရေးသားသည့် အကြောင်း ရပ်များမပါဝင်ကြောင်း ပြော သည်။

‘‘အဲဒီရေးသားချက်သည် နိုင်ငံတစ်ဝန်းက ဗုဒ္ဓဘာသာဝင်တွေ ကို စိတ်နှလုံးညှိုးနွမ်းစေတယ်ဆို တဲ့ အချက်ပဲပါတယ်။ ဒါကြောင့် ဒီတိုင်စာဟာ ဥပဒေအရ ဆက် လက်ဆောင်ရွက်ရန် အကြောင်း မရှိတဲ့အတွက် ပိတ်သိမ်းပေးဖို့ ဆောင်ရွက်ထားပါတယ်’’ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ဆရာတော် ဦးဝီရသူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို အကြည်ညိုပျက်စေရန် ရေးသားခဲ့သည်ဆိုသော တိုင် ကြားချက်တွင်လည်း ဆက်သွယ် ရေးပုဒ်မ၏ ပြဋ္ဌာန်းချက်အရ နစ် နာသူတို့၏ ကိုယ်စားလှယ်လွှဲစာ မပါရှိဘဲ ဦးမောင်မောင်တာက တိုင်ကြားခြင်းဖြစ်၍ ယင်းတိုင်ကြားချက်များအပေါ် မဖြေရှင်းပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဦးခင်မောင်မြင့်က ပြောသည်။

ပန်ဆယ်လိုအကောင့်ပိုင် ရှင်သည် ၎င်းကို ဦးမောင်မောင် တာက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တိုင်ကြားခြင်းနှင့် ပတ်သက်၍ ‘‘အခုအချိန်ထိ အဲဒီ ပို့စ်က ကျွန်မရဲ့ ဝေါလ်မှာရှိနေသေး ပါတယ်။ အကုန်လုံးဝင်ဖတ်ကြည့်လို့ရပါတယ်။ အားလုံးက စိတ်နှလုံးညှိုးနွမ်းစေလား၊   မညှိုးနွမ်းစေလားဆိုတာက  တစ်ယောက်ချင်းစီအပေါ်မှာ ဘာမှတ်ချက်မှ ပေးလို့မရပါဘူး။ ဒါကျွန်မအမြင်ကို ကျွန်မလွတ်လပ်စွာ ရေးသားတာပါ’’ဟု ပြောသည်။

ပန်ဆယ်လိုအကောင့်တွင် ‘‘ဥပဒေအရမလုပ်ဘဲ ထိုးကြိတ် တာကို လုံးဝအားမပေးပါဘူး။ ဒါပေမဲ့ အဖြစ်မှန်ရေးပြတာ တောင် ဘာသာရေးမျက်ကန်း တွေ ဝိုင်းဆဲတာခံရသေးတယ်။ ဂရုစိုက်တတ်ရင် ခက်မယ်။ စား သောက်ဆိုင်မှာဖြစ်ပွားတဲ့ ဘုန်း ကြီးတစ်ပါး ထိုးကြိတ်ခံရမှုမှာ ထို ဘုန်းကြီးကိုယ်တိုင် ထောက်ကြန့် မြို့ မဟာဗောဓိကျောင်းထိုင် ဆရာတော်ဆီမှာ ထိုးထားတဲ့ ခံဝန်ပါ။ နည်းနည်းဝါးနေပေမယ့် ဖတ် လို့ရသလောက်ကတော့ ‘အရက် သေစာဝယ်ယူမှုကိစ္စအ၀၀ကို နောက်နောင်တွင် မဖြစ်အောင် ရှောင်ကြဉ်ပါမယ်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးပါသည်တဲ့။ ထိုးကြိတ်သူကိုလည်း  ဖမ်းဆီး ထားပြီးလို့ သိရပါတယ်။ ရဟန်း တုတာ၊ စစ်တာထက် ဖြစ်ပွားပုံကိုနှစ်ဖက်ပြောတာ သိစေချင်တာ ပါ။ သင်္ဃန်းခြုံတာနဲ့ လုံလှပြီဆိုပြီးသာသနာကို ပူးကပ်ဖျက်ဆီးသူနဲ့ အားပေးအားမြှောက်ပြုသူများ ကျရှုံးပါစေ’’ဟု ၂၀၁၇ နိုဝင်ဘာ ၃၀ ရက်က ရေးသားခဲ့သည်။

တာမွေရဲစခန်းက ဦးမောင် မောင်တာ၏ တိုင်ကြားချက်နှင့် ပန်ဆယ်လိုအကောင့်ပိုင်ရှင်တို့၏ ကိုယ်တိုင်အစစ်ခံချက်တို့ကို မြို့ နယ်ဥပဒေရုံးသို့ တင်ပြ၍ အမှုကို ဆက်လက်စွဲတင် သင့်၊ မသင့် မြို့နယ်ဥပဒေရုံးက ဆုံးဖြတ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top