ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အရပ္ထဲမွာက ႏုတ္က်ိဳးေနတဲ ့ဇလားဗီးယားလို ့ေခၚတဲ့ တီလားပီးယားငါးအေၾကာင္း
က်ြန္ေတာ္တို ့စားေနတဲ ့အဲ့ ဒီငါးအေၾကာင္းၾကားရတာ ေၾကာက္စရာၾကီးမို ့ေျပာျပျခင္လို ့ပါ။

တီလားပီးယားဟာ သဘာ၀အရိုင္းမ်ားက ေရေမွာ္ ေရညိွအပင္ငယ္မ်ားကိုသာ စားသံုးၾကျပီး ေမြးျမဴေရၚတီလားဗီးယားကေတာ့ လူလုပ္အစာမ်ားကိုသာစားၾကရပါသည္။

ဒါေၾကာင့္ ေမြးျမဴေရးတီလားဗီးယားငါးမ်ားမွာ သဘာ၀အရိုင္းတီလားဗီးယားမ်ားလို က်န္းမာေရးအတြက္ေကာင္းမြန္တဲ ့ ငါအဆီမပါရိွေတာ့ပါဘူး။

ေမြးျမဴေရးတီလားဗီးယားက က်န္းမာေရးကို ဘယ္လိုထိခိုက္ေစသလဲဆိုေတာ့
၁။ေရာင္၇မ္းေစျခင္း

ေမြးျမဴေရးတီလားဗီးယားငါးကို စားသံုးျခင္းျဖင့္ ရိွရင္းစဲြေရာဂါမ်ားကို ပိုဆိုးေစပါတယ္။ဥပမာ-ပန္းနာရင္ၾကပ္ေရာဂါ၊ႏွလံုးေရာဂါ၊အဆစ္အျမစ္ေရာင္ေရာဂါမ်ားပိုဆိုးလာေစပါတယ္။

ေမြးျမဴေရး တီလားဗီးယားငါးမွာ Omega3 Fatty acid မပါေတာ့လို ့ျဖစ္ပါတယ္။

၂။ကင္ဆာျဖစ္ေစေသာ ဓါတ္မ်ား

ေမြးျမဴေရးတီလားဗီးယားမ်ားကို ၾကက္၊၀က္၊ဘဲတို ့ဧ။္အညစ္အေၾကးမ်ားျဖင့္ျပဳလုပ္ထားေသာအစားအစာမ်ားကိုေက်ြးၾကပါတယ္။

တီလားဗီးယား သဘာ၀ငါးအရိုင္းထက္ ေမြးျမဴေရးတီလားဗီးယားငါးမွာ ကင္ဆာျဖစ္ေစသည့္ ဓါတ္၁၀ဆပိုမိုပါ၀င္ေနပါတယ္။
၃။ပိုးသတ္ေဆး/ပဋိဇီ၀ေဆးမ်ား

ေမြးျမဴေရးငါးဟာ တေနရာတည္းမွာ အေကာင္ေရမ်ားစြာ ျပြတ္သိပ္ေနရသည့္အတြက္ေရာဂါျဖစ္လြယ္ေသလြယ္ပါတယ္။ဒါေၾကာင့္ ေရာဂ္မျဖစ္ပြားေအာင္ပဋိဇ၀ေဆးမ်ားထည့္ေလ့ရိွပါတယ္။

ငါးမ်ားမွာ သန္းမစြဲေအာင္ ပိုးသတ္ေဆးမ်ားလည္းထည့္ၾကပါတယ္။
၎ဓါတ္မ်ားက စားသံုးသူကို အဆိပ္အေတာက္ျဖစ္ေစပါတယ္။
၄။Omega-3နည္းျခင္း

ေမြးျမဴေရးတီလားဗီးယားငါးမ်ားဟာ ၀ေနတဲ ့အတြက္အေကာင္ၾကီးပါတယ္။
ပရိုတိန္းပါ၀င္မွဳနည္းပါတယ္။
Omega_3ပါ၀င္မွဳနည္းပါးျပီး Omega_6fatty acid အခ်ိဳးအစားမ်ားစြာ ပါ၀င္ပါတယ္။

Omega-6 fatty acids ကမ်ားမ်ားစားမိရင္ ေရာင္ရမ္းမွဳေတြျဖစ္ေစပါတယ္။
၅။ဒိုင္ေအာက္ဆင္မ်ားျခင္း

ဒိုင္ေအာက္စင္ဓါတ္ဟာ ကင္ဆာျဖစ္ေစပါတယ္။ကိုယ္ထဲကို တစ္ခါ၀င္မိရင္ ဖယ္ထုတ္ဖို ့၇ႏွစ္ကေန၁၁ႏွစ္ထိၾကာပါတယ္။
သဘာ၀ငါးထက္ေမြးျမဴေရးတီလားဗီးယားမွာ ဒိုင္ေအာက္စင္၁၁ဆပိုပါ၀င္ပါတယ္။

ငါးေမြးျမဴေရးလုပ္ငန္းမ်ားအနက္ တရုတ္ျပည္က ငါးေမြးျမဴေရးလုပ္ငန္းေတြမွာ စီးလြတ္လုပ္ကိုင္မွဳေၾကာင့္၊အဲ့ဒီက တီလားဗီးယားငါးေတြက ပုိဆိုးတယ္လို ့ေလ့လာသူမွဳမ်ားက ေဖာ္ျပပါတယ္။

ျမန္မာျပည္အေၾကာင္းေတာ့ မပါပါဘူး။

ျမန္မာျပည္မွာလည္း မဆလ ေခတ္ကစျပီးတီလားဗီးယားေမြးျမဴေရးအၾကီးအက်ယ္စတင္ခဲ့ပါတယ္။
စားသံုးမွဳလည္း အရိွန္အဟုန္ၾကီးခဲ့ပါတယ္။
ယခုကာလမွာ စားသံုးမွဳက အရိွန္ရေနပါျပီ။
စည္းလြတ္၀ါးလြတ္ လုပ္တဲ ့ေနရာမွာ ျမန္မာမွာလည္း တရုတ္ေအာက္ေလ်ာ့မယ္မဟုတ္လို ၊က်ြန္ေတာ္တို ့ဆီက တီလားဗီးယားေတြလည္း တရုတ္က တီလားပီးယားေတြနဲ ့နင္လားငါလားေနမွာပါ။

အစားအေသာက္ အႏၱရာယ္ေတြက ရွာေဖြေလ ေတြ ့ရိွေလေလဆိုေတာ့။

က်န္းမာခ်မ္းသာၾကပါေစ...

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာျမင့္သိန္း

#Unicode Version#
အရပ်ထဲမှာက နုတ်ကျိုးနေတဲ့ဇလားဗီးယားလို့ခေါ်တဲ့ တီလားပီးယားငါးအကြောင်း
ကျွန်တော်တို့စားနေတဲ့အဲ့ ဒီငါးအကြောင်းကြားရတာ ကြောက်စရာကြီးမို့ပြောပြခြင်လို့ပါ။

တီလားပီးယားဟာ သဘာဝအရိုင်းများက ရေမှော် ရေညှိအပင်ငယ်များကိုသာ စားသုံးကြပြီး မွေးမြူရေါ်တီလားဗီးယားကတော့ လူလုပ်အစာများကိုသာစားကြရပါသည်။

ဒါကြောင့် မွေးမြူရေးတီလားဗီးယားငါးများမှာ သဘာဝအရိုင်းတီလားဗီးယားများလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ငါအဆီမပါရှိတော့ပါဘူး။

မွေးမြူရေးတီလားဗီးယားက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲဆိုတော့
၁။ရောင်၇မ်းစေခြင်း

မွေးမြူရေးတီလားဗီးယားငါးကို စားသုံးခြင်းဖြင့် ရှိရင်းစွဲရောဂါများကို ပိုဆိုးစေပါတယ်။ဥပမာ-ပန်းနာရင်ကြပ်ရောဂါ၊နှလုံးရောဂါ၊အဆစ်အမြစ်ရောင်ရောဂါများပိုဆိုးလာစေပါတယ်။

မွေးမြူရေး တီလားဗီးယားငါးမှာ Omega3 Fatty acid မပါတော့လို့ဖြစ်ပါတယ်။

၂။ကင်ဆာဖြစ်စေသော ဓါတ်များ

မွေးမြူရေးတီလားဗီးယားများကို ကြက်၊ဝက်၊ဘဲတို့ဧ။်အညစ်အကြေးများဖြင့်ပြုလုပ်ထားသောအစားအစာများကိုကျွေးကြပါတယ်။

တီလားဗီးယား သဘာဝငါးအရိုင်းထက် မွေးမြူရေးတီလားဗီးယားငါးမှာ ကင်ဆာဖြစ်စေသည့် ဓါတ်၁၀ဆပိုမိုပါဝင်နေပါတယ်။
၃။ပိုးသတ်ဆေး/ပဋိဇီဝဆေးများ

မွေးမြူရေးငါးဟာ တနေရာတည်းမှာ အကောင်ရေများစွာ ပြွတ်သိပ်နေရသည့်အတွက်ရောဂါဖြစ်လွယ်သေလွယ်ပါတယ်။ဒါကြောင့် ရောဂ်မဖြစ်ပွားအောင်ပဋိဇဝဆေးများထည့်လေ့ရှိပါတယ်။

ငါးများမှာ သန်းမစွဲအောင် ပိုးသတ်ဆေးများလည်းထည့်ကြပါတယ်။
၎င်းဓါတ်များက စားသုံးသူကို အဆိပ်အတောက်ဖြစ်စေပါတယ်။
၄။Omega-3နည်းခြင်း

မွေးမြူရေးတီလားဗီးယားငါးများဟာ ဝနေတဲ့အတွက်အကောင်ကြီးပါတယ်။
ပရိုတိန်းပါဝင်မှုနည်းပါတယ်။
Omega_3ပါဝင်မှုနည်းပါးပြီး Omega_6fatty acid အချိုးအစားများစွာ ပါဝင်ပါတယ်။

Omega-6 fatty acids ကများများစားမိရင် ရောင်ရမ်းမှုတွေဖြစ်စေပါတယ်။
၅။ဒိုင်အောက်ဆင်များခြင်း

ဒိုင်အောက်စင်ဓါတ်ဟာ ကင်ဆာဖြစ်စေပါတယ်။ကိုယ်ထဲကို တစ်ခါဝင်မိရင် ဖယ်ထုတ်ဖို့၇နှစ်ကနေ၁၁နှစ်ထိကြာပါတယ်။
သဘာဝငါးထက်မွေးမြူရေးတီလားဗီးယားမှာ ဒိုင်အောက်စင်၁၁ဆပိုပါဝင်ပါတယ်။

ငါးမွေးမြူရေးလုပ်ငန်းများအနက် တရုတ်ပြည်က ငါးမွေးမြူရေးလုပ်ငန်းတွေမှာ စီးလွတ်လုပ်ကိုင်မှုကြောင့်၊အဲ့ဒီက တီလားဗီးယားငါးတွေက ပိုဆိုးတယ်လို့လေ့လာသူမှုများက ဖော်ပြပါတယ်။

မြန်မာပြည်အကြောင်းတော့ မပါပါဘူး။

မြန်မာပြည်မှာလည်း မဆလ ခေတ်ကစပြီးတီလားဗီးယားမွေးမြူရေးအကြီးအကျယ်စတင်ခဲ့ပါတယ်။
စားသုံးမှုလည်း အရှိန်အဟုန်ကြီးခဲ့ပါတယ်။
ယခုကာလမှာ စားသုံးမှုက အရှိန်ရနေပါပြီ။
စည်းလွတ်ဝါးလွတ် လုပ်တဲ့နေရာမှာ မြန်မာမှာလည်း တရုတ်အောက်လျော့မယ်မဟုတ်လို ၊ကျွန်တော်တို့ဆီက တီလားဗီးယားတွေလည်း တရုတ်က တီလားပီးယားတွေနဲ့နင်လားငါလားနေမှာပါ။

အစားအသောက် အန္တရာယ်တွေက ရှာဖွေလေ တွေ့ရှိလေလေဆိုတော့။

ကျန်းမာချမ်းသာကြပါစေ...



ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာမြင့်သိန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top