iMyanmarHouse.com - Best Property Website for Myanmar
×

 ၁၀.၁.၂၀၁၈ ရက္ေန႔မွ ၁၆. ၁. ၂၀၁၈ အထိ ဆရာစံဇာဏီဘို၏ တစ္ပတ္စာ ေဟာကိန္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ ယၾတာေခ်နည္းေလးေတြနဲ႔ ကံေကာင္းေစမဲ့ ဂဏန္း၊ အေရာင္ေတြလည္း ပါ၀င္တာေၾကာင့္ အားလုံးပဲ ကံေကာင္းၾကပါေစေနာ္ ….

တနဂၤေႏြ-ေငြေၾကးကံ လုပ္ငန္းကံ ေကာင္းမယ္။ ရန္အတိုက္အခံ မ်ားနဲ႔ ထိပ္တိုက္ေတြ႕မယ္။ လူေပါင္းမွား၊ ဆုံးျဖတ္ခ်က္မွား ျခင္းနဲ႔ ႀကဳံမယ္။ သူမ်ား ျပသနာ ကိုယ့္ျပသနာ ျဖစ္မယ္။ စာ႐ြက္စာတမ္း အေပးအယူကိစၥ၊ ေငြေၾကး အေပးအယူ ကိစၥေတြမွာ သတိနဲ႔ ယွဥ္ၿပီး လုပ္ရမယ့္ ကာလျဖစ္မယ္။ သူမ်ားနဲ႔ ကိုယ့္ရဲ႕ ျပသနာၾကား တစ္ဆဆ က်ယ္ျပန႔္ျခင္း မျဖစ္ေအာင္ ထိန္းခ်ဳပ္ရမယ္။ မွန္းတာနဲ႔ လက္ေတြ႕ကြာဟၿပီး စိတ္အေႏွာင့္အယွက္ျဖစ္မယ္။ ကံတက္ျခင္းႏွင့္ တိုးတက္ျခင္း ႀကံဳမယ္။ နာမည္အတြင္း - အ၊ ဥ၊ စ၊ ဇ၊ ည ပါတဲ့ သူေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မယ္။ ၾကာသာပေတး၊ ဗုဒၶဟူး၊ တနလၤာ ေန႔ ေမြးသူမ်ားေၾကာင့္ ကံေကာင္းျခင္းမ်ား ႀကံဳမယ္။

ကံေကာင္းေစေသာအေရာင္ - အျဖဴေရာင္၊ အစိမ္းေရာင္၊ မီးခိုးေရာင္

အက်ိဳးေပးဂဏန္း - ၅၊ ရ၊ ၉

ယၾတာ - စံပယ္ပန္းပြင့္ ၁၇ ပြင့္ ဘုရား ကပ္လႉျခင္းျဖင့္ ေကာင္းျခင္းကံမ်ား ရရွိမယ္။

တနလၤာ- ထူးျခားတဲ့ အေျပာင္းအလဲႏွင့္ တိုးတက္မႈမ်ား ရွိမယ္။ မိတ္ေဟာင္း၊ ေဆြေဟာင္း အေထာက္အကူရမယ္။ ေငြေၾကး ကံေကာင္းမယ္။ အလိုျပည့္စုံျခင္း၊ ဘဝတိုးတက္ျခင္း၊ ရည္မွန္းထားသည္မ်ား ေရွ႕တိုးလုပ္၍ ေအာင္ျမင္ျခင္းမ်ား ႀကံဳမယ္။ လုပ္သေလာက္ အဆင္ေျပမယ္။ ရန္အတိုက္အခံ အနည္းငယ္ ႀကံဳမယ္။ တနလၤာ၊ အဂၤါ၊ ေသာၾကာေန႔ ေမြးသူမ်ားႏွင့္ တြဲဖက္လုပ္ကိုင္လွ်င္ ထူးထူးျခားျခား ေအာင္ျမင္ၿပီး ကံေကာင္းႏိုင္တယ္။ ၾကာသာပေတး၊ စေနေန႔ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္တတ္တယ္။

ကံေကာင္းေစေသာအေရာင္ - အျပာရင့္ေရာင္၊ ပန္းေရာင္၊ အနီေရာင္

အက်ိဳးေပးဂဏန္း - ၆၊ ၅ ၊ ၉

ယၾတာ - ေနအိမ္အနီးနားမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းမွာ အလႉဒါန ျပဳေပးပါ။

အဂၤါ-ထူးျခားတဲ့ ကံေအာင္ျမင္မႈႏွင့္ တိုးတက္မႈ ႀကံဳမယ္။ ကိုယ္လုပ္သေလာက္ ထြန္းေပါက္မယ္။ ရည္မွန္းထားသေလာက္ ေအာင္ျမင္မႈ ရမယ္။ ေငြအကုန္အက် မ်ားေပမယ့္ လုပ္သမွ် ေအာင္ျမင္ႏိုင္တယ္။ ေငြေၾကး ကံေကာင္းႏိုင္တယ္။ သူတစ္ပါးကိစၥေတြကို လုပ္ရႏိုင္တယ္။ မိတ္ေကာင္းေဆြေကာင္း အေထာက္အကူရမယ္။ ရန္ အတိုက္အခံ အနည္းငယ္ ရွိၿပီး အလုံးစုံ အဆင္ေျပသြားႏိုင္တယ္။ တနလၤာ၊ ေသာၾကာ၊ စေနေန႔ ေမြးသူမ်ားႏွင့္ ပူးတြဲလုပ္ကိုင္လွ်င္ အဆင္ေျပမယ္။ တနဂၤေႏြ၊ ဗုဒၶဟူးေန႔ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္မယ္။ လူမ်ိဳးကြဲ အက်ိဳးေပးမယ္။

ကံေကာင္းေစေသာအေရာင္ - အျပာေရာင္၊ အနီေရာင္၊ မီးခိုးေရာင္

အက်ိဳးေပးဂဏန္း - ၁၊ ၄၊ ၉

ယၾတာ - ၀ါးတူ တစ္စုံကို ရွာေဖြၿပီး စြန႔္ပစ္လိုက္ပါ။
ဗုဒၶဟူး-ရန္အတိုက္အခံႏွင့္ ထိပ္တိုက္ေတြ႕မယ္။ မူလမွန္းထားတာႏွင့္ ကြာဟမယ္။ စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္မယ္။ ေငြေၾကး ၀င္မယ္။ အထင္မွားခံရျခင္း၊ နားလည္မႈ လြဲႏိုင္ျခင္းမ်ား ရွိမယ္။ ေမွ်ာ္မွန္းထားသလို ျဖစ္မလာတာမ်ိဳး ရွိမယ္။ ျပသနာေဟာင္းမ်ား ေျဖရွင္းရႏိုင္တယ္။ လုပ္ေနရင္းမွ ေႏွာင့္ေႏွးတာမ်ိဳးရွိမယ္။ အဂၤါ၊ ဗုဒၶဟူးေန႔ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ၾကာသာပေတး၊ ေသာၾကာ၊ စေနမ်ားေၾကာင့္ ေကာင္းက်ိဳးမ်ား ရႏိုင္တယ္။

ကံေကာင္းေစေသာအေရာင္ - အနီေရာင္၊ အျပာေရာင္၊ ပန္းေရာင္

အက်ိဳးေပးဂဏန္း - ၈၊ ရ၊ ၉

ယၾတာ - စံပယ္ပန္း ကိုးပြင့္ ဘုရားကပ္လႉေပးပါ။

ၾကာသပေတး-အထူးေကာင္းတဲ့ ကံမ်ား ေပၚတယ္။ ရာဇကိန္းႏွင့္ တိုက္ဆိုင္တာေၾကာင့္ ေငြေၾကးကံ ေအာင္ျမင္မယ္။ လုပ္ငန္းခြင္မွာလည္း တိုးတက္ကိန္း ရွိတယ္။ ဘဝ ေအာင္ျမင္မႈ ရမယ္။ မွန္းတာတစ္မ်ိဳး လက္ေတြ႕တစ္မ်ိဳးေတာ့ ျဖစ္ႏိုင္တယ္။ ကံေကာင္းတဲ့ ကာလ ျဖစ္တယ္။ အႀကံသစ္မ်ား၊ ရည္႐ြယ္ခ်က္သစ္မ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္လို႔ ေကာင္းမယ္။ သစၥာမဲ့သူ၊ စကား မတည္သူႏွင့္ ေတြ႕ႏိုင္တယ္။ တနဂၤေႏြ၊ ေသာၾကာ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ႏိုင္တယ္။ တနလၤာ၊ အဂၤါေန႔ ေမြးသူမ်ားေၾကာင့္ ေကာင္းက်ိဳးမ်ား ရမယ္။

ကံေကာင္းေစေသာအေရာင္ - မီးခိုးေရာင္၊ အျပာရင့္ေရာင္၊ နက္ျပာေရာင္

အက်ိဳးေပးဂဏန္း - ၈၊ ၃၊ ရ

ယၾတာ - ဆန္တစ္ဆုပ္ကို အေနာက္ေျမာက္ဘက္ကို မ်က္ႏွာမူၿပီး ၾကက္၊ ငွက္မ်ားကို အစာေကြၽးပါ။

ေသာၾကာ-အေျပာင္းအလဲႏွင့္ တိုးတက္မႈမ်ား ႀကံဳမယ္။ ကံေကာင္းမယ္။ လူမ်ိဳးကြဲ အက်ိဳးေပးမယ္။ ေငြေၾကးကံ၊ ဘဝကံ တိုးတက္ ေျပာင္းလဲျခင္းမ်ား ရွိမယ္။ ႏိုင္ငံျခားနဲ႔ ဆက္စပ္တဲ့ လုပ္ငန္း အက်ိဳးေပးမယ္။ ေဆြမ်ိဳးေတြထဲမွာ က်န္းမာေရး ခ်ဴခ်ာမယ္။ ေငြေၾကး ကံေကာင္းမယ္။ အတိုက္အခံ အနည္းငယ္ ရွိမယ္။ ၾကာသာပေတး၊ ဗုဒၶဟူး၊ စေန ေမြးသူမ်ား ေကာင္းက်ိဳးေပးၿပီး တနဂၤေႏြ၊ တနလၤာ ေမြးသူမ်ား ဒုကၡေပးတတ္တယ္။

ကံေကာင္းေစေသာအေရာင္ - အစိမ္းေရာင္၊ အျဖဴေရာင္ ၊ မီးခိုးေရာင္

အက်ိဳးေပးဂဏန္း - ၅၊ ၉၊ ရ

ယၾတာ - ေနအိမ္ အနီးနားမွာ ရွိတဲ့ ဘုန္းႀကီးေက်ာင္းမွာ လက္ဖက္ေျခာက္ ဒါနျပဳပါ။

စေန-အေရးပါတဲ့ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရမယ္။ ေရွ႕တိုး လုပ္ကိုင္တဲ့ အလုပ္အကိုင္မ်ား ေအာင္ျမင္ႏိုင္တယ္။ သူတစ္ပါးႏွင့္ ကိုယ္နဲ႔ ၾကား မတူညီတဲ့ လုပ္ငန္းမ်ား လုပ္ကိုင္ရင္းကေန လုပ္ငန္းမ်ား ေအာင္ျမင္ႏိုင္ကိန္း ရွိတယ္။ ေနအိမ္၊ အလုပ္ေနရာတို႔တြင္ ေကာင္းေသာ အေျပာင္းအလဲႏွင့္ တိုးတက္ျခင္းမ်ား ႀကံဳမယ္။ ေငြအစုလိုက္ ၀င္ႏိုင္တယ္။ ရန္အတိုက္အခံ အနည္းငယ္ႏွင့္ ယွဥ္ၿပီး လုပ္ရတတ္တယ္။ တနလၤာ၊ အဂၤါ၊ ဗုဒၶဟူးေန႔ ေမြးသူမ်ားေၾကာင့္ ေကာင္းက်ိဳးမ်ားရၿပီး စေနေန႔ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္မယ္။

ကံေကာင္းေစေသာအေရာင္ - အျပာေရာင္၊ အဝါေရာင္၊ ႏို႔ႏွစ္ေရာင္

အက်ိဳးေပးဂဏန္း - ၁၊ ၄၊ ၉

ယၾတာ - ပန္းအဝါေရာင္ကို ေႂကြပန္းအိုးထဲ ထိုးၿပီး အနီးအပါးမွာ ေဆာင္႐ြက္ျခင္း ထားရွိေပးပါ။ 

ထူးျခားေသာ အေျပာင္းအလဲမ်ားႏွင့္ ကံေကာင္းမယ္။ စီးပြားေရး ေငြေၾကး ကံေကာင္းမယ္။ လိုအင္ဆႏၵ ျပည့္ဝမယ္။ ပုံမွန္ထက္ပိုၿပီး ေကာင္းမြန္မယ္။ အေပးအယူ ကိစၥမွာ ျဖစ္ေနတဲ့ ျပသနာေတြ ေျဖရွင္းႏိုင္တယ္။ ပ်ိဳ႐ြယ္သူေတြ မ်က္ႏွာပြင့္မယ္။ ၾကာသာပေတး၊ ဗုဒၶဟူး၊ အဂၤါေန႔ ေမြးသူမ်ား ေကာင္းက်ိဳးေပးၿပီး ေသာၾကာ၊ တနလၤာေန႔ ေမြးသူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မယ္။

ကံေကာင္းေစေသာအေရာင္ - အျပာေရာင္၊ အနီေရာင္၊ ပန္းသြးေရာင္

အက်ိဳးေပးဂဏန္း - ၃၊ ရ၊ ၉

ယၾတာ - ပန္းအနီေရာင္ကို ေႂကြပန္းကန္ျပားေပၚတင္ၿပီး အနီးနားမွာ ထားရွိလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဆရာစံဇာဏီဘို
#Unicode Version#
  ၁၀.၁.၂၀၁၈ ရက်နေ့မှ ၁၆. ၁. ၂၀၁၈ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါဝင်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….


တနင်္ဂနွေ-ငွေကြေးကံ လုပ်ငန်းကံ ကောင်းမယ်။ ရန်အတိုက်အခံ များနဲ့ ထိပ်တိုက်တွေ့မယ်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှား ခြင်းနဲ့ ကြုံမယ်။ သူများ ပြသနာ ကိုယ့်ပြသနာ ဖြစ်မယ်။ စာရွက်စာတမ်း အပေးအယူကိစ္စ၊ ငွေကြေး အပေးအယူ ကိစ္စတွေမှာ သတိနဲ့ ယှဉ်ပြီး လုပ်ရမယ့် ကာလဖြစ်မယ်။ သူများနဲ့ ကိုယ့်ရဲ့ ပြသနာကြား တစ်ဆဆ ကျယ်ပြန့်ခြင်း မဖြစ်အောင် ထိန်းချုပ်ရမယ်။ မှန်းတာနဲ့ လက်တွေ့ကွာဟပြီး စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကံတက်ခြင်းနှင့် တိုးတက်ခြင်း ကြုံမယ်။ နာမည်အတွင်း - အ၊ ဥ၊ စ၊ ဇ၊ ည ပါတဲ့ သူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာ နေ့ မွေးသူများကြောင့် ကံကောင်းခြင်းများ ကြုံမယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ရ၊ ၉

ယတြာ - စံပယ်ပန်းပွင့် ၁၇ ပွင့် ဘုရား ကပ်လှူခြင်းဖြင့် ကောင်းခြင်းကံများ ရရှိမယ်။

တနင်္လာ- ထူးခြားတဲ့ အပြောင်းအလဲနှင့် တိုးတက်မှုများ ရှိမယ်။ မိတ်ဟောင်း၊ ဆွေဟောင်း အထောက်အကူရမယ်။ ငွေကြေး ကံကောင်းမယ်။ အလိုပြည့်စုံခြင်း၊ ဘဝတိုးတက်ခြင်း၊ ရည်မှန်းထားသည်များ ရှေ့တိုးလုပ်၍ အောင်မြင်ခြင်းများ ကြုံမယ်။ လုပ်သလောက် အဆင်ပြေမယ်။ ရန်အတိုက်အခံ အနည်းငယ် ကြုံမယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများနှင့် တွဲဖက်လုပ်ကိုင်လျှင် ထူးထူးခြားခြား အောင်မြင်ပြီး ကံကောင်းနိုင်တယ်။ ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၆၊ ၅ ၊ ၉

ယတြာ - နေအိမ်အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အလှူဒါန ပြုပေးပါ။

အင်္ဂါ-ထူးခြားတဲ့ ကံအောင်မြင်မှုနှင့် တိုးတက်မှု ကြုံမယ်။ ကိုယ်လုပ်သလောက် ထွန်းပေါက်မယ်။ ရည်မှန်းထားသလောက် အောင်မြင်မှု ရမယ်။ ငွေအကုန်အကျ များပေမယ့် လုပ်သမျှ အောင်မြင်နိုင်တယ်။ ငွေကြေး ကံကောင်းနိုင်တယ်။ သူတစ်ပါးကိစ္စတွေကို လုပ်ရနိုင်တယ်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမယ်။ ရန် အတိုက်အခံ အနည်းငယ် ရှိပြီး အလုံးစုံ အဆင်ပြေသွားနိုင်တယ်။ တနင်္လာ၊ သောကြာ၊ စနေနေ့ မွေးသူများနှင့် ပူးတွဲလုပ်ကိုင်လျှင် အဆင်ပြေမယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။ လူမျိုးကွဲ အကျိုးပေးမယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉

ယတြာ - ဝါးတူ တစ်စုံကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။
ဗုဒ္ဓဟူး-ရန်အတိုက်အခံနှင့် ထိပ်တိုက်တွေ့မယ်။ မူလမှန်းထားတာနှင့် ကွာဟမယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မယ်။ ငွေကြေး ဝင်မယ်။ အထင်မှားခံရခြင်း၊ နားလည်မှု လွဲနိုင်ခြင်းများ ရှိမယ်။ မျှော်မှန်းထားသလို ဖြစ်မလာတာမျိုး ရှိမယ်။ ပြသနာဟောင်းများ ဖြေရှင်းရနိုင်တယ်။ လုပ်နေရင်းမှ နှောင့်နှေးတာမျိုးရှိမယ်။ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ကြာသာပတေး၊ သောကြာ၊ စနေများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေသောအရောင် - အနီရောင်၊ အပြာရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၈၊ ရ၊ ၉

ယတြာ - စံပယ်ပန်း ကိုးပွင့် ဘုရားကပ်လှူပေးပါ။

ကြာသပတေး-အထူးကောင်းတဲ့ ကံများ ပေါ်တယ်။ ရာဇကိန်းနှင့် တိုက်ဆိုင်တာကြောင့် ငွေကြေးကံ အောင်မြင်မယ်။ လုပ်ငန်းခွင်မှာလည်း တိုးတက်ကိန်း ရှိတယ်။ ဘဝ အောင်မြင်မှု ရမယ်။ မှန်းတာတစ်မျိုး လက်တွေ့တစ်မျိုးတော့ ဖြစ်နိုင်တယ်။ ကံကောင်းတဲ့ ကာလ ဖြစ်တယ်။ အကြံသစ်များ၊ ရည်ရွယ်ချက်သစ်များ လက်တွေ့ အကောင်အထည်ဖော်လို့ ကောင်းမယ်။ သစ္စာမဲ့သူ၊ စကား မတည်သူနှင့် တွေ့နိုင်တယ်။ တနင်္ဂနွေ၊ သောကြာ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်။ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။

ကံကောင်းစေသောအရောင် - မီးခိုးရောင်၊ အပြာရင့်ရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၈၊ ၃၊ ရ

ယတြာ - ဆန်တစ်ဆုပ်ကို အနောက်မြောက်ဘက်ကို မျက်နှာမူပြီး ကြက်၊ ငှက်များကို အစာကျွေးပါ။

သောကြာ-အပြောင်းအလဲနှင့် တိုးတက်မှုများ ကြုံမယ်။ ကံကောင်းမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ ငွေကြေးကံ၊ ဘဝကံ တိုးတက် ပြောင်းလဲခြင်းများ ရှိမယ်။ နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ လုပ်ငန်း အကျိုးပေးမယ်။ ဆွေမျိုးတွေထဲမှာ ကျန်းမာရေး ချူချာမယ်။ ငွေကြေး ကံကောင်းမယ်။ အတိုက်အခံ အနည်းငယ် ရှိမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ တနင်္လာ မွေးသူများ ဒုက္ခပေးတတ်တယ်။

ကံကောင်းစေသောအရောင် - အစိမ်းရောင်၊ အဖြူရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ၉၊ ရ

ယတြာ - နေအိမ် အနီးနားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ လက်ဖက်ခြောက် ဒါနပြုပါ။

စနေ-အရေးပါတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရမယ်။ ရှေ့တိုး လုပ်ကိုင်တဲ့ အလုပ်အကိုင်များ အောင်မြင်နိုင်တယ်။ သူတစ်ပါးနှင့် ကိုယ်နဲ့ ကြား မတူညီတဲ့ လုပ်ငန်းများ လုပ်ကိုင်ရင်းကနေ လုပ်ငန်းများ အောင်မြင်နိုင်ကိန်း ရှိတယ်။ နေအိမ်၊ အလုပ်နေရာတို့တွင် ကောင်းသော အပြောင်းအလဲနှင့် တိုးတက်ခြင်းများ ကြုံမယ်။ ငွေအစုလိုက် ဝင်နိုင်တယ်။ ရန်အတိုက်အခံ အနည်းငယ်နှင့် ယှဉ်ပြီး လုပ်ရတတ်တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ကောင်းကျိုးများရပြီး စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အဝါရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၁၊ ၄၊ ၉

ယတြာ - ပန်းအဝါရောင်ကို ကြွေပန်းအိုးထဲ ထိုးပြီး အနီးအပါးမှာ ဆောင်ရွက်ခြင်း ထားရှိပေးပါ။

ထူးခြားသော အပြောင်းအလဲများနှင့် ကံကောင်းမယ်။ စီးပွားရေး ငွေကြေး ကံကောင်းမယ်။ လိုအင်ဆန္ဒ ပြည့်ဝမယ်။ ပုံမှန်ထက်ပိုပြီး ကောင်းမွန်မယ်။ အပေးအယူ ကိစ္စမှာ ဖြစ်နေတဲ့ ပြသနာတွေ ဖြေရှင်းနိုင်တယ်။ ပျိုရွယ်သူတွေ မျက်နှာပွင့်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများ ကောင်းကျိုးပေးပြီး သောကြာ၊ တနင်္လာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ပန်းသွးရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၉

ယတြာ - ပန်းအနီရောင်ကို ကြွေပန်းကန်ပြားပေါ်တင်ပြီး အနီးနားမှာ ထားရှိလိုက်ပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top