လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေနျပည္ေတာ္ ၊ ပုဗၺသီရိၿမိဳ႕နယ္ ၊ ေနေရာင္ျပအင္းထဲမွာရွိတဲ့ ျပည္လုံးခ်မ္းသာ ေစတီေတာ္ ျမတ္ႀကီးကို ထီးေတာ္တင္ ရင္ ေနျပည္ေတာ္ တခုလုံး ေရလႊမ္း မယ္ဆိုတဲ့ တေဘာင္ဟာ ေဒခံ ျပည္သူ ေတြအၾကားမွာ သတင္းေတြ ထြက္ေပၚခဲ့တာ အေတာ္ေလး ၾကာျမင့္ခဲ့ၿပီး ျဖစ္ပါတယ္။

 ဇန္နဝါရီလ ၄ရက္ကမွာေတာ့ အဲဒီ ေစတီေတာ္ႀကီး ကို ထီေတာ္တင္ လႉ ပူေဇာ္ပြဲ က်င္းပခဲ့ၿပီး ထြက္ေပၚေနခဲ့တဲ့ တေဘာင္သတင္းေတြအေပၚမွာေတာ့ အရွင္စႏၵာေဇာတိ က အခုလို ရွင္းလင္းမိန႔္ၾကားခဲ့ပါတယ္။

“ဗုဒၶ ရဲ႕ေက်းဇူးေၾကာင့္ လူေတြဟာ ေသေက်ပ်က္စီးျခင္း၊ ေရနစ္ ေဘးက်ျခင္း အဲဒါေတြ အလွ်င္းမရွိပါဘူး။ အလွ်င္းမရွိလို႔ပဲ အခုပဲ ေနေရာင္ျပအင္း ဘုရားႀကီး အေရွ႕ေတာင္အာရွမွာ မုန္တိုင္းဝင္ေနတာ။ ဒီေနရာမွာ မုန္တိုင္းမရွိဘူး။ ျမန္မာျပည္ႀကီး တခုလုံး မိုး႐ြာေနတာ။ လာသမွ်လူ မိုး႐ြာထဲက ျဖတ္လာၾကတာ။ ဒါေပမယ့္ ဒကာ ဒကာမ ေတြ ဒီေရာက္လာတဲ့အခါမွာ မိုးမ႐ြာသလား မ႐ြာပါဘူး။ ဒီ ေစတီေတာ္ႀကီး ကို မင္း ၆ ဆက္လက္ထက္မွာ အဆင့္ဆင့္ တည္ခဲ့ၾကတယ္။ လူေတြဟာ ဒီဟာႀကီး ၿပီးသြားရင္ ေရနစ္မယ္၊ ေသေက်မယ္၊ ပ်က္စီးမယ္ဆိုၿပီး တေဘာင္ ေတြ ထြက္ေနတယ္။ ဒီဘုရားႀကီးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးသြားၿပီဆိုရင္ ခက္ခဲပါတယ္၊ ၾကမ္းတမ္း ပါတယ္ဆိုတဲ့ဟာေတြ မၾကမ္းမတမ္း မခက္ခဲဘဲနဲ႔ ဘုရားေၾကာင့္ လူေတြ ေရနစ္ၿပီး ေသေက်ၾကမယ္ဆိုတဲ့ ဒုကၡေဘးမ်ိဳး မဟုတ္ပါဘူး”လို႔ အရွင္စႏၵာေဇာတိ က မိန႔္ၾကားခဲ့တာပါ။

အဲဒီလို တေဘာင္ သတင္းေၾကာင့္ ေဒသခံ ျပည္သူ ေတြၾကားမွာ ယၾတာေခ် ၾကတာေတြ အခုရက္ပိုင္းအတြင္း အျခားေဒသေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ၾကမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ေနျပည္ေတာ္ေ ကာင္စီဝင္ ဦးမင္းသူ က “ ဆရာေတာ္ ဘုရားႀကီး ကိုယ္တိုင္ မိန႔္ၾကားလာတဲ့အထဲမွာ လယ္တီပ႑ိတဦးေမာင္ႀကီးရဲ႕ တပင္ေ႐ႊထီး ဝတၳဳေတာ္ႀကီးမွာပါတဲ့ ဒီေနရာဟာ သမိုင္း အစဥ္အလာအရ မင္းေနျပည္ေတာ္ ျဖစ္လာမယ္တဲ့။ ေတာင္ငူေခတ္က ထြက္ေပၚလာတဲ့ တေဘာင္ရွိတယ္။ အဲဒီဟာကို တပင္ေ႐ႊထီး ဝတၳဳေတာ္ႀကီး မွာ သူက ထည့္သြင္းေရးသားခဲ့တယ္။ အဲဒီတေဘာင္က အမွန္ပဲ။ အဲဒီေနာက္က ထီးတင္ တာနဲ႔ ေနျပည္ေတာ္ႀကီး ေရလႊမ္း မယ္ဆိုတာ မဟုတ္ဘူးလို႔ ေျပာတာ။ ဒါေၾကာင့္ အဲဒါ ေကာလာဟလ ပါ။ တေဘာင္ အစစ္အမွန္က လယ္တီပ႑ိတ ဦးေမာင္ႀကီး ေရးသားတဲ့ ဝတၳဳေတာ္ ထဲကဟာက အမွန္ပါပဲ”လို႔ ေျပာပါတယ္။

ေစတီေတာ္ႀကီး ရဲ႕ အျမင့္ဟာဆိုရင္ ၁၀၈ ေတာင္ရွိၿပီးေတာ့ သက္တမ္းဟာဆိုရင္ ၆၀ ေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။

ေစတီေတာ္ႀကီး ကို ေ႐ႊထီးေတာ္ အထြတ္ တင္လႉပူေဇာ္ပြဲကို ဇန္နဝါရီ ၄ ရက္နဲ႔ ၅ ရက္ေန႔ေတြမွာ က်င္းပမွာျဖစ္ၿပီး သံဃာေတာ္ေတြကို ဆြမ္းဆက္ကပ္လႉဒါန္းတာေတြ၊ ေကာင္းမႈကုသိုလ္ေတြအတြက္ ေရစက္သြန္းခ် လႉဒါန္းတာေတြ၊ ဆြမ္းဆန္စိမ္း ေလာင္းလႉတာေတြကို ျပဳလုပ္ဖို႔ရွိပါတယ္။

ေ႐ႊထီးေတာ္ အထြတ္ တင္လႉပူေဇာ္ပြဲ ေအာင္ပြဲ အထိမ္းအမွတ္ အျဖစ္ ဇန္နဝါရီ ၅ ရက္မွာ ဖိုးခ်စ္ ဖာတ္သဘင္နဲ႔ ဇန္နဝါရီလ ၆ ရက္၊ ၇ ရက္ ညေတြမွာေတာ့ လႊမ္းဇာတ္သဘင္အဖြဲ႕ေတြက ဧည့္ခံေဖ်ာ္ေျဖသြားမွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ၊ နေရောင်ပြအင်းထဲမှာရှိတဲ့ ပြည်လုံးချမ်းသာ စေတီတော် မြတ်ကြီးကို ထီးတော်တင် ရင် နေပြည်တော် တခုလုံး ရေလွှမ်း မယ်ဆိုတဲ့ တဘောင်ဟာ ဒေခံ ပြည်သူ တွေအကြားမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာ အတော်လေး ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။
 ဇန်နဝါရီလ ၄ရက်ကမှာတော့ အဲဒီ စေတီတော်ကြီး ကို ထီတော်တင် လှူ ပူဇော်ပွဲ ကျင်းပခဲ့ပြီး ထွက်ပေါ်နေခဲ့တဲ့ တဘောင်သတင်းတွေအပေါ်မှာတော့ အရှင်စန္ဒာဇောတိ က အခုလို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

“ဗုဒ္ဓ ရဲ့ကျေးဇူးကြောင့် လူတွေဟာ သေကျေပျက်စီးခြင်း၊ ရေနစ် ဘေးကျခြင်း အဲဒါတွေ အလျှင်းမရှိပါဘူး။ အလျှင်းမရှိလို့ပဲ အခုပဲ နေရောင်ပြအင်း ဘုရားကြီး အရှေ့တောင်အာရှမှာ မုန်တိုင်းဝင်နေတာ။ ဒီနေရာမှာ မုန်တိုင်းမရှိဘူး။ မြန်မာပြည်ကြီး တခုလုံး မိုးရွာနေတာ။ လာသမျှလူ မိုးရွာထဲက ဖြတ်လာကြတာ။ ဒါပေမယ့် ဒကာ ဒကာမ တွေ ဒီရောက်လာတဲ့အခါမှာ မိုးမရွာသလား မရွာပါဘူး။ ဒီ စေတီတော်ကြီး ကို မင်း ၆ ဆက်လက်ထက်မှာ အဆင့်ဆင့် တည်ခဲ့ကြတယ်။ လူတွေဟာ ဒီဟာကြီး ပြီးသွားရင် ရေနစ်မယ်၊ သေကျေမယ်၊ ပျက်စီးမယ်ဆိုပြီး တဘောင် တွေ ထွက်နေတယ်။ ဒီဘုရားကြီးကို အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီဆိုရင် ခက်ခဲပါတယ်၊ ကြမ်းတမ်း ပါတယ်ဆိုတဲ့ဟာတွေ မကြမ်းမတမ်း မခက်ခဲဘဲနဲ့ ဘုရားကြောင့် လူတွေ ရေနစ်ပြီး သေကျေကြမယ်ဆိုတဲ့ ဒုက္ခဘေးမျိုး မဟုတ်ပါဘူး”လို့ အရှင်စန္ဒာဇောတိ က မိန့်ကြားခဲ့တာပါ။

အဲဒီလို တဘောင် သတင်းကြောင့် ဒေသခံ ပြည်သူ တွေကြားမှာ ယတြာချေ ကြတာတွေ အခုရက်ပိုင်းအတွင်း အခြားဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နေပြည်တော်ေ ကာင်စီဝင် ဦးမင်းသူ က “ ဆရာတော် ဘုရားကြီး ကိုယ်တိုင် မိန့်ကြားလာတဲ့အထဲမှာ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ တပင်ရွှေထီး ဝတ္ထုတော်ကြီးမှာပါတဲ့ ဒီနေရာဟာ သမိုင်း အစဉ်အလာအရ မင်းနေပြည်တော် ဖြစ်လာမယ်တဲ့။ တောင်ငူခေတ်က ထွက်ပေါ်လာတဲ့ တဘောင်ရှိတယ်။ အဲဒီဟာကို တပင်ရွှေထီး ဝတ္ထုတော်ကြီး မှာ သူက ထည့်သွင်းရေးသားခဲ့တယ်။ အဲဒီတဘောင်က အမှန်ပဲ။ အဲဒီနောက်က ထီးတင် တာနဲ့ နေပြည်တော်ကြီး ရေလွှမ်း မယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတာ။ ဒါကြောင့် အဲဒါ ကောလာဟလ ပါ။ တဘောင် အစစ်အမှန်က လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားတဲ့ ဝတ္ထုတော် ထဲကဟာက အမှန်ပါပဲ”လို့ ပြောပါတယ်။

စေတီတော်ကြီး ရဲ့ အမြင့်ဟာဆိုရင် ၁၀၈ တောင်ရှိပြီးတော့ သက်တမ်းဟာဆိုရင် ၆၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

စေတီတော်ကြီး ကို ရွှေထီးတော် အထွတ် တင်လှူပူဇော်ပွဲကို ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းတာတွေ၊ ကောင်းမှုကုသိုလ်တွေအတွက် ရေစက်သွန်းချ လှူဒါန်းတာတွေ၊ ဆွမ်းဆန်စိမ်း လောင်းလှူတာတွေကို ပြုလုပ်ဖို့ရှိပါတယ်။

ရွှေထီးတော် အထွတ် တင်လှူပူဇော်ပွဲ အောင်ပွဲ အထိမ်းအမှတ် အဖြစ် ဇန်နဝါရီ ၅ ရက်မှာ ဖိုးချစ် ဖာတ်သဘင်နဲ့ ဇန်နဝါရီလ ၆ ရက်၊ ၇ ရက် ညတွေမှာတော့ လွှမ်းဇာတ်သဘင်အဖွဲ့တွေက ဧည့်ခံဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top