×

ဇန္နဝါရီ ၁ ရက္က အင္ဒုိနီးရွားႏုိင္ငံ ေဘာ္နီယုိကြၽန္း ကမ္းလြန္တြင္ ခရီးသည္တင္ေလွ တစ္စီး တိမ္းေမွာက္ၿပီးေနာက္ အနည္းဆံုးလူရွစ္ဦး ေသဆံုးကာ လူအမ်ားအျပား ေပ်ာက္ဆံုးေန ေၾကာင္း အရာရိွတစ္ဦးက ေျပာ သည္။

အခုအခ်ိန္အထိ ကယ္တင္ႏုိင္သူ ၃၃ ဦးရိွၿပီျဖစ္ကာ ေနာက္ ထပ္က်န္ရိွေသာ ခရီးသည္မ်ားကုိ ကယ္တင္ႏုိင္ေရး ေရတပ္ကုိ ေစ လႊတ္ထားသည္။

သို႔ေသာ္ လိႈင္းလံုးႀကီးမ်ား ေၾကာင့္ ရွာေဖြကယ္ဆယ္ေရး ႀကိဳးပမ္းမႈမ်ား အခက္အခဲရိွေန သည္ဟု ယင္းအရာရိွက ေျပာ သည္။

တိမ္းေမွာက္ရသည့္ အ ေၾကာင္းရင္းႏွင့္ ျဖစ္ပ်က္ခဲ့ပံု အတိအက်ကုိ မိမိတို႔ မသိရေသးေသာ္လည္း ယခုအခါက်န္ရိွေသာ ခရီးသည္မ်ားကုိ ရွာေဖြေရးအာ႐ံုစုိက္ထားသည္ဟု အင္ဒုိနီးရွားအရာရိွ မူလ္ယာဒီက ေအအက္ဖ္ပီ သတင္းဌာနအား ေျပာ သည္။

ယင္းျဖစ္ရပ္မွာ အင္ဒုိနီးရွားႏုိင္ငံ၏ က်ယ္ျပန္႔ေသာ ကြၽန္းစုမ်ားၾကား၌ ေနာက္ဆံုးေလွမ ေတာ္တဆမႈျဖစ္ၿပီး ကြၽန္းေပါင္း ၁၇,၀၀၀ ရိွ လူအမ်ားသည္ ကူးတုိ႔ေလွမ်ားကို အမွီျပဳ၍ သြားလာ ေနၾကသည္။

သုိ႔ေသာ္ ေဘးကင္းေရးစံ ႏႈန္းမ်ားမွာ မျပည့္မီျဖစ္ေနသည္။

ၿပီးခဲ့သည့္ ဇူလုိင္က ယင္း ေရလမ္းေၾကာင္း၌ ေလွတစ္စီး နစ္ျမဳပ္ၿပီး လူရွစ္ဦး ေသဆံုးခဲ့ သည္။

ၿပီးခဲ့သည့္ႏွစ္ ႏွစ္သစ္ကူး ရက္ကလည္း ေလွတစ္စီး မီး ေလာင္၍ လူ ၂၃ ဦး ေသဆံုးခဲ့ သည္။              

—Ref: AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
နဝါရီ ၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း ကမ်းလွန်တွင် ခရီးသည်တင်လှေ တစ်စီး တိမ်းမှောက်ပြီးနောက် အနည်းဆုံးလူရှစ်ဦး သေဆုံးကာ လူအများအပြား ပျောက်ဆုံးနေ ကြောင်း အရာရှိတစ်ဦးက ပြော သည်။

အခုအချိန်အထိ ကယ်တင်နိုင်သူ ၃၃ ဦးရှိပြီဖြစ်ကာ နောက် ထပ်ကျန်ရှိသော ခရီးသည်များကို ကယ်တင်နိုင်ရေး ရေတပ်ကို စေ လွှတ်ထားသည်။

သို့သော် လှိုင်းလုံးကြီးများ ကြောင့် ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုများ အခက်အခဲရှိနေ သည်ဟု ယင်းအရာရှိက ပြော သည်။

တိမ်းမှောက်ရသည့် အ ကြောင်းရင်းနှင့် ဖြစ်ပျက်ခဲ့ပုံ အတိအကျကို မိမိတို့ မသိရသေးသော်လည်း ယခုအခါကျန်ရှိသော ခရီးသည်များကို ရှာဖွေရေးအာရုံစိုက်ထားသည်ဟု အင်ဒိုနီးရှားအရာရှိ မူလ်ယာဒီက အေအက်ဖ်ပီ သတင်းဌာနအား ပြော သည်။

ယင်းဖြစ်ရပ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ကျယ်ပြန့်သော ကျွန်းစုများကြား၌ နောက်ဆုံးလှေမ တော်တဆမှုဖြစ်ပြီး ကျွန်းပေါင်း ၁၇,၀၀၀ ရှိ လူအများသည် ကူးတို့လှေများကို အမှီပြု၍ သွားလာ နေကြသည်။

သို့သော် ဘေးကင်းရေးစံ နှုန်းများမှာ မပြည့်မီဖြစ်နေသည်။

ပြီးခဲ့သည့် ဇူလိုင်က ယင်း ရေလမ်းကြောင်း၌ လှေတစ်စီး နစ်မြုပ်ပြီး လူရှစ်ဦး သေဆုံးခဲ့ သည်။

ပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ရက်ကလည်း လှေတစ်စီး မီး လောင်၍ လူ ၂၃ ဦး သေဆုံးခဲ့ သည်။              

—Ref: AFP

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top