iMyanmarHouse.com - Best Property Website for Myanmar
×
 မြန်မာအိုင်ဒေါ Season−3 တွင် ဒိုင်အဖြစ် ပါဝင်မည့် မြန်မာပြည်သိန်းတန်သည် အမေရိကန် နိုင်ငံမှ နာမည်ကြီးဖက်ရှင် အမှတ် တံဆိပ်များ ဝယ်ယူခဲ့ကြောင်း ဒေါက်တာနုနန္ဒာသန်းက ပြော သည်။
Credit: 7daydaily
#Unicode Version#
 မြန်မာအိုင်ဒေါ Season−3 တွင် ဒိုုင်အဖြစ် ပါဝင်မည့် မြန်မာပြည်သိန်းတန်သည် အမေရိကန် နိုင်ငံမှ နာမည်ကြီးဖက်ရှင် အမှတ် တံဆိပ်များ ဝယ်ယူခဲ့ကြောင်း ဒေါက်တာနုနန္ဒာသန်းက ပြော သည်။
‘‘အသေးစိတ်ကိုတော့ စင် ပေါ်မှာပဲ ကြည့်ပါတော့လို့ ပြော ချင်တယ်။ အမေရိကက လိုအပ်တာတွေ အများကြီး ဝယ်ခဲ့ရတာ ပေါ့။ ကုတ်အကျႌတို့၊ ခါးပတ်တို့၊ ဘောင်းဘီတို့က သူကြိုက်တဲ့၊ သူ နဲ့လည်းလိုက်မယ့် Selection ပိုစုံတယ်လေ’’ဟု ၎င်းက ပြော သည်။
ထို့အပြင် အဝတ်စများ လည်း ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာများထံတွင် ဒီဇိုင်း ပုံစံများ ပြောကြားအပ်နှံချုပ်ပေး မည်ဟု ၎င်းက ဆိုသည်။ မြန်မာ အိုင်ဒေါ Season−3 သည် ပွဲစဉ် ၃၀ ကျော်ပါဝင်မည်ဖြစ်သော ကြောင့် အဝတ်အစား ၃၀ ကျော် ပြင်ဆင်ပေးမည်ဟု ၎င်းက ဆို သည်။
‘‘လူတွေက စကားတွေ တစ် ဆင့်တစ်ဆင့်သွားတော့ စကား တွေဖောင်းပွသွားတာပေါ့။ အမျိုး မျိုးပြန်ကြားရတော့ ကိုယ့်ဟာ ကိုယ်လန့်သွားတော့ Amount (ဖက်ရှင်အတွက် သုံးစွဲသည့် ငွေ ပမာဏ)တော့ မပြောချင်ပါဘူး’’ ဟု ဒေါက်တာနုနန္ဒာသန်းက ပြော ကြားသည်။
မြန်မာပြည်သိန်းတန်ကိုယ် တိုင်လည်း ကမ္ဘာကျော် Branded များကိုသာ ကြိုက်သောကြောင့် ဝယ်ယူခဲ့ပြီး တစ်ပွဲနှင့်တစ်ပွဲ မထပ်စေရန် ပြင်ဆင်ပေး မည်ဟု ၎င်းက ဆိုသည်။ Branded များအနေဖြင့် Dolce And Gabbana,Prada, Gucci, Versace, Armaniစသည့်ကမ္ဘာကျော်ဖက်ရှင်များ ဝယ်ယူခဲ့ကြောင်း ၎င်းက ဆို သည်။
မြန်မာပြည်သိန်းတန်သည် မြန်မာအိုင်ဒေါ Season 2 တွင် ဝတ်ဆင်ရန် ဖက်ရှင်ပိုင်းကို ကျပ် သိန်းတစ်ထောင်ကျော်ဖိုး ပြင်ဆင်ခဲ့ကြောင်း ပြီးခဲ့သည့်နှစ်က မီဒီ ယာများတွင် ဖော်ပြခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top