iMyanmarHouse.com - Best Property Website for Myanmar
×

၀ဋ္ဆိုတာလည္တတ္တယ္ဆိုတာလက္ခံပါသလား။ တစ္ေန႔ ့တစ္ေန ့ကိုယ္လုပ္ခဲ့တဲ့ အလုပ္ေတြထဲမွာ သူတပါးေပၚ မေကာင္းၾကံ မိခဲ့တာေလးေတြ သိလို ့ပဲျဖစ္ေစ၊ မသိလိုက္ပဲျဖစ္ေစရွိေနတတ္ပါတယ္။ ကာယကံ၊ ၀ီစီကံ၊ မေနာကံဆုိတဲ့ ကံသံုးပါးမွာ မေနာကံေျမာက္ ကာယကံနဲ ့၊ မေနာကံေျမာက္ ၀ီစီကံတို ့ဟာေျကာက္ဖို ့အေကာင္းဆံုးပါ။ ဒါေျကာင့္အမွဳတမွဳ ကိုဆံုးျဖတ္ေတာ့မယ္ဆိုရင္ေတာင္ ျကိုတင္ျကံစည္မွဳဆိုတာ ပိုျပီးျကီးေလး တတ္ပါတယ္။ ေျပာခ်င္တာကေတာ့ ဘယ္အမွဳကိုပဲ ျပဳျပဳပါ။ စိတ္ပါလက္ပါနဲ ့ သူတပါးကိုမေကာင္းမျကံမိပါေစနဲ ့။ သိပ္ေျကာက္ဖို ့ ေကာင္းပါတယ္။

ကံဆိုတာအလုပ္ပါ ကိုျပဳခဲ့တဲ့ အလုပ္ေပၚမူတည္ျပီး တခ်ိန္ကိုပဲျပန္ခံစား၊ စံစားရမွာပါ။ အဲ့ေတာ့ ကိုဘယ္လမ္း ေလ်ာက္ခဲ့ဲလဲ ကိုယ္ေလ်ာက္ခဲ့တဲ့ လမ္းကို ပဲေရာက္မွာပါ။ ဒါက နိယာမတခုပါပဲဆိုတာမေမ့ဖို ့လိုပါတယ္။ လူေပၚလူေဇာ္ လုပ္ျပီး ကိုယ္ကေကာင္းစားသြားေတာ့ေကာ ကိုယ္၏ ခ်မ္းသာ ျခင္း ေတာ့ ျပည့္စံု မယ္၊ စိတ္၏ခ်မ္းသာျခင္း မျပည့္စံုဘူးဆို တာသင္တို ့လက္ ခံလား။

တူေသာ အက်ိဳးေပးဆိုတာ ျမင္တတ္ရင္ေတြ ့ပါတယ္။ ကိုယ္ေတြ ့ေကာ၊ ပတ္၀န္းက်င္မွာပါ ရွိေနတာပါ။ ယုတ္စြအဆံုး တိရိစာၦန္ ေလးေတြအေပၚမွာ မတရား လုပ္မိခဲ့ရင္ေတာင္ ၀ဋ္လိုက္တတ္ပါတယ္။ ငယ္ငယ္က အဖိုးေတြ အဖြားေတြ ေျပာေနတဲ့ စကားတခြန္းေပါ့။ အယ္ဒီေကာင္ေလးေတာ့ ၀ဋ္လိုက္ေတာ့ မွာပဲဆိုတာေလ။ ၀ဋ္မွာအျမဲ ငရဲမွာအပပါ။ ငရဲ ဆိုတာ ကိုယ္ျပဳခဲ့ တဲ့ ကုသိုလ္ အဟုန္ျကီးေန ရင္ ေတာင္လြတ္နိုင္ ပါေသးတယ္။ ေက်ာ္သြားနိုင္ ပါေသးတယ္။ ၀ဋ္ဆိုတာေတာ့ မိမိ သံသရာတေလ်ာက္ နိဗၺာန္ မေရာက္ခင္ စပ္ျကား အျကားအလပ္မရွိ လိုက္လာတတ္တာပါ။

တန္ခိုးေတာ္အရာမွာ ဧတဒဂ္ ဘြဲ ့ရေတာ္မူထားတဲ့ ရွင္ေမာဂၢလန္ ရဟႏာၱ ကိုယ္ေတာ္ျမတ္ျကီးေတာင္ ၀ဋ္ကို မေက်ာ္နိုင္သြားပါဘူး။ ပရိနိဗၺာန္ စံခါနီး ဒိဌိ ေတြလႊတ္လိုက္တဲ ့ လူမိုက္ငါးရာရဲ့ ရိုက္နွက္မွဳနဲ ပရိနိဗၺာန္ ျပဳခဲ့ရတာပါ။ တန္ခိုးေတာ္နဲ ့ဒီဟာကို ေရွာင္လႊဲလို ့ရရဲ့သားနဲ ့ ျပဳခဲ့ဖူးတဲ့ အမူကိုဆင္ျခင္ျပီး ဒီ၀ဋ္ ကိုျပန္လည္ေပးဆပ္ခဲ့ တာပါ။ အတိတ္ဘ၀တခုတုန္း က မယားရဲ့ အလိုဆႏၵကိုလိုက္ကာ မ်က္မျမင္ မိခင္ဖခင္တို ့ကို ေတာထဲေခၚကာ ခိုးသားျကီးေယာင္ေဆာင္ျပီး ရိုက္နွက္ခဲ့ ဖူးတဲ့ အတိတ္၀ဋ္ေျကြးေျကာင့္ပါ။

၀ဋ္ေျကြးကို ျမတ္ဗုဒၶ ဘုရားရွင္ေတာင္ ေရွာင္လႊဲလို ့မရခဲ့ပါဘူး။ တခုေသာ ဘ၀တြင္ ညီငယ္နွင့္စည္းစိမ္ ခြဲရာတြင္ ခိုင္ရန္ျဖစ္ပြားျပီး ညီငယ္ အား ေက်ာက္ျဖင့္ ထုသတ္ ခဲ့ဖူးေသာအတိတ္ကံ၊ ပေစၥကဗုဒၶာ အား ကေလး ဘ၀တခုတြင္ ေျခမေတာ္ကို ေက်ာက္ျဖင့္ အပ်ာ္သေဘာ ျပစ္ခတ္ခဲ့ ဖူးတဲ့ အတိတ္ကံ၊ ပေဒသရာဇ္မင္း ဘ၀တခုတြင္ လူယုတ္မာနွင့္ ေပါင္းမိသျဖင့္ အျပစ္မရွိသူအား ဓါးျဖင့္ခြဲစိတ္ခဲ့ဖူးတဲ့ အတိတ္ကံ တို ့ေျကာင့္ ဗုဒၶ ဘုရားရွင္ျဖစ္ေတာ္ မူေသာအခါ ေဒ၀ဒတ္ ၏ေက်ာက္ေမာင္းဆင္ လုပ္ျကံမွဳ ကိုခံရျခင္း၊ ထိုမွေက်ာက္လႊာတခု ပဲ့စင္၍ ေျခမေတာ္၌ ေသြးစိမ္း တည္ျခင္း၊ ၄င္းဒါဏ္ရာ ကိုေဆးဆရာ ဇိ၀က က ဓါးျဖင့္ခြဲစိပ္ ကုသ တာကို ခံရျခင္း စတဲ့၀ဋ္ေျကြးေတြကို အစဥ္လိုက ္ျပန္လည္ ေပးဆပ္ရပါတယ္။

ဒါေျကာင့္က်ေတာ္တို ့လိုပုတုဇဥ္မ်ားအတြက္ေတာ့ အထူးသတိထားစရာပါ။ ၀ဋ္ဆိုတာ သူကေတာ့ ရဟႏာၱ၊ သူကေတာ့ ဘုရားရွင္ျဖစ္တယ္ဆိုျပီး မ်က္နွာလိုက္ရိုးထံုးစံ မရွိပါ။ ဒါေျကာင့္ မိမိျပဳခဲ့ဖူးတဲ့ အလုပ္ေတြကို အထူး ဆင္ျခင္သင့္ပါတယ္။ ငါသူ ့ကိုတခုလုပ္ထားတယ္ တေန ့ငါ့လဲ ငါလုပ္ထား သလိုျပန္ျဖစ္မွာ ပါလားဆိုတဲ့ သတိသံေ၀ဂ အျမဲရွိေနဖို ့လိုပါလိမ့္မယ္။ လုပ္ရဲရင္ခံရဲ ရမယ့္သတၱိေတာ့လိုမွာေပါ့ဗ်ာ။ အလွည့္က်ေတာ့ မႏြဲ ့စတမ္းေပါ့။ အဲ့လို စိတ္မ်ိဳးေလးထားလို ့ အရာရာကို ဆင္ျခင္နိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။
ဒီဘ၀ေတာ့ ငါေကာင္းစားရင္ျပီးတာပဲ ေနာက္ဘ၀မွ အကုန္ခံမယ္ဆိုတဲ့ လူစားမ်ိဳးေတြလဲသတိထားေစခ်င္ပါတယ္။ တခ်ိဳ ့က အခုျဖစ္မွာ မွမဟုတ္ တာ ေပ်ာ္ေပ်ာ္ေန တယ္ဘာျဖစ္လဲ ဆိုတဲ့ လူတန္းစားကလဲ တမ်ိဳးရွိျကျပန္ ပါေသးတယ္။

 အထူး သတိထားေစခ်င္ပါတယ္။ အဲ့လိုလူမ်ိဳးေတြ အေသမေကာင္းျကပါဘူး။ ဘ၀နီဂံုး ေတြကိုျကည့္လိုက္ရင္ မလွပျကပါဘူး။ မ်က္စိေရွ့မွာတင္ ၀ဋ္လည္တယ္ဆိုတာ ဒါမ်ိဳးေတြကို ေျပာတာပါ။ မိတ္ေဆြတို ့ျကံုဖူး ျကားဖူးျက မွာပါ။ ဒါေတြကို ျမင္တတ္ေအာင္ ျကည့္သင့္ပါတယ္။ ဥပမာယူသင့္ပါတယ္။ ဘာလုပ္လုပ္ သူ ့ေနရာမွာငါသာဆိုရင္ ဆိုတဲ့ စိတ္ကိုအျမဲေမြးသင့္ပါတယ္။ ဒါမွလဲေလာကျကီးမွာ ျဗဟၼစိုရ္ ၄ပါး ျဖစ္တဲ ့ ေမတၱာ၊ ကရုဏာ၊ မုဒိတာ၊ ဥေပကၡာ တို ့ထြန္းကားျပီး သာယာျပည့္စံု မွာျဖစ္ပါတယ္။
တရားထူးမရလို ့ အရိယာယ္ ပုဂိၢဳလ္ မျဖစ္နိုင္ေသးရင္ေတာင္ သူေတာ္ေကာင္း တရားေလးေတြ ပြားမ်ားနိုင္ဖို ့လိုပါတယ္။ ဒါမွသာ ေရာက္ရာဘ၀တိုင္းမွာ ပါရမီ တျဖည္းျဖည္းျဖည့္ေနရာေရာက္ပါမယ္။ အဲ့ကတဆင့္ ပါရမီျပည့္ လို ့ကိုကလဲ က်င့္ျကံနိုင္မယ္ဆို အရိယာယ္ ပုဂိၢဳလ္ေတာင္ျဖစ္နိုင္ပါေသးတယ္။ ဒါေျကာင့္ ကံကံ၏ အက်ိဳးကိုလဲ ယံု၊ ၀ဋ္ဆိုတာလည္ တတ္တဲ့သေဘာတရားရွိ တယ္ ဆိုတာလက္ခံတဲ့ လူေကာင္းလူမြန္ လူသူေတာ္ေကာင္း မ်ားျဖစ္ေစ ခ်င္ေျကာင္းပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ေတဇနိယ(အုတ္ဖို)

# Unicode Version ျဖင့္ ဖတ္ပါ #
၀ဋ်ဆိုတာလည်တတ်တယ်ဆိုတာလက်ခံပါသလား။ တစ်နေ့တစ်နေ့ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ သူတပါးပေါ် မကောင်းကြံ မိခဲ့တာလေးတွေ သိလို့ပဲဖြစ်စေ၊ မသိလိုက်ပဲဖြစ်စေရှိနေတတ်ပါတယ်။ ကာယကံ၊ ဝီစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးမှာ မနောကံမြောက် ကာယကံနဲ့၊ မနောကံမြောက် ဝီစီကံတို့ဟာကြောက်ဖို့အကောင်းဆုံးပါ။ ဒါကြောင့်အမှုတမှု ကိုဆုံးဖြတ်တော့မယ်ဆိုရင်တောင် ကြိုတင်ကြံစည်မှုဆိုတာ ပိုပြီးကြီးလေး တတ်ပါတယ်။ ပြောချင်တာကတော့ ဘယ်အမှုကိုပဲ ပြုပြုပါ။ စိတ်ပါလက်ပါနဲ့ သူတပါးကိုမကောင်းမကြံမိပါစေနဲ့။ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ကံဆိုတာအလုပ်ပါ ကိုပြုခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီး တချိန်ကိုပဲပြန်ခံစား၊ စံစားရမှာပါ။ အဲ့တော့ ကိုဘယ်လမ်း လျောက်ခဲ့ဲလဲ ကိုယ်လျောက်ခဲ့တဲ့ လမ်းကို ပဲရောက်မှာပါ။ ဒါက နိယာမတခုပါပဲဆိုတာမမေ့ဖို့လိုပါတယ်။ လူပေါ်လူဇော် လုပ်ပြီး ကိုယ်ကကောင်းစားသွားတော့ကော ကိုယ်၏ ချမ်းသာ ခြင်း တော့ ပြည့်စုံ မယ်၊ စိတ်၏ချမ်းသာခြင်း မပြည့်စုံဘူးဆို တာသင်တို့လက် ခံလား။

တူသော အကျိုးပေးဆိုတာ မြင်တတ်ရင်တွေ့ပါတယ်။ ကိုယ်တွေ့ကော၊ ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစ္ဆာန် လေးတွေအပေါ်မှာ မတရား လုပ်မိခဲ့ရင်တောင် ဝဋ်လိုက်တတ်ပါတယ်။ ငယ်ငယ်က အဖိုးတွေ အဖွားတွေ ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီကောင်လေးတော့ ဝဋ်လိုက်တော့ မှာပဲဆိုတာလေ။ ဝဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲ ဆိုတာ ကိုယ်ပြုခဲ့ တဲ့ ကုသိုလ် အဟုန်ကြီးနေ ရင် တောင်လွတ်နိုင် ပါသေးတယ်။ ကျော်သွားနိုင် ပါသေးတယ်။ ဝဋ်ဆိုတာတော့ မိမိ သံသရာတလျောက် နိဗ္ဗာန် မရောက်ခင် စပ်ကြား အကြားအလပ်မရှိ လိုက်လာတတ်တာပါ။

တန်ခိုးတော်အရာမှာ ဧတဒဂ် ဘွဲ့ရတော်မူထားတဲ့ ရှင်မောဂ္ဂလန် ရဟန္တာ ကိုယ်တော်မြတ်ကြီးတောင် ဝဋ်ကို မကျော်နိုင်သွားပါဘူး။ ပရိနိဗ္ဗာန် စံခါနီး ဒိဌိ တွေလွှတ်လိုက်တဲ့ လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ ပရိနိဗ္ဗာန် ပြုခဲ့ရတာပါ။ တန်ခိုးတော်နဲ့ဒီဟာကို ရှောင်လွှဲလို့ရရဲ့သားနဲ့ ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ် ကိုပြန်လည်ပေးဆပ်ခဲ့ တာပါ။ အတိတ်ဘဝတခုတုန်း က မယားရဲ့ အလိုဆန္ဒကိုလိုက်ကာ မျက်မမြင် မိခင်ဖခင်တို့ကို တောထဲခေါ်ကာ ခိုးသားကြီးယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ ဖူးတဲ့ အတိတ်ဝဋ်ကြွေးကြောင့်ပါ။

ဝဋ်ကြွေးကို မြတ်ဗုဒ္ဓ ဘုရားရှင်တောင် ရှောင်လွှဲလို့မရခဲ့ပါဘူး။ တခုသော ဘဝတွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး ညီငယ် အား ကျောက်ဖြင့် ထုသတ် ခဲ့ဖူးသောအတိတ်ကံ၊ ပစ္စေကဗုဒ္ဓာ အား ကလေး ဘဝတခုတွင် ခြေမတော်ကို ကျောက်ဖြင့် အပျာ်သဘော ပြစ်ခတ်ခဲ့ ဖူးတဲ့ အတိတ်ကံ၊ ပဒေသရာဇ်မင်း ဘဝတခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံ တို့ကြောင့် ဗုဒ္ဓ ဘုရားရှင်ဖြစ်တော် မူသောအခါ ဒေဝဒတ် ၏ကျောက်မောင်းဆင် လုပ်ကြံမှု ကိုခံရခြင်း၊ ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊ ၎င်းဒါဏ်ရာ ကိုဆေးဆရာ ဇိဝက က ဓါးဖြင့်ခွဲစိပ် ကုသ တာကို ခံရခြင်း စတဲ့ဝဋ်ကြွေးတွေကို အစဉ်လိုက ်ပြန်လည် ပေးဆပ်ရပါတယ်။

ဒါကြောင့်ကျတော်တို့လိုပုတုဇဉ်များအတွက်တော့ အထူးသတိထားစရာပါ။ ဝဋ်ဆိုတာ သူကတော့ ရဟန္တာ၊ သူကတော့ ဘုရားရှင်ဖြစ်တယ်ဆိုပြီး မျက်နှာလိုက်ရိုးထုံးစံ မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူး ဆင်ခြင်သင့်ပါတယ်။ ငါသူ့ကိုတခုလုပ်ထားတယ် တနေ့ငါ့လဲ ငါလုပ်ထား သလိုပြန်ဖြစ်မှာ ပါလားဆိုတဲ့ သတိသံဝေဂ အမြဲရှိနေဖို့လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ ရမယ့်သတ္တိတော့လိုမှာပေါ့ဗျာ။ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။ အဲ့လို စိတ်မျိုးလေးထားလို့ အရာရာကို ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒီဘဝတော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘဝမှ အကုန်ခံမယ်ဆိုတဲ့ လူစားမျိုးတွေလဲသတိထားစေချင်ပါတယ်။ တချို့က အခုဖြစ်မှာ မှမဟုတ် တာ ပျော်ပျော်နေ တယ်ဘာဖြစ်လဲ ဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန် ပါသေးတယ်။

 အထူး သတိထားစေချင်ပါတယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်းကြပါဘူး။ ဘဝနီဂုံး တွေကိုကြည့်လိုက်ရင် မလှပကြပါဘူး။ မျက်စိရှေ့မှာတင် ဝဋ်လည်တယ်ဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ မိတ်ဆွေတို့ကြုံဖူး ကြားဖူးကြ မှာပါ။ ဒါတွေကို မြင်တတ်အောင် ကြည့်သင့်ပါတယ်။ ဥပမာယူသင့်ပါတယ်။ ဘာလုပ်လုပ် သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်ကိုအမြဲမွေးသင့်ပါတယ်။ ဒါမှလဲလောကကြီးမှာ ဗြဟ္မစိုရ် ၄ပါး ဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ထွန်းကားပြီး သာယာပြည့်စုံ မှာဖြစ်ပါတယ်။
တရားထူးမရလို့ အရိယာယ် ပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင် သူတော်ကောင်း တရားလေးတွေ ပွားများနိုင်ဖို့လိုပါတယ်။ ဒါမှသာ ရောက်ရာဘဝတိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည့်နေရာရောက်ပါမယ်။ အဲ့ကတဆင့် ပါရမီပြည့် လို့ကိုကလဲ ကျင့်ကြံနိုင်မယ်ဆို အရိယာယ် ပုဂ္ဂိုလ်တောင်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကံကံ၏ အကျိုးကိုလဲ ယုံ၊ ဝဋ်ဆိုတာလည် တတ်တဲ့သဘောတရားရှိ တယ် ဆိုတာလက်ခံတဲ့ လူကောင်းလူမွန် လူသူတော်ကောင်း များဖြစ်စေ ချင်ကြောင်းပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်တေဇနိယ(အုတ်ဖို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top