AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ျမင္းၿခံၿမိဳ႕နယ္ နန္းျမင့္ ေတာင္တြင္ သမီးရည္းစားမ်ား လာေရာက္ခ်ိန္းေတြ႕ျခင္းမျပဳရန္ နန္းျမင့္ေတာင္လယ္ဆရာေတာ္က သတိေပးတားျမစ္ထားသည္။

ျမင္းၿခံႏွင့္ ေတာင္သာနယ္မွ သမီးရည္းစားစံုတြဲမ်ားသည္ နန္း ျမင့္ေတာင္ရွိ ဘုရားပုထိုး၊ ဇရပ္ တန္ေဆာင္းမ်ားႏွင့္ ဆရာေတာ္ ႀကီးမ်ား၏ သမိုင္း၀င္တရားအားထုတ္ရာ ေက်ာက္ဂူ၊ ေျမဂူစေသာ ေနရာမ်ားသို႔

လာေရာက္၍ အျမင္မေတာ္ေသာ ခ်ိန္းေတြ႕ျခင္း၊ မဖြယ္မရာျပဳျခင္းမ်ား ျပဳလုပ္၍ ထုိသို႔မျပဳလုပ္ရန္ အထူးသတိေပးပန္ၾကားေၾကာင္း နန္းျမင့္ေတာင္လယ္ဆရာေတာ္က ဇန္န၀ါရီ ၆ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္သည္။

သမီးရည္းစားမ်ားအေနျဖင့္ နန္းျမင့္ေတာင္ေစာင္းတန္းတစ္ေလွ်ာက္ အေမာေျပနားခိုျခင္းမွအပ ဘုရား၊ တန္ေဆာင္း၊ ဇရပ္၊ ေက်ာင္းႏွင့္ တရားအားထုတ္ရာေက်ာက္ဂူ၊ အုတ္ဂူတို႔၌

ခ်ိန္းေတြ႕ျခင္းမ်ားလံုး၀ခြင့္မျပဳဘဲ အျခားေနရာမ်ားသို႔ သြားေရာက္ရန္ သတိေပး တားျမစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

‘‘အရင့္အရင္အတြဲေတြက တည္းက အဲဒီေနရာေတြမွာ မသန္႔မရွင္းေတြ လုပ္သြားတာေတြရွိ တယ္။ ဂူေတြမွာက ဆရာေတာ္ ႀကီးေတြရဲ႕ သမိုင္းေတြရွိတယ္။ တရားလိုဏ္ဂူေတြရွိတယ္။ အဲဒီ လိုေနရာေတြမွာ မလုပ္သင့္ဘူး’’ ဟု နန္းျမင့္ေတာင္လယ္ဆရာ ေတာ္က မိန္႔ၾကားသည္။

နန္းျမင့္ေတာင္အျပင္ အျခားေရွးေဟာင္းေစတီပုထိုးႏွင့္ ဘုရားမ်ား၊ သာသနာ့နယ္ေျမမ်ားတြင္ လည္း သတိေပးတားျမစ္ရန္ လို အပ္ေနေၾကာင္း ျမင္းၿခံၿမိဳ႕ခံအမ်ဳိး သားတစ္ဦးက ဆိုသည္။

ေနာင္တြင္ ေတြ႕ရွိသမွ်စံုတြဲ မ်ားကို ဗီဒီယိုျဖင့္ မွတ္တမ္းတင္ ကာ ျမင္းၿခံလူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမ်ားတြင္ အတိ အလင္းေဖာ္ျပမည္ဟု အထူးသတိေပးအေၾကာင္းၾကားအပ္သည္ဟု နန္းျမင့္ေတာင္လယ္ ဆရာေတာ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

နန္းျမင့္ေတာင္သည္ ေတာင္သာ-ျမင္းၿခံကားလမ္းေဘးတြင္ တည္ရွိၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ေပ ၁,၃၀၀ ေက်ာ္ျမင့္ မားကာ သဲေက်ာက္ေတာင္ျဖစ္ သည္။ ေတာင္ေပၚတြင္ ဆရာ ေတာ္ႀကီးမ်ား တရားအားထုတ္ခဲ့ ေသာ လိုဏ္ဂူမ်ားတည္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal

# Unicode Version ျဖင့္ ဖတ္ပါ #
မြင်းခြံမြို့နယ် နန်းမြင့် တောင်တွင် သမီးရည်းစားများ လာရောက်ချိန်းတွေ့ခြင်းမပြုရန် နန်းမြင့်တောင်လယ်ဆရာတော်က သတိပေးတားမြစ်ထားသည်။

မြင်းခြံနှင့် တောင်သာနယ်မှ သမီးရည်းစားစုံတွဲများသည် နန်း မြင့်တောင်ရှိ ဘုရားပုထိုး၊ ဇရပ် တန်ဆောင်းများနှင့် ဆရာတော် ကြီးများ၏ သမိုင်းဝင်တရားအားထုတ်ရာ ကျောက်ဂူ၊ မြေဂူစသော နေရာများသို့

လာရောက်၍ အမြင်မတော်သော ချိန်းတွေ့ခြင်း၊ မဖွယ်မရာပြုခြင်းများ ပြုလုပ်၍ ထိုသို့မပြုလုပ်ရန် အထူးသတိပေးပန်ကြားကြောင်း နန်းမြင့်တောင်လယ်ဆရာတော်က ဇန်နဝါရီ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

သမီးရည်းစားများအနေဖြင့် နန်းမြင့်တောင်စောင်းတန်းတစ်လျှောက် အမောပြေနားခိုခြင်းမှအပ ဘုရား၊ တန်ဆောင်း၊ ဇရပ်၊ ကျောင်းနှင့် တရားအားထုတ်ရာကျောက်ဂူ၊ အုတ်ဂူတို့၌

ချိန်းတွေ့ခြင်းများလုံးဝခွင့်မပြုဘဲ အခြားနေရာများသို့ သွားရောက်ရန် သတိပေး တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

‘‘အရင့်အရင်အတွဲတွေက တည်းက အဲဒီနေရာတွေမှာ မသန့်မရှင်းတွေ လုပ်သွားတာတွေရှိ တယ်။ ဂူတွေမှာက ဆရာတော် ကြီးတွေရဲ့ သမိုင်းတွေရှိတယ်။ တရားလိုဏ်ဂူတွေရှိတယ်။ အဲဒီ လိုနေရာတွေမှာ မလုပ်သင့်ဘူး’’ ဟု နန်းမြင့်တောင်လယ်ဆရာ တော်က မိန့်ကြားသည်။

နန်းမြင့်တောင်အပြင် အခြားရှေးဟောင်းစေတီပုထိုးနှင့် ဘုရားများ၊ သာသနာ့နယ်မြေများတွင် လည်း သတိပေးတားမြစ်ရန် လို အပ်နေကြောင်း မြင်းခြံမြို့ခံအမျိုး သားတစ်ဦးက ဆိုသည်။

နောင်တွင် တွေ့ရှိသမျှစုံတွဲ များကို ဗီဒီယိုဖြင့် မှတ်တမ်းတင် ကာ မြင်းခြံလူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာများတွင် အတိ အလင်းဖော်ပြမည်ဟု အထူးသတိပေးအကြောင်းကြားအပ်သည်ဟု နန်းမြင့်တောင်လယ် ဆရာတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နန်းမြင့်တောင်သည် တောင်သာ-မြင်းခြံကားလမ်းဘေးတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁,၃၀၀ ကျော်မြင့် မားကာ သဲကျောက်တောင်ဖြစ် သည်။ တောင်ပေါ်တွင် ဆရာ တော်ကြီးများ တရားအားထုတ်ခဲ့ သော လိုဏ်ဂူများတည်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top