မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လူေတာ္ေတာ္မ်ားမ်ား ခါးနာဖူးၾကပါတယ္ ။အထိုင္မ်ားျပီး ကြန္ပ်ဴတာနဲ႕ အလုပ္လုပ္ရသူေတြဆို ပိုျပီး ၾကံဳရေလ့ ရွိပါတယ္ ။သာမန္အားျဖင့္ အေညာင္းမိလို႔ ခါးနာတာကို ေပါ့ေပါ့တန္တန္ သေဘာထားတတ္ၾကပါတယ္ ။ သို႔ေသာ္ ဘယ္ဘက္ေအာက္နားတဝိုက္ ခါးနာေနျခင္းကေတာ့ အနည္းငယ္ ျပႆနာရွိပါတယ္ ။ ဒီလိုခါးနာေနရျခင္းမွာ အေၾကာင္းအရင္းေတြ ရွိေနပါတယ္ ။

၁။ေက်ာက္ကပ္ေက်ာက္တည္ျခင္း
ေက်ာက္ကပ္မွာ ေက်ာက္တည္တဲ့အခါ ခါးနာတတ္ပါတယ္ ။ ေက်ာက္ကပ္မွာတည္ေနတဲ့ ေက်ာက္ေတြက ဟိုမွဒီ ေရြ႕လ်ားတဲ့အခါ ခါးနာျခင္းကို ျဖစ္ေပၚေစတာပါ ။ ေနာက္ဆက္တြဲ လကၡဏာေတြကေတာ့ မၾကာခဏဆီးသြားျခင္း ၊ ဆီးတြင္းေသြးပါျခင္း ၊ ပ်ိဳ႔အီျခင္း ၊ အန္ျခင္း တို႔ပဲ ျဖစ္ပါတယ္။

၂။အူမၾကီးေရာင္ျခင္း
ဘယ္ဘက္ေအာက္ခါးနာရျခင္းရဲ႕ ေနာက္ထပ္ျဖစ္နိုင္တဲ့ အေၾကာင္းအရင္းကေတာ့ အူမၾကီးေရာင္ျခင္း ျဖစ္ပါတယ္ ။ အူမၾကီးေရာင္ရမ္းျခင္းေၾကာင့္ ဘယ္ဘက္ခါးမွာ နာၾကင္မႈရွိနိင္ျပီး အျခား လကၡဏာရပ္ေတြကေတာ့ ဝမ္းပ်က္ျခင္း ၊ ဝမ္းဗိုက္နာၾကင္ျခင္း နွင့္ ကိုယ္အေလးခ်ိန္က်ဆင္းသြားျခင္းတို႔ပဲ ျဖစ္ပါတယ္ ။

၃။ပန္ကရိယေရာင္ရမ္းျခင္း
ပန္ကရိယ ေရာင္ရမ္းျခင္းေၾကာင့္လည္း ခါးနာနိုင္ပါတယ္ ။ ပန္ကရိယေရာင္ျခင္းေၾကာင့္ ဝမ္းဗိုက္အေပၚပိုင္းနာၾကင္ရာမွ ခါးေအာက္ဘက္အထိ ပ်ံ႔နွံ႕ကာ နာၾကင္မႈကို ျဖစ္ေပၚေစတာပါ ။ ပန္ကရိယေရာင္တဲ့လူနာကေတာ့ ခါးနာျခင္းကို မခံမရပ္နိုင္ေအာင္ ခံစားေနရမွာပါ ။

၄။မီးယပ္ေသြးဆံုးကိုင္ျခင္း
အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆံုးတဲ့ အခ်ိန္မွာလည္း ဘယ္ဘက္ေအာက္ခါးနာတတ္ပါတယ္ ။

၅။ဝမ္းခ်ဳပ္ျခင္း
ဝမ္းခ်ဳပ္ျခင္းေၾကာင့္လည္း ခါးနာနိုင္ပါတယ္ ။ ဝမ္းမခ်ဳပ္ေစရန္ အမ်ွင္ဓါတ္မ်ားေသာ အစားအစာမ်ားစားျခင္း ၊ ေရမ်ားမ်ားေသာက္ျခင္းနွင့္ ပံုမွန္ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer

#Unicode Version#
လူတော်တော်များများ ခါးနာဖူးကြပါတယ် ။အထိုင်များပြီး ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူတွေဆို ပိုပြီး ကြုံရလေ့ ရှိပါတယ် ။သာမန်အားဖြင့် အညောင်းမိလို့ ခါးနာတာကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ် ။ သို့သော် ဘယ်ဘက်အောက်နားတဝိုက် ခါးနာနေခြင်းကတော့ အနည်းငယ် ပြဿနာရှိပါတယ် ။ ဒီလိုခါးနာနေရခြင်းမှာ အကြောင်းအရင်းတွေ ရှိနေပါတယ် ။

၁။ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးနာတတ်ပါတယ် ။ ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေက ဟိုမှဒီ ရွေ့လျားတဲ့အခါ ခါးနာခြင်းကို ဖြစ်ပေါ်စေတာပါ ။ နောက်ဆက်တွဲ လက္ခဏာတွေကတော့ မကြာခဏဆီးသွားခြင်း ၊ ဆီးတွင်းသွေးပါခြင်း ၊ ပျို့အီခြင်း ၊ အန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

၂။အူမကြီးရောင်ခြင်း
ဘယ်ဘက်အောက်ခါးနာရခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းအရင်းကတော့ အူမကြီးရောင်ခြင်း ဖြစ်ပါတယ် ။ အူမကြီးရောင်ရမ်းခြင်းကြောင့် ဘယ်ဘက်ခါးမှာ နာကြင်မှုရှိနိင်ပြီး အခြား လက္ခဏာရပ်တွေကတော့ ဝမ်းပျက်ခြင်း ၊ ဝမ်းဗိုက်နာကြင်ခြင်း နှင့် ကိုယ်အလေးချိန်ကျဆင်းသွားခြင်းတို့ပဲ ဖြစ်ပါတယ် ။

၃။ပန်ကရိယရောင်ရမ်းခြင်း
ပန်ကရိယ ရောင်ရမ်းခြင်းကြောင့်လည်း ခါးနာနိုင်ပါတယ် ။ ပန်ကရိယရောင်ခြင်းကြောင့် ဝမ်းဗိုက်အပေါ်ပိုင်းနာကြင်ရာမှ ခါးအောက်ဘက်အထိ ပျံ့နှံ့ကာ နာကြင်မှုကို ဖြစ်ပေါ်စေတာပါ ။ ပန်ကရိယရောင်တဲ့လူနာကတော့ ခါးနာခြင်းကို မခံမရပ်နိုင်အောင် ခံစားနေရမှာပါ ။

၄။မီးယပ်သွေးဆုံးကိုင်ခြင်း
အမျိုးသမီးများ မီးယပ်သွေးဆုံးတဲ့ အချိန်မှာလည်း ဘယ်ဘက်အောက်ခါးနာတတ်ပါတယ် ။

၅။ဝမ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်းကြောင့်လည်း ခါးနာနိုင်ပါတယ် ။ ဝမ်းမချုပ်စေရန် အမျှင်ဓါတ်များသော အစားအစာများစားခြင်း ၊ ရေများများသောက်ခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top