န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×

Don't ရှောင်ရန်


#Unicode version#
- မုန်လာဥနီ၊ ဂရိတ်ဖရုနှင့် အခြား အမျှဓာတ်ပါသော အသီးများစား ခြင်းဖြင့် အဝလွန်ခြင်းကို တားဆီးနိုင် မည်။
- လမ်းလျှောက်၊ ရေကူး၊ အနှေးပြေး၊ ပြေးခြင်းများ ပြုလုပ်ခြင်းဖြင့် မလို လားအပ်သော အဆီများကို လောင် ကျွမ်းစေသည်။
- အနီရောင်အစားအစာများ၊ အဖြူ ရောင်အစားအစာများက ခန္ဓာကိုယ်မှ လိုအပ်သော ပရိုတိန်းဓာတ်ကို ပေး စွမ်းနိုင်မည်။
- ခန္ဓာကိုယ်ဝိတ်ချသောအချိန်တွင် လုံလောက်စွာအိပ်ခြင်းဖြင့် အားအင် ကုန်ခမ်းခြင်းကို ကာကွယ်ပါ။
- ဆား၊ အငံဓာတ်ကို လျော့စားပါ။
- ဆီကြော်များကိုရှောင်၍ ပြုတ်ထား သောအစားအစာများကိုစားပါ။
- တစ်နေ့လျှင် ရေ (၈) ခွက်မှ (၁၀) ခွက် သောက်ပေးပါ။
Don't ရှောင်ရန်
- လူအတော်များများသည် အဝမ လွန်စေရန် နံနက်စာကို ရှောင်စားကြ သည်။ အမှန်စင်စစ် ဤနည်းသည် ခန္ဓာကိုယ်တွင်းရှိ ရေအလေးချိန် Water weight ကို တိုးစေပြီး ဝိတ် တတ်စေသည်။ သို့ဖြစ်၍ နံနက်စာကို ရှောင်မစားပါနှင့်။
- carbonated နှင့် သကြားများသော အချိုရည်များကို မသောက်ပါနှင့်။
- သဘာဝနှင့် ဆန့်ကျင်သောဆေး ပြားများ၊ ဝမ်းနှုတ်ဆေးများကိုသုံး၍ ကိုယ်အလေးချိန် အမြန်ကျအောင် မလုပ်ပါနှင့်။
- ညစာအဝအပြဲစားခြင်းကို ရှောင် ပါ။ ယင်းသို့စားခြင်းသည် ပေါင်နှင့် ဗိုက်တွင် အဆီများစုပြီး အဝလွန်စေ သည်။
- လိုသည်ထက်ပို၍ စားခြင်း၊ လျော့ ၍ စားခြင်း မပြုလုပ်ရပါ။ နေ့စဉ် စားသုံးသည့် ကယ်လိုရီပမာဏကို ကျန်းမာကြံ့ခိုင်မှုနှင့် သင့်တော်စေရန် သတိမူပါ။
- နို့နှင့် နို့ထွက်ပစ္စည်းများသည် ဝိတ် တက်စေသောကြောင့် cottage cheese မလိုင်၊ ထောပတ်တို့ကို မစားပါနှင့်။

ဖိုးသူတော် (www.phothutaw.com)
Credit: Health Updates Journal
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top