iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာ သမီးေျပာမယ့္အရာကို နားေထာင္ေပးလို႔ရမလား။ သမီးဟာ HIV ေဝဒနာရွင္ပါဆရာ။ သမီး ေကာင္ေလးဆီက ကူးစက္ခံရတာပါ။ အရင္က မိန္းမကိုယ္မွာ ႀကြက္ႏို႔ေပါက္လို႔ ေအာ္ပေရးရွင္းဝင္ခိုင္းရာကေန ေသြးစစ္မွ သိတာပါ။ သိသိခ်င္းက CD4 780 ေက်ာ္ပါတယ္ဆရာ။ အဲ့မွာေဒါက္တာက Immunese တိုက္ပါတယ္ဆရာ။ ေနာက္ ေျခာက္လမွာ ျပန္စစ္ေတာ့ 640 ျဖစ္သြားတယ္ စိတ္ဓာတ္က်တာလည္းပါတယ္ဆရာ။

ေနာက္လကစျပီး အသားမစားဘူး ငါးပဲစားတယ္ဆရာ။ အဲ့မွာေျခာက္လေနျပန္စစ္ေတာ့ 984 ျဖစ္သြားတယ္ဆရာ။ သမီးေျပာခ်င္တာကဆရာ cd4 မ်ားေအာင္ ဘာေတြစားသံုးသင့္ပါသလည္း။ အခုဆရာဝန္က တႏွစ္ေနမွ ျပန္ခ်ိန္းပါတယ္ဆရာ။

သမီးက ႕႕႕႕႕ ကပါဆရာ။ သမီးနာမည္က ႕႕႕႕႕ ပါ။ သမီးစာကို page ေပၚမတင္လို႔ရလားဆရာ။ အသက္က ၂၄ ျပည့္ေတာ့မယ္။ အရမ္းလည္း ေနာင္တရေနပါတယ္။ သူကေတာ့ သမီးကိုယူဖို႔ အခုထိေရွာင္ဖယ္ေနတုန္းပါဆရာ။ သမီးဘဝ တက္လမ္းေတြအားလံုး ပိတ္သြားျပီဆရာ။ ႏိုင္ငံျခားကုမၸဏီမွာဝင္လို႔ မရေတာ့ဘူး။ အခု အလုပ္ေတာင္ ေသြးမစစ္ရလို႔ ေနာင္တခ်ိန္စစ္ရမယ္ ရာထူးအတြက္ဆို ေသျပီဆရာ။ သမီးမိဘေတြလည္း စိတ္ဆင္းရဲရတယ္ဆရာ။

သမီးအရမ္းေႀကာက္တယ္ဆရာ။ မိဘေတြမရွိရင္ တေယာက္ထဲက်န္ခဲ့ရင္ ေရာဂါလကၡဏာေပၚလာရင္ လူကဲ့ရ့ဲခံရမွာ ေႀကာက္လို႔ သူ႔အေပၚတြယ္ကပ္ေနမိပါတယ္။ သူကေတာ့ လူမဆန္စြာျပဳမူေနတုန္းပါပဲဆရာ။ က်န္ရွိေနတဲ့အခ်ိန္ကို တေယာက္ထဲ ျဖတ္သန္းႏိုင္ပါ့မလားဆရာ။ သမီးဘာဆက္လုပ္သင့္ပါသလည္းဆရာ။ သမီးစာေလးကို ျပန္ေရးေပးပါေနာ္။ ေမွ်ာ္လင့္ခ်က္အရမ္းမဲ့ေနလို႔ပါ။ အိမ္ကလည္း စီးပြားေရးအဆင္မေျပဘူးဆရာ။

ဘယ္လိုအခ်ိန္မွာ AIDS ကိုေရာက္ရွိျပီး ေရာဂါလကၡဏာေပၚတတ္ပါလည္းဆရာ။ ဘယ္လို အစားအေသာက္ေတြကို ေရွာင္သင့္ပါလည္းဆရာ။ သမီးေမးခ်င္တာက ေရာဂါမရွိတဲ့လူေသြးထြက္တာကို သမီးတို႔ကထိမိရင္ အဲ့လူကို ကူးစက္ႏိုင္ပါသလားရွင့္။ CD4 တက္ေအာင္ ဘာေတြစားသံုးေပးရပါ့မလည္းရွင့္။

HIV ပိုးပါတဲ့ေသြးက တျခားလူေသြးထဲကိုဝင္မွသာ ကူးစက္ႏိုင္တယ္။ CD4 အတြက္ အစားအေသာက္နဲ႔ မရပါ။ စနစ္တက် ကုသမႈခံယူေနသင့္ပါတယ္။ အစားအေသာက္ လံုေလာက္မွ်တေနရပါမယ္။

ေက်းဇူးတင္ပါတယ္ရွင့္ဆရာ။ သမီးကအခု IMMUNACE တေန႔တလံုးေသာက္ရပါတယ္။ ဒါေပမယ့္ဆရာ တပတ္မွာ ႏွစ္ခါေလာက္ေတာ့ ေသာက္ျပီးျပန္အန္ပါတယ္ဆရာ။ သမီးျပတဲ့ဆရာကိုအျပစ္တင္တာမဟုတ္ပါဘူး။ သမီးအဲ့ဆရာကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ဆရာ သမီးကဆရာဝန္နဲ႔ျပရင္ ငါးမိနစ္ပဲဆရာ။ ဘာမွလည္းေမးလို႔မရဘူး။ က်န္းမာတယ္ ေနာက္ေျခာက္လမွျပန္လာအဲ့လိုပဲေျပာတယ္ဆရာ။ သမီး CD4 သမီးွာေသမေလာက္ေႀကာက္ပါတယ္ဆရာ။ ေရယံုေတြ ထြက္မွာေကာဆရာ။ သမီးေကာင္ေလးကေတာ့ တခါထြက္ျပီးျပီဆရာ။ သမီးေဆးမွတ္တမ္းကို ပို႔ေပးထားပါ့မယ္ဆရာ။ သမီးကိုကူညီျပီး ရွင္းျပေပးလို႔ ေက်းဇူးအရမ္းတင္ပါတယ္။ သမီးစိတ္ထဲမွာ အျမဲမြန္းႀကပ္ေနလို႔ပါ။ အခုလို ျပန္စာပို႔ေပးတာပဲ ေက်းဇူးႀကီးလွပါျပီဆရာ။ ဆရာေရးတဲ့ေဆာင္းပါးေတြလည္း ဖတ္ပါတယ္။ သမီးေလ ဆရာနဲ႔ အျပင္မွာ ေတြ႔ဆံု ေဆြးေႏြးခြင့္ရရင္ ေတြ႔ခ်င္ပါတယ္ဆရာ။

ဆရာက ျမန္မာျပည္ထဲမွာ မေနရပါ။

ဆရာ သမီးအသက္ေလးဆယ္ထိေတာင္ ေနရပါ့မလားဆရာ။သမီးအရမ္းမိုက္ခဲ့ပါတယ္။ သမီးမိဘကို ေက်းဇူးဆပ္ခဲ့ျပီးမွ ေသခ်င္ပါတယ္ဆရာ။

ေဆးကုေနရင္ အၾကာၾကီးေနၾကပါတယ္။ စိတ္ကို အျပဳသေဘာေဆာင္ပါ။ စနစ္တက်ေဆးကုသမႈခံယူပါ။

ကာကြယ္ေဆးအားလံုးေတာ့ ထိုးထားပါတယ္ဆရာ။ အခုလည္း လူကဘာမွကိုမျဖစ္ဘူးဆရာ။ ႏွာေစးေခ်ာင္းဆိုးပဲရွိတယ္ ပင္ပန္းရင္ လူကနည္းနည္းေတာ့က်သြားတယ္ဆရာ ျပီးရင္ျပန္တတ္လာပါတယ္။ လံုးဝပိန္က်သြားတာမ်ိဳးေတာ့ မရွိပါဘူးဆရာ။

ဟုတ္

ဆရာ့ကို အကူညီတခုေလာက္ေတာင္းခ်င္လို႔ပါ။ ဆရာသမီးလိုအျဖစ္မ်ိဳး တျခားမိန္းကေလးေတြ မျဖစ္ရေအာင္လို႔ ဗဟုသုတနဲ႔အသိေပးေဆာင္းပါးေလး ေရးေပးေစခ်င္ပါတယ္ဆရာ။ အခြင့္ေရးယူတာမဟုတ္ပါဘူးဆရာ။ ေနာင္တ ဆိုတဲ့အတိုင္း ေနာင္မွစိတ္ဆင္းရဲရမွာစိုးလို႔ပါ။ သမီးလိုအျဖစ္မ်ိဳးမျဖစ္ေစခ်င္လို႔ပါ။ အခုက living together ေတြ အရမ္းေပါမ်ားေနလို႔ပါဆရာ။ သမီးဘဝလို သူမ်ားေတြကိုမျဖစ္ေစခ်င္လို႔ပါ။ ေနာင္ဘဝဆိုတာရွိခဲ့ရင္ အခုလိုအျဖစ္မ်ိဳးနဲ႔ ကင္းလြတ္ခ်င္ပါတယ္ဆရာ။ ဝဋ္ရွိသ၍ ဒီဘဝအျပီးခံသြားခ်င္ပါတယ္ဆရာ။ အရမ္းေက်းဇူးတင္ပါတယ္ဆရာ။

ေမးတာ-ေျဖတာကို Facebook မတင္ေစခ်င္ဘူးလို႔ေရးတာ မွန္ပါသလား။ နာမည္စတာ မပါေစရပါ။

ဟုတ္ နာမည္မထည့္ရင္ရပါတယ္ဆရာ။ သမီးေက်နပ္ပါတယ္။ သမီးေႀကာင့္တျခားလူေတြ ဆင္ျခင္မိမယ္ဆို သမီး ဝမ္းသာပါတယ္ဆရာ။

အိုေက။ အထက္ကအတိုင္း တင္လိုက္မယ္။ က်န္းမာပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာတင့္ေဆြ

# Unicode Version ျဖင့္ ဖတ္ပါ #
 ဆရာ သမီးပြောမယ့်အရာကို နားထောင်ပေးလို့ရမလား။ သမီးဟာ HIV ဝေဒနာရှင်ပါဆရာ။ သမီး ကောင်လေးဆီက ကူးစက်ခံရတာပါ။ အရင်က မိန်းမကိုယ်မှာ ကြွက်နို့ပေါက်လို့ အော်ပရေးရှင်းဝင်ခိုင်းရာကနေ သွေးစစ်မှ သိတာပါ။ သိသိချင်းက CD4 780 ကျော်ပါတယ်ဆရာ။ အဲ့မှာဒေါက်တာက Immunese တိုက်ပါတယ်ဆရာ။ နောက် ခြောက်လမှာ ပြန်စစ်တော့ 640 ဖြစ်သွားတယ် စိတ်ဓာတ်ကျတာလည်းပါတယ်ဆရာ။

နောက်လကစပြီး အသားမစားဘူး ငါးပဲစားတယ်ဆရာ။ အဲ့မှာခြောက်လနေပြန်စစ်တော့ 984 ဖြစ်သွားတယ်ဆရာ။ သမီးပြောချင်တာကဆရာ cd4 များအောင် ဘာတွေစားသုံးသင့်ပါသလည်း။ အခုဆရာဝန်က တနှစ်နေမှ ပြန်ချိန်းပါတယ်ဆရာ။

သမီးက့ ကပါဆရာ။ သမီးနာမည်က့ ပါ။ သမီးစာကို page ပေါ်မတင်လို့ရလားဆရာ။ အသက်က ၂၄ ပြည့်တော့မယ်။ အရမ်းလည်း နောင်တရနေပါတယ်။ သူကတော့ သမီးကိုယူဖို့ အခုထိရှောင်ဖယ်နေတုန်းပါဆရာ။ သမီးဘဝ တက်လမ်းတွေအားလုံး ပိတ်သွားပြီဆရာ။ နိုင်ငံခြားကုမ္ပဏီမှာဝင်လို့ မရတော့ဘူး။ အခု အလုပ်တောင် သွေးမစစ်ရလို့ နောင်တချိန်စစ်ရမယ် ရာထူးအတွက်ဆို သေပြီဆရာ။ သမီးမိဘတွေလည်း စိတ်ဆင်းရဲရတယ်ဆရာ။

သမီးအရမ်းကြောက်တယ်ဆရာ။ မိဘတွေမရှိရင် တယောက်ထဲကျန်ခဲ့ရင် ရောဂါလက္ခဏာပေါ်လာရင် လူကဲ့ရဲ့ခံရမှာ ကြောက်လို့ သူ့အပေါ်တွယ်ကပ်နေမိပါတယ်။ သူကတော့ လူမဆန်စွာပြုမူနေတုန်းပါပဲဆရာ။ ကျန်ရှိနေတဲ့အချိန်ကို တယောက်ထဲ ဖြတ်သန်းနိုင်ပါ့မလားဆရာ။ သမီးဘာဆက်လုပ်သင့်ပါသလည်းဆရာ။ သမီးစာလေးကို ပြန်ရေးပေးပါနော်။ မျှော်လင့်ချက်အရမ်းမဲ့နေလို့ပါ။ အိမ်ကလည်း စီးပွားရေးအဆင်မပြေဘူးဆရာ။

ဘယ်လိုအချိန်မှာ AIDS ကိုရောက်ရှိပြီး ရောဂါလက္ခဏာပေါ်တတ်ပါလည်းဆရာ။ ဘယ်လို အစားအသောက်တွေကို ရှောင်သင့်ပါလည်းဆရာ။ သမီးမေးချင်တာက ရောဂါမရှိတဲ့လူသွေးထွက်တာကို သမီးတို့ကထိမိရင် အဲ့လူကို ကူးစက်နိုင်ပါသလားရှင့်။ CD4 တက်အောင် ဘာတွေစားသုံးပေးရပါ့မလည်းရှင့်။

HIV ပိုးပါတဲ့သွေးက တခြားလူသွေးထဲကိုဝင်မှသာ ကူးစက်နိုင်တယ်။ CD4 အတွက် အစားအသောက်နဲ့ မရပါ။ စနစ်တကျ ကုသမှုခံယူနေသင့်ပါတယ်။ အစားအသောက် လုံလောက်မျှတနေရပါမယ်။

ကျေးဇူးတင်ပါတယ်ရှင့်ဆရာ။ သမီးကအခု IMMUNACE တနေ့တလုံးသောက်ရပါတယ်။ ဒါပေမယ့်ဆရာ တပတ်မှာ နှစ်ခါလောက်တော့ သောက်ပြီးပြန်အန်ပါတယ်ဆရာ။ သမီးပြတဲ့ဆရာကိုအပြစ်တင်တာမဟုတ်ပါဘူး။ သမီးအဲ့ဆရာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ဆရာ သမီးကဆရာဝန်နဲ့ပြရင် ငါးမိနစ်ပဲဆရာ။ ဘာမှလည်းမေးလို့မရဘူး။ ကျန်းမာတယ် နောက်ခြောက်လမှပြန်လာအဲ့လိုပဲပြောတယ်ဆရာ။ သမီး CD4 သမီးှာသေမလောက်ကြောက်ပါတယ်ဆရာ။ ရေယုံတွေ ထွက်မှာကောဆရာ။ သမီးကောင်လေးကတော့ တခါထွက်ပြီးပြီဆရာ။ သမီးဆေးမှတ်တမ်းကို ပို့ပေးထားပါ့မယ်ဆရာ။ သမီးကိုကူညီပြီး ရှင်းပြပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်။ သမီးစိတ်ထဲမှာ အမြဲမွန်းကြပ်နေလို့ပါ။ အခုလို ပြန်စာပို့ပေးတာပဲ ကျေးဇူးကြီးလှပါပြီဆရာ။ ဆရာရေးတဲ့ဆောင်းပါးတွေလည်း ဖတ်ပါတယ်။ သမီးလေ ဆရာနဲ့ အပြင်မှာ တွေ့ဆုံ ဆွေးနွေးခွင့်ရရင် တွေ့ချင်ပါတယ်ဆရာ။

ဆရာက မြန်မာပြည်ထဲမှာ မနေရပါ။

ဆရာ သမီးအသက်လေးဆယ်ထိတောင် နေရပါ့မလားဆရာ။သမီးအရမ်းမိုက်ခဲ့ပါတယ်။ သမီးမိဘကို ကျေးဇူးဆပ်ခဲ့ပြီးမှ သေချင်ပါတယ်ဆရာ။

ဆေးကုနေရင် အကြာကြီးနေကြပါတယ်။ စိတ်ကို အပြုသဘောဆောင်ပါ။ စနစ်တကျဆေးကုသမှုခံယူပါ။

ကာကွယ်ဆေးအားလုံးတော့ ထိုးထားပါတယ်ဆရာ။ အခုလည်း လူကဘာမှကိုမဖြစ်ဘူးဆရာ။ နှာစေးချောင်းဆိုးပဲရှိတယ် ပင်ပန်းရင် လူကနည်းနည်းတော့ကျသွားတယ်ဆရာ ပြီးရင်ပြန်တတ်လာပါတယ်။ လုံးဝပိန်ကျသွားတာမျိုးတော့ မရှိပါဘူးဆရာ။

ဟုတ်

ဆရာ့ကို အကူညီတခုလောက်တောင်းချင်လို့ပါ။ ဆရာသမီးလိုအဖြစ်မျိုး တခြားမိန်းကလေးတွေ မဖြစ်ရအောင်လို့ ဗဟုသုတနဲ့အသိပေးဆောင်းပါးလေး ရေးပေးစေချင်ပါတယ်ဆရာ။ အခွင့်ရေးယူတာမဟုတ်ပါဘူးဆရာ။ နောင်တ ဆိုတဲ့အတိုင်း နောင်မှစိတ်ဆင်းရဲရမှာစိုးလို့ပါ။ သမီးလိုအဖြစ်မျိုးမဖြစ်စေချင်လို့ပါ။ အခုက living together တွေ အရမ်းပေါများနေလို့ပါဆရာ။ သမီးဘဝလို သူများတွေကိုမဖြစ်စေချင်လို့ပါ။ နောင်ဘဝဆိုတာရှိခဲ့ရင် အခုလိုအဖြစ်မျိုးနဲ့ ကင်းလွတ်ချင်ပါတယ်ဆရာ။ ဝဋ်ရှိသ၍ ဒီဘဝအပြီးခံသွားချင်ပါတယ်ဆရာ။ အရမ်းကျေးဇူးတင်ပါတယ်ဆရာ။

မေးတာ-ဖြေတာကို Facebook မတင်စေချင်ဘူးလို့ရေးတာ မှန်ပါသလား။ နာမည်စတာ မပါစေရပါ။

ဟုတ် နာမည်မထည့်ရင်ရပါတယ်ဆရာ။ သမီးကျေနပ်ပါတယ်။ သမီးကြောင့်တခြားလူတွေ ဆင်ခြင်မိမယ်ဆို သမီး ဝမ်းသာပါတယ်ဆရာ။

အိုကေ။ အထက်ကအတိုင်း တင်လိုက်မယ်။ ကျန်းမာပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top