ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×





Credit: TinNaingTun

# Unicode Version ဖြင့် ဖတ်ပါ #
၂၆/၁/၂၀၁၈ ရက်နေ့(၁၀)နာရီ အချိန်ခန့်က ဒေါ်———သည် ရေဥက္ကံဈေးတွင်ဈေးရောင်းသွားရာမှ နေအိမ်သို့ပြန်လည်ရောက်ရှိပြီးနောက် သမီးဖြစ်သူ မ———-(၈)နှစ် အိမ်သာတက်စဉ် သမီးဖြစ်သူ မ——–၏မိန်းမကိုယ်မှ သွေးများထွက်နေသည်ကို မြင်တွေ့ရသဖြင့် မေးမြန်းကြည့်ရာ ၂၄/၁/၂၀၁၈ ရက်နေ့ နံက်၀၇:၀၀ အချိန်ခန့်က မိဘများအိပ်ပျော်နေစဉ် နေအိမ်မှ လှိ ုင်သာယာမြို့နယ် အောင်မြေသာယာဘုရားအနီးတဝိုက်တွင် ဘုရားဖူးလာသူများထံ မုန့်ဖိုး/ပိုက်ဆံတောင်းရန် ထွက်သွားရာသည်။

ထို့နောက် ၎င်းနေ့ နေ့လည် ၁၂:၀၀နာရီ အချိန်ခန့်တွင် လှိ ုင်သာယာမြို့နယ်( ၆)ရပ်ကွက်-အောင်မြေသာယာ ဘောလုံးကွင်းအနီး၌ရှိနေစဉ် ရပ်ကွက်အတွင်း မြင်တွေ့သိရှိနေသူ ကုလားဆိုသူမှ မုန့်ဝယ်ကျွေးမည်ပြောသဖြင့် ၎င်းခေါ်ရာနောက်သို့လိုက်သွားရာ ကုလားမှ မ—–(၈)နှစ်အား အောင်မြေသာယာ ဘောလုံးကွင်းဝန်း ချုံပုတ် တစ်ခုအတွင်းသို့ ခေါ်သွားခဲ့သည်။

ပြီးနောက် အလိုမတူပဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်လိုက်ကြောင်း နှင့် မည်သူကိုမျှပြန်မပြောရန် ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မ——-အား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ ကုလား(ခ)အောင်မျိုးသူ(ခ)အောင်မျိုးထွန်း (၂၅)နှစ် အမှတ်/ မရှိ ကျူး-အောင်ဘောဂလမ်း-(၇)ရပ်ကွက်-လှိ ုင်သာယာနေသူအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့သည်။

ထို့ကြောင့် လှိ ုင်သာယာမြို့မရဲစခန်းမှ စခန်းမှ ူး ဒုရဲမှ ူးဝင်းနိုင်(အမှ ုစစ်)-နယ်ထိန်း တကမြင့်ဇော်ဦးတို့ အဖွဲ့မှ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ လှိ ုင်သာယာမြို့နယ်-(၆)ရပ်ကွက်- အောင်မြေသာယာဘုရားတွင် ဖမ်းဆီးရမိခဲ့ပြီး ကုလား(ခ)အောင်မျိုးသူ(ခ)အောင်မျိုးထွန်း(၂၅)နှစ်အား လှိ ုင်သာယာမြို့မရဲစခန်းမှ(ပ) ၃၄၉/၂၀၁၈-ရာဇသက်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: TinNaingTun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top