iMyanmarHouse.com - Best Property Website for Myanmar
×

အသက္မျပည့္ေသး သည့္ မိန္းကေလးငယ္အား ခိုးယူေပါင္းသင္းသည့္ အသက္(၃၀) ေက်ာ္ အမ်ိဳးသားကို ပုဒ္မႏွစ္ခုျဖင့္ ေထာင္ဒဏ္ ၁၃ ႏွစ္ ခ်မွတ္ခဲ့ ေၾကာင္း ရန္ကုန္အေရွ႕ပိုင္း ခ႐ိုင္ တရား႐ံုး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါအမႈကို ရန္ကုန္အ ေရွ႕ပိုင္းခ႐ိုင္တရား႐ံုး ဒုတိယ ခ႐ိုင္တရားသူႀကီး (၁၄) က တာဝန္ယူစစ္ေဆးၿပီး ဒီဇင္ဘာ ၂၉ ရက္တြင္  အမိန္႔ခ်မွတ္ခဲ့ေၾကာင္း အထက္ပါပုဂၢိဳလ္က ေျပာသည္။

မိန္းကေလးငယ္ကို ခိုးယူ ေပါင္းသင္းခဲ့သည့္ တရားခံ သန္းမင္းစိုး (ခ)စိုးေလးကို လူခိုးမႈပုဒ္မ ၃၆၃ ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္သံုးႏွစ္၊ သားမယားျပဳက်င့္မႈပုဒ္မ ၃၇၆ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ႏွင့္ ျပစ္ဒဏ္ႏွစ္ရပ္ သီးျခားက်ခံေစရန္    အမိန္႔ခ်မွတ္ခဲ့ေၾကာင္း ၎က ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၇ ေဖေဖာ္ဝါ ရီ ၁၉ ရက္က သာေကတၿမိဳ႕နယ္ စက္မႈလက္မႈရပ္ကြက္ေန အသက္(၁၅)ႏွစ္အရြယ္ မိန္းကေလး၏အဘြားျဖစ္သူက ေစ်းသြားဝယ္ခုိင္းစဥ္ ၎ႏွင့္ ခ်စ္ႀကိဳက္ေနသူႏွင့္ ခိုးရာလိုက္ေျပးခဲ့သည္။

တရားခံ သန္းမင္းစိုး(ခ)စိုး ေလးသည္  မိန္းကေလးငယ္ကို ဧရာဝတီတိုင္း ဘိုကေလးၿမိဳ႕ရွိ ေနအိမ္သို႔ ေခၚေဆာင္ကာ သားမ ယားအျဖစ္ ဆက္ဆံခဲ့သျဖင့္ သားမယားျပဳက်င့္မႈပုဒ္မ ၃၇၆၊ လူခိုးမႈပုဒ္မ ၃၆၃ ျဖင့္   သာေကတနယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အသက်မပြည့်သေး သည့် မိန်းကလေးငယ်အား ခိုးယူပေါင်းသင်းသည့် အသက်(၃၀) ကျော် အမျိုးသားကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ ကြောင်း ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး (၁၄) က တာဝန်ယူစစ်ဆေးပြီး ဒီဇင်ဘာ ၂၉ ရက်တွင်  အမိန့်ချမှတ်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မိန်းကလေးငယ်ကို ခိုးယူ ပေါင်းသင်းခဲ့သည့် တရားခံ သန်းမင်းစိုး (ခ)စိုးလေးကို လူခိုးမှုပုဒ်မ ၃၆၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်၊ သားမယားပြုကျင့်မှုပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ပြစ်ဒဏ်နှစ်ရပ် သီးခြားကျခံစေရန်    အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ဖေဖော်ဝါ ရီ ၁၉ ရက်က သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်နေ အသက်(၁၅)နှစ်အရွယ် မိန်းကလေး၏အဘွားဖြစ်သူက ဈေးသွားဝယ်ခိုင်းစဉ် ၎င်းနှင့် ချစ်ကြိုက်နေသူနှင့် ခိုးရာလိုက်ပြေးခဲ့သည်။

တရားခံ သန်းမင်းစိုး(ခ)စိုး လေးသည်  မိန်းကလေးငယ်ကို ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ နေအိမ်သို့ ခေါ်ဆောင်ကာ သားမ ယားအဖြစ် ဆက်ဆံခဲ့သဖြင့် သားမယားပြုကျင့်မှုပုဒ်မ ၃၇၆၊ လူခိုးမှုပုဒ်မ ၃၆၃ ဖြင့်   သာကေတနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top