AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×

# ZawGyiဖြင့်ဖတ်ရန် #

မနေ့ညက ဆေးရုံကြီးက Emergency ရောက်သွားသေးတယ် ရုတ်တရက်ကြီး ရင်ကြပ်ပြီး အသက်ရှူလို့ မရတော့ တာနဲ့ တ်ာသေးတယ် ဆေးရုံကြီးက အိမ်နဲ့ ၃ မိနစ်ဆိုရောက်လို့….






Credit: Thandar Hlaing

# Unicode Version ဖြင့် ဖတ်ပါ #
# ZawGyiဖြင့်ဖတ်ရန် #

မနေ့ညက ဆေးရုံကြီးက Emergency ရောက်သွားသေးတယ် ရုတ်တရက်ကြီး ရင်ကြပ်ပြီး အသက်ရှူလို့ မရတော့ တာနဲ့ တာ်သေးတယ် ဆေးရုံကြီးက အိမ်နဲ့ ၃ မိနစ်ဆိုရောက်လို့….

အမှန် တကယ့်လူနာက ယောက်ကျားလေ… မနေ့နေ့လည်က ခွဲခန်းထဲ ဝင်ရတာက သူ…. အိမ်က ခွေး၂ ကောင် ကိုက်တာကို ဇောနဲ့ ဆွဲလိုက်တာ ဘယ်လောက်တောင် လက်ကအား ပြင်းလဲ မသိဘူး လက်ချောင်းတွေ အဆစ်ချော်လွဲပြီး လက်ချောင်းက အရိုးလေးတွေ ကြေတောင် သွားတယ် မနေ့က သူခွဲစိတ်ပြီး လက်ချောင်းမှာ သံချောင်းတွေရော ကြယ်သီးနဲ့ အပ်ချည်ကြိုးတွေနဲ့ ထွက်လာပြီး တော်တော်နာနေလို့ သားအမိ၂ယောက် သူ့ကိုဝိုင်းပြီး ပြုစုနေတဲ့ အချိန် ညလယ်ကျမှ ကိုယ်က ထပြီး ရင်ကြပ်ပါလေရော…

ဆရာဝန်ငယ်ငယ်ချောချောလေးတွေ အများကြီးပဲ ကိုယ့်ကို ဝိုင်းပြီ ဂရုစိုက်ပေးတဲ့ ဆရာဝန် ညီမချောချောလေးတွေကို ကျွန်မရဲ့ workshop မှာ အချိန်ရတာနဲ့ နီးနီးလေးမို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လာလုပ်ဖို့ ဖိတ်ခဲ့တယ်…..

အော်ဆေးရုံဆေးခန်းဆိုတာ သွားရမယ့်ကံပါရင် ကြံဖန်ပြီး ဖြစ်လာတာပါလား။ နေ့လည်က သူခွဲတဲ့ ပုဂ္ဂလိက ဆေးရုံမှာ ဘယ်လောက် ဈေးကြီးသလဲဆိုတာ ကိုယ့်တွေ့ပဲလေ… ညကျတော့ ဒီဆေး၊ ဒီအရာတွေကိုပဲ အစိုးရက တစ်ပြားမှ မကုန်အောင် ပံ့ပိုးပြီး လိုလေသေးမရှိအောင် ဖြည့်စည်းပေးထားတာ မြင်ရတော့ ကိုယ့်နိုင်ငံကိုယ် လေးစားချီကျူးမိတယ်… ရှောင်လွဲလို့ မရ မသွားမနေ သွားရတဲ့လူတွေ များနေတဲ့ ဒီလို နေရာတွေမှာ လိုအပ်တာတွေ ဖြည့်စည်းပေးနိုင်အောင် လှူဖို့က အင်မတနိ အရေးကြီးပါလားဆိုတာ တွေမိလာတယ်….

ကျွန်မနဲ့အတူ လှူကြရအောင် ပါချင်တဲ့သူတွေ ရှိရင် မန့်သွားပါ။ ဒီနေ့တော့ မပူကြပါနဲ့ အခု ရှူတင်မှာ ရိုက်နေတယ် စာတောင်ရေးပြီး ပုံတင်နိုင်တယ်ဆိုတော့ နေလုံးဝကောင်းသွားလို့ပေါ့နော်။

အိမ်ကချစ်ချစ် ကတော့ အဆင်သင့်ကူပေးမယ့် အရွယ်ရောက် ပြီးသား ကလေးတွေနဲ့ အိမ်မှာ ကျန်ခဲ့လေရဲ့… သူကံကောင်းတယ်နော် အမတို့ အခုမှသာ စပြီး ကလေးမွေးမယ်ဆိုရင် အချိန်ယူရအုံးမှာ… အခုတော့ ready made ခလေး၂ယောက်နဲ့ သူများအချိန်ယူပြီးမှ လုပ်လို့ရတဲ့ အလုပ်တွေ သူက အကုန်ကျော်ပြီး လုပ်လို့ ရနေပြီ

ဖိုးသူတော် (www.phothutaw.com)
Credit: Thandar Hlaing
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top